တာချီလိတ်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၁၁ ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်မည်

တာချီလိတ်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၁၁ ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်မည်
ဇူလိုင် 8, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝီလ်ဆင်မိုး နှင့်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းတို့ ဦးဆောင်မှုဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၃/၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ( ၁၁-၇-၂၀၁၄) ရက်၊ သောကြာနေ့၊နံနက်(၉)နာရီတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်သွားရန်အတွက် ယနေ့ ဇူလိုင်လ(၈)ရက် နံနက်ပိုင်းတွင် ပြည်ခိုင်ဖြိုးရုံးတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ဇူလိုင်လ(၁၁)ရက်နေ့တွင် ဂုဏ်ပြုဆုလာရောက်ယူကြမည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာဝတ်စုံကို ၀တ်ဆင်နိုင်သော်လည်း မိမိရိုးရာတိုင်းရင်းသားဝတ်စုံဝတ်ဆင်လျှင် ပိုမိုသင့်တော်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းဆွေးနွေးသွားသည်။

ဂုဏ်ပြုဆု အခမ်းအနားပြီးနောက် နေ့လည်စာ ကြက်ဆီထ္မင်း၊ ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးမှာ ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီကော်မတီများနှင့် စည်းရုံးရေးမှူးများမှ အခမ်းအနားအသုံးပြုရန် ဘတ်(၂)သောင်းအား လှူဒါန်းခဲ့ပြီး လိုအပ်သည်များကိုလည်း ပါတီမှ အကုန်ကျခံပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အောင်မြင်သူ ကျောင်းသား(၄၅)ဦး၊ ကျောင်းသူ(၈၂)ဦး၊ စုစုပေါင်း(၁၂၇)ဦးရှိကြောင်းနှင့် စာရင်းပေးရန် ကျန်ရှိနေသည့် ကျောင်းသား/သူများသည်လည်း ဦးအောင်ဖြိုးရှိန်
(သူရိယ)သင်္ကန်းတိုက် နှင့် ပြည်ခိုင်ဖြိုးပါတီရုံးသို့ လာရောက်သတင်းပို့နိုင်သေးကြောင်းသိရှိရသည်။

သတင်း။  ။ သာစည်မျိုးသန့်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~ ကြော်ငြာ ~~~~~~~~