အောင်မှတ်ယူပါ အင်္ဂလိပ်စာ - သုတ(ရွှေမဟာ)

အောင်မှတ်ယူပါ အင်္ဂလိပ်စာ - သုတ(ရွှေမဟာ)
မတ် 10, 2015
By Tachileik News Agency

ဒီနေ့တော့ ၂၀၁၅ခုနှစ် မတ်လ(၁၂)ရက် ကြာသပတေးနေ့မှာ ဖြေဆိုရမယ့် အင်္ဂလိပ်စာဘာသာရပ် အတွက် အမှတ်ရယူနိုင်တာလေးတွေ ဆွေးနွေးချင်ပါတယ်။

အောင်မှတ်ယူပါ အင်္ဂလိပ်စာ   -  သုတ(ရွှေမဟာ)

အင်္ဂလိပ်စာ မေးခွန်းမှာ အကြမ်းအားဖြင့် မေးခွန်း အမှတ်စဉ် (IX)အထိ ရှိပါတယ်။ ဒီမေးခွန်းတွေထဲက မေးခွန်း အမှတ်စဉ် (I,II,III,IV,V,VII,B)တို့ဟာ ပြဌာန်းစာအုပ်ထဲမှာပါတဲ့ UNIT(14)ခု၊ ကဗျာ(၇)ခုကို ကောက်နှုတ်ပြီး မေးတာဖြစ်ပါတယ်။

ဒါကြောင့်ပြဌာန်းစာအုပ် အပိုင်းကိုဘဲ အမှတ်(၆၀)သတ်မှတ် ထားပါတယ်။ ဒါကြောင့် ပြဌာန်းစာအုပ် အပိုင်းကို အမှတ်ရအောင်ဘယ်လို လေ့လာထားသင့်တယ်ဆိုတာ ဦးဆုံးဆွေးနွေးပါရစေ။

မေးခွန်း အမှတ်စဉ်(I)မှာ (A)နဲ့(B)ဆိုပြီး အပိုင်းနှစ်ပိုင်းကို မေးထားပါတယ်။ မေးခွန်း အမှတ်စဉ် (I,A)ဟာ ကွက်လပ်ဖြည့်ဖြစ်ပြီး၊ (I,B)ကတော့ မေးခွန်းတိုဖြစ်ပါတယ်။ ဒီမေးခွန်းတွေ အတွက် Unit(14)ခုထဲက စာပိုဒ်တစ်ခု (သို့မဟုတ်)နှစ်ခုပေးထားပါတယ်။ မေးခွန်းနဲ့ အံဝင်အောင် ဖြေနိုင်ဖို့ဘဲလိုပါတယ်။

မေးခွန်းအမှတ်စဉ် (I,A)ကို ဖြေတဲ့အခါ စာပိုဒ်ထဲမှာ ရှိတာဘဲဆိုပြီးတွေ့တာကို ကောက်မထည့်ပါနဲ့ဦး။ စာပိုဒ်ထဲက Noun ပုံစံပေးထားပေမယ့် Verb ပုံစံ၊ Adjective ပုံစံ၊ Adverb ပုံစံ အဖြေမျိုး ဖြေစေချင်တာ ရှိနိုင်ပါတယ်။ နောက်ပြီး Active ပုံစံပေးထားပြီး Passive ပုံစံဖြေရတာရှိပါတယ်။ ဒါကြောင့် Sentence ကို သေသေချာချာဖတ်ပြီးမှ အဖြေကို ရေးပါ။

မေးခွန်းအမှတ်စဉ် (I,B)ဟာ မေးခွန်းတိုဖြစ်ပါတယ်။ Sentence တစ်ကြောင်းတည်းနဲ့ လိုရင်းကို ဖြေရမှာပါ။ ဒီအတွက်လည်း စာပိုဒ်ထဲကမှာ တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက် အဖြေရှိပြီးသားပါ။ ဒါကို ဖြေတော့မယ် ဆိုရင် တွေ့တာကို ကူးမချပါနဲ့။ စာပိုဒ်ထဲမှာ တိုက်ရိုက်ရေးနိုင်တဲ့ စင်းလုံးချောအဖြေမရှိတာ သေချာပါတယ်။

အများအားဖြင့် Active ပုံစံကို Passive ပြောင်းပြီး ဖြေခိုင်းတတ်ပါတယ်။
ဥပမာ.........
Unit(1) The Calender မှာ “Scientists in Egypt made a calender” လို့စာပိုဒ်မှာ ပေးထားပေမယ့် မေးခွန်းမှာ “By whom was the first calender made?လို့မေးရင် “The first calendar was made by scientists in Egypt.”လို့ ဖြေမှ မှန်မှာပါ။

နောက်ပြီး အဖြေကို လိုရင်းဘဲဖြေပါ။ စာပိုဒ်တစ်ခုလုံးပြန်ကူးသလို မဖြစ်ပါစေနဲ့။ ပိုဖြေမိရင် ရမှတ်ထဲက ပြန်လျှော့တတ်ပါတယ်။

