စိတ်အေးကြည်သာ ဒီသင်္ချာ - သုတ(ရွှေမဟာ)

စိတ်အေးကြည်သာ ဒီသင်္ချာ - သုတ(ရွှေမဟာ)
မတ် 11, 2015
By Tachileik News Agency

ဒီနေ့တော့ ၂၀၁၅ခုနှစ် မတ်လ(၁၃)ရက် သောကြာနေ့မှာ ဖြေဆိုရမဲ့ သင်္ချာဘာသာရပ်ကို အောင်မှတ်ဘယ်လို ရယူသင့်တယ်ဆိုတာ အကြံပေးပါရစေ။

စိတ်အေးကြည်သာ ဒီသင်္ချာ - သုတ(ရွှေမဟာ)

ပြဌာန်းစာအုပ်မှာ သင်္ချာနဲ့ပတ်သက်ပြီး အခန်း(Chapter )12 ခန်း သတ်မှတ်ထားပါတယ်။
ဒါတွေက....

  • Chapter (1) Function.
  • Chapter (2) The remainder theorem and the factor theorem.
  • Chapter (3) The Binomial Theorem.
  • Chapter (4) Inequations.
  • Chapter (5) Sequences and Series.
  • Chapter (6) Matrices.
  • Chapter (7) Probability.
  • Chapter (8) Circles.
  • Chapter (9) Areas of similar triangles.
  • Chapter (10) Introduction to Vectors and Transformation Grometry.
  • Chapter (11) Trigonometry.
  • Chapter (12) Calculus.

တို့ ဖြစ်ပါတယ်။ ဒီအခန်းလိုက် မေးတဲ့ အမှတ်စဉ်တွေ၊ ရနိုင်တဲ့ အမှတ်တွေကိုရှင်းပြချင် ပါတယ်။

သချာင်္မေးခွန်းမှာ...
Section(A) (၂၅) မှတ်။
Section(B) (၁၅) မှတ်။
Section(C) (၆၀) မှတ် ဆိုပြီး အမှတ်(၁၀၀) သတ်မှတ်ထားပါတယ်။
ကျောင်းသား၊ ကျောင်းသူ တော်တော်များများဟာ Chapter( 1 မှ 7 ) အထိသာ အဓိကထား လေ့ကျင့်ကြတော့ ဒီအပိုင်းတွေ အတွက်ရနိုင်တဲ့ အမှတ်တွေ တွက်ပြပြီး အောင်မှတ်ရအောင် ဘယ်လို ဖြေသင့်တယ်ဆိုတာ အကြံပြုပါရစေ။

Chapter (1) ကို Section(A)မှာ (2)ပုဒ်-(၂)မှတ်
Section(B)မှာ (1)ပုဒ်-(၃)မှတ်
Section(C)မှာ (2)ပုဒ်-(၁၀)မှတ် ဖြစ်တဲ့အတွက် Chapter(1)ကိုပိုင်နိုင်
ရင်(၁၅)မှတ် ရနိုင်ပါတယ်။ ဒီပုဒ်စာတွေတွက်တဲ့ အခါ lnverse function နဲ့ Binary operation ပုဒ်စာတွေဟာ မပါမဖြစ်ပါမှာမို့ သေသေချာချာ တွက်ထားစေချင်ပါတယ်။

Chapter (2) ကို Section(A)မှာ (2)ပုဒ်-(၂)မှတ်
Section(B)မှာ(1)ပုဒ်-(၃)မှတ်
Section(C)မှာ(1)ပုဒ်-(၅)မှတ် သတ်မှတ်ထားတဲ့ အတွက် Chapter(2)
အတွက်(၁၀)မှတ် ရနိုင်ပါတယ်။ ဒါပေမဲ့ Section(B)မှာ Chapter(1) ပုဒ်စာနဲ့  (or)ခံ မေးထားပါတယ်။ဒါကြောင့် ဒီနှစ်ခန်းအတွက် ရမှတ်(၂၂)မှတ်ဖြစ်ပါတယ်။

Section(B)မှာ remainder ဆိုရင် Section (C) မှာFactor ဖြစ်တဲ့အတွက် နှစ်မျိုးလုံး အပိုင်ကြည့်ရပါမယ်။
Chapter(3) ကိုSection (A)မှာ (2)ပုဒ်-(၂)မှတ်
Section (C)မှာ (1)ပုဒ်-(၅)မှတ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် Chapter(3)အတွက် (၇)မှတ်ရနိုင်ပါတယ်။
Binomial Theorem အတွက်အကျယ်ဖွင့်ရော (r+1)th term ရော ကျွမ်းကျင်မှုရှိအောင်
လေ့ကျင့်သင့်ပါတယ်။
Chapter(4)ကို Section(A)မှာ (2)ပုဒ်-(၂)မှတ်
Section(C)မှာ(1)ပုဒ်-(၅)မှတ် သတ်မှတ်ထားလို့  Chapter(4)အတွက်
(၇)မှတ်ရနိုင်ပါတယ်။

ဒီအခန်းကို လေ့လာရင် Graphical method ရော Algebraic method ရော သုံးတတ်အောင် လေ့ကျင့်ပါ။ ဘာနဲ့ တွက်ပါလို့ မပါရင် အားသန်ရာနဲ့ တွက်ပါ။ သတ်မှတ်ချက် ပါလာရင်တော့ သတ်မှတ်ချက်အတိုင်း ဖြေမှအမှတ်ရပါမယ်။

