နှစ်(၅၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနား တာချီလိတ်၌ကျင်းပ

နှစ်(၅၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနား တာချီလိတ်၌ကျင်းပ
အောက်တိုဘာ 1, 2014
By Tachileik News Agency

နှစ်(၅၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်းက အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သော သ၀ဏ်လွှာကိုဖတ်ကြားသည်။

ယင်းနောက် မှုခင်းဖော်ထုတ်မှုနှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့လုပ်ငန်းများအား ကူညီဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဇနီး ဒေါ်မေသူထွန်းက နေအိမ် လိုင်းခန်း သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးမွေးမြူရေးတို့တွင် ဆုရရှိသူ မိသားစုဝင် ဇနီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

သတင်း ။  ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~