ဥပမာ...  ၂၀၀၃ ခုနှစ် ရန်ကုန်တိုင်းမေးခွန်းမှာ “What has happened during the last few years?” လို့ Unith(5)ကို မေးသွားတယ်။

ဒါကို “During the last few years, there has been an enormous increase in the number of shops, stores and supermarkets.လို့ ဖြေရင် မှန်ကန်ပြည့်စုံပေမယ့် တစ်ချို့က “Which provide facilities for self-service”လို့ ဆက်ဖြေတော့ အမှတ်တစ်ဝက်ပြန်လျှော့ခံရပါတယ်။ ဒါကြောင့် တိကျစွာဖြေပါ။ *(10)မှတ်ရဖို့မခက်ပါဘူး။

မေးခွန်း အမှတ်စဉ်(II)က “Fill in the numbered blank” ဆိုတဲ့ Close type ပါ။ ပေးထားတဲ့ စာလုံး(၂၀)ကို နံပါတ်နဲ့ပေးထားတဲ့ ကွက်လပ်မှာ မှန်ကန်အောင်ဖြည့်ရတာပါ။ Unit (14) ခုထဲက စာပိုဒ်ကိုဘဲ ရွေးချယ်မေးတာမို့ Unit တွေကို အခေါက်ခေါက်အခါခါ ကျက်မှတ်ထားတဲ့ သူတွေအတွက် အမှတ်ပြည့်ရနိုင်တဲ့ မေးခွန်းပါ။

ဒါပေမယ့် ဒီလိုမလုပ်ခဲ့တဲ့ ကလေးတွေ အနေနဲ့ ပေးထားတဲ့ စာလုံး(၂၀)ကို Noun, Pronoun, Adjective, Verb, Adverb နဲ့ Conjunction တွေကို ရွေးပါ။ ပြီးရင် စာပိုဒ်ထဲမှာရှိနေတဲ့ Sentence အလိုက် လိုအပ်တာတွေဖြည့်ပါ။ Full stop နဲ့ဆုံးထားရင် အစ စကားလုံးကို အကြီးနဲ့ ရေးထားတာ ရွေးရမယ်ဆိုတာ မမေ့ပါနဲ့။

*ဒါဆို မေးခွန်းအမှတ်စဉ် (II)အတွက် (၁၀)မှတ်ရဖို့ သိပ်မခက်ပါဘူး။
မေးခွန်း အမှတ်စဉ်(III)အတွက် (၁၀)မှတ်ရဖို့ သိပ်မခက်ပါဘူး။
မေးခွန်း အမှတ်စဉ်(III)က ကွက်လပ်ဖြည့်ပါ။ အမှတ်စဉ်(1,5)ထိက Unit ထဲက ကွက်လပ်ဖြည့်ဖြစ်ပြီး မေးခွန်းဟောင်းကို လေ့ကျင့်ရင်ရပါတယ်။ အသစ်ထပ်မေးလေ့မရှိပါဘူး။ မေးခွန်းအမှတ်(၆ မှ ၁၀)ထိဟာ ကဗျာ(၇)ပုဒ်ထဲက စာကြောင်း(၅)ကြောင်းကို ကွက်လပ်ဖြည့်ရတာဖြစ်ပါတယ်။ ကဗျာတွေကို ရေးကျက်သူတွေ အတွက် အမှတ်ပြည့်ရနိုင်ပါတယ်။

စာလုံးပေါင်းမမှားအောင် ရေးကျက်ထားပါ။ ဒါကြောင့် မေးခွန်း(III)မှာ အနည်းဆုံး (၇)မှတ်တော့ ရသင့်ပါတယ်။ မေးခွန်းအမှတ်စဉ်(IV)ကတော့ ရည်မှန်းချက်ကြီးတဲ့ ကလေးတွေအတွက် အမှတ်သာနိုင်တဲ့ အပိုင်းပါ။

မေးခွန်းငယ်(၁ နဲ့ ၂) ဟာ Unit တွေထဲက မေးခွန်းတွေဖြစ်ပါတယ်။ မှီငြမ်းပြုစရာ ပေးမထားပါဘူး။ ဒါကြောင့် နှစ်စကတည်းက တစိုက်မတ်မတ် ရေးကျက်ခဲ့တဲ့ ကလေးတွေပဲ ရနိုင်ပါတယ်။

မေးခွန်းဟောင်းကို လေ့ကျင့်ရင် လုံလောက်ပါတယ်။ မေးခွန်းငယ် (၃နဲ့၎)က Unit ခေါင်းစဉ်မေးတာပါမယ်။ It,Which, Who, That အစရှိတာတွေရဲ့ အညွှန်းပြု စာလုံးကို မေးမယ်။ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို မေးပါတယ်။ မေးခွန်းငယ်(၅)ကတော့ ပေးထားတဲ့ ကဗျာစာပိုဒ်ကို အဓိပ္ပါယ်ဖွင့်ခိုင်းတာပါ။