နှစ်ခုလုံးကျွမ်းကျင်ပြီး သတ်မှတ် ချက်မပါရင် Algebraic method ဟာ ပုံအတွက် အမှားအယွင်း ပိုကင်းနိုင်ပါတယ်။

Chapter(5) ကို Section(A)မှာ(3)ပုဒ်-(၃)မှတ်
Section(B)မှာ(1)ပုဒ်-(၃)မှတ်
Section(C)မှာ(2)ပုဒ်-(၁၀)မှတ် သတ်မှတ်တဲ့ အတွက် ဒီအခန်းမှာ
(၁၆)မှတ်ရနိုင်ပါတယ်။

AP ရော GP ပါရမှဖြစ်ပါမယ်။ AP,GP အရောပုဒ်စာလည်း လေ့ကျင့်ထားပါ။
AP,GP ပုံသေနည်းတွေဖြစ်တဲ့ Un,Sn,A.M,G.M တွေ၊ အစဉ်လိုက်ဖြစ်သောကိန်း(3)လုံး၊
ကိန်း(4)လုံး၊ ကိန်း(5)လုံးတွေကို သိထားရပါမယ်။

အမှတ်အများဆုံးလည်းရသလို စဉ်းစားရတဲ့ အခန်းမို့ အလေးအနက်ထားပါ။
Chapter(6)ကို Section(A) မှာ(2)ပုဒ်-(၂)မှတ် Section(C)မှာ(2)ပုဒ်-(၁၀)မှတ် ဖြစ်တဲ့အတွက် ဒီအခန်းမှာ(၁၂)မှတ်ရပါတယ်။

ဒီအခန်းက လွယ်ကူတဲ့ အတွက်အထွေအထူးပြောစရာ မရှိပါဘူး။
CommutatI've law ဖြစ်တဲ့ A+B =B+A
Associative law for matrix additionဖြစ်တဲ့
( A+B) +C = A+ (B+C)
Associative law for matrix multiplication ဖြစ်တဲ့
(A B) C = A (B C)
Distributive law ဖြစ်တဲ့
A ( B +C) =A B + A C တို့ ကိုသိထားသင့်ပါတယ်။

Chapter (7) ကို Section(A) မှာ(2)ပုဒ်-(၂)မှတ်
Section (C) မှာ(1) ပုဒ်- (၅)မှတ်ဖြစ်တဲ့ အတွက် ဒီအခန်းအတွက် (၇)မှတ် သတ်မှတ်ထားပါတယ်။
ဒီအခန်းက မေးခွန်းဖတ်တတ် အဓိပ္ပာယ် ပြန်တတ်ရင် မခက်ပါဘူး။

Tree diagram,Two dice are rolled, Two--three are chosen နဲ့ ဆိုင်တဲ့ပုဒ်စာတွေပါ။
ဒါကြောင့် Chapter(1 to 7) အထိသာ တွက်မဲ့ ကလေးတွေအနေနဲ့ အတိအကျဖြေနိုင်ရင်
(၇၁)မှတ် ရပါလိမ့်မယ်။

ဒါပေမဲ့ ဒီ (7)ခန်းမှာ ဟိုအခန်းလွှတ်၊ ဒီအခန်းလွှတ် လုပ်လို့ မရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ Section(C) ပုဒ်စာတွေမှာ

  • မေးခွန်းအမှတ်စဉ် 8(a) Chapter(2), 8(b) Chapter(3).
  • မေးခွန်းအမှတ်စဉ် 9(a) Chapter (4), 9(b) Chapter (5).
  • မေးခွန်းအမှတ်စဉ် 10(a) Chapter(5), 10(b) Chapter(6).
  • မေးခွန်းအမှတ်စဉ် 11(a) Chapter(6), 11(b) Chapter(7)

ဆိုပြီး အခန်းတွေရောထားပါတယ်။

ဒါကြောင့် ဘယ်အခန်းမှ လွှတ်မကိုင်ပါနဲ့။ စာဖြေပြီဆိုရင် Section(C) ကိုစဖြေပါ။ ပြီးမှ Section(B) ၊ ဒါတွေပြီးမှ Section(A) ကို တွက်စေချင်ပါတယ်။ မှာချင်တာက Section(A) အတွက် အချိန်ရရင် တွက်ပြီးမှ အဖြေထည့်ပါ။ အချိန်မရတော့မှ ထင်မြင်ရာကို မှန်းထည့်ခဲ့ပါ။ မရဘူးဆိုပြီး အလွတ်မထားခဲ့ပါနဲ့။ရမ်းထည့်ခဲ့တဲ့ အတွက်ကံကောင်းရင် မှန်တတ်ပါတယ်။

သင်္ချာတွက်ရင် အဆင့်မကျော်ပါနဲ့။ အဆင့်ဆင့် သက်ဆိုင်ရာ ပုံသေနည်းထည့်တွက်ပါ။
အဆင့်ကျော်ပြီး အဖြေမှန်လည်း အမှတ်ကောင်းကောင်း မရတတ်ပါ။ အဖြေမရပေမဲ့ အဆင့် လိုက်တွက်ရင် အမှတ်ကောင်း ရနိုင်ပါတယ်။ သင်္ချာမဖြေမီ ညမှာအိပ်ရေးသိပ် မပျက်ပါစေနဲ့ ။ သင်္ချာကဥာဏ်ရွှင်နေဖို့ လိုပါတယ်။

ကလေးအားလုံး အပြုံးပန်းများ နေ့တိုင်းဆင်နိုင်ပါစေ။

သုတ(ရွှေမဟာ)
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~ကြော်ငြာ~~~~~~~