ဒီအပိုင်းအတွက် အမှတ်ပြည့်ရဖို့ မလွယ်ပါဘူး။ အစကတည်းက ကြိုးစားမှုရှိတဲ့သူသာ ရမှတ်ကောင်း ရနိုင်ပါတယ်။ မေးခွန်းအမှတ်စဉ် (V)ကတော့ Unit တွေထဲက စာပိုဒ်ပေးထားပြီး မေးတာပါ။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့်ရနိုင်ပါတယ်။ မေးထားတာကို သေသေချာချာစဉ်စားဖြေပါ။

တစ်ပိုဒ်နှစ်မှတ်ဆိုတာ (၅)ပိုဒ်မှာရတဲ့ ဆယ်မှတ်ဟာ မနည်းလှပါဘူး။ မေးခွန်း (VI)က Punctuation ပါ။ Sentence တစ်ကြောင်းမှာ ပြည့်စုံမှန်ကန်တဲ့ စကားလုံး တည်ဆောက်ပြရတာပါ။ ပေးမှတ်က (၅)မှတ်ဖြစ်ပြီး စာကြောင်း တစ်ခုမှန်ရင် တစ်မှတ်ရပါတယ်။ ဒါပေမယ့် စာကြောင်း တစ်ခုမှာ သုံးပုံနှစ်ပုံမှန်ရင် တစ်မှတ်ရပါတယ်။

မှတ်သားဖို့က ၀ါကျအစ စာလုံးကြီး၊ အမည်တွေကအစ စာလုံးကြီး၊ အမျိုးအစားတူတွေကြား Comma(,) ခံ မေးခွန်းဆိုရင် Question Mark(?)ထည့် Direct Speech ပုံစံဆိုရင် Said ရဲ့နောက်မှာ Comma(,)ထည့် ပြီးရင် မျက်တောင်အဖွင့်အပိတ်ကြားပြောစကားထည့်၊ ၀ါကျဆုံးရင် Full Stop(.)နဲ့ပိတ်ပေါ့။
Said to ဆိုရင်တော့ အပြောခံကို တွဲရေးပြီးမှ Comma(,)ခံရမှာမမေ့ပါနဲ့။ ဒါကြောင့် မေးခွန်း အမှတ်စဉ်(VI)မှာ (၅)မှတ်အပြည့်ရနိုင်ပါတယ်။

မေးခွန်းအမှတ်စဉ် (VII,A)ဟာ Grammar. ပုံစံပြောင်းအပိုင်းပါ။ မတူညီတဲ့ အမျိုးအစား ဆယ်မျိုးမေးပါတယ်။

အဓိက Direct to Indirect, Active, Passive, There is no...that/ Who...not, Nosooner...than, Without, After, If...Unless, Although.. Inspite of, So..that ..such ... that, too...to..enough..to, Both...and, Not only...but also တို့ကိုတော့ လေ့လာထားသင့်ပါတယ်။

ဒါမှ မေးခွန်း(VII,A)မှာ အနည်းဆုံး (၅)မှတ်လောက်ရသင့်ပါတယ်။ မေးခွန်းအမှတ်စဉ်(VII,B)ဟာ Paragrah writing ပါ။ Unith ထဲက အကြောင်းအရာကို အချက်အလက်ပေးထားပြီး စာပိုဒ်တစ်ပိုဒ် ရေးခိုင်းတာပါ။ နှစ်ပုဒ်ပေးထားပါတယ်။ ဒါပေမယ့် အပိုဒ်မခွဲရပါဘူး။ ဒါကလည်း Unith တွေကို ကျေညက်ပြီးသားကလေးတွေရနိုင်ပါတယ်။ အကောင်းဆုံး အဖြေနိုင်ရင်(၇)မှတ်ထိ ရနိုင်ပါတယ်။

ကျန်တဲ့ မေးခွန်းအမှတ်စဉ် (VIII)Letter writing နဲ့ အမှတ်စဉ် (IX)Essays အကြောင်းတွေတော့ မပြောတော့ပါဘူး။ ပြဌာန်းစာအုပ်ကိုသာ အပိုင်လေ့လာပါ။ အောင်မှတ်ရဖို့ မခက်ကြောင်း ပြောချင်ပါတယ်။

စိတ်အေးအေးထားဖြေပြီး။ အချိန်ရရင် ဖြေပြီးသားကို ပြန်စစ်ပါ။ အပုဒ်စေ့ဖြေပါ။ စာရှိရင် အမှတ်ရနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။

*ကျောင်းသူကျောင်းသား အားလုံး ရွှင်လန်းချမ်းမြေ့ အောင်ပန်းထွေးပွေ့နိုင်ပါစေ...

သုတ(ရွှေမဟာ)
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~ကြော်ငြာ~~~~~~~