"တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ ၂၇ကြိမ်မြောက် ဆီးဂိမ်းမြန်မာ ၂၀၁၃ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ် မှ နေပြည်တော်သို့ ခရီးရှည် စတင်ထွက်ခွာ

"တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ ၂၇ကြိမ်မြောက် ဆီးဂိမ်းမြန်မာ ၂၀၁၃ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ် မှ နေပြည်တော်သို့ ခရီးရှည် စတင်ထွက်ခွာ
ဒီဇင်ဘာ 1, 2013
By Tachileik News Agency
မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း မြန်မာ ၂၀၁၃ ပြိုင်ပွဲအား ကြိုဆိုဂုဏ်ပြု ထောက်ခံသောအားဖြင့် တာချီလိတ်မြို့ရှိ "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အင်အား ၃၀ ကျော်တို့ဖြင့် တာချီလိတ် မှ နေပြည်တော်ထိ မိုင်ရှည်ခရီး စီးနင်းမှုကို ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁)ရက် နံနက်(၆)နာရီအချိန်က တာချီလိတ်မြို့ မှ စတင်၍ ထွက်ခွာသွားပြီဖြစ်ပါသည်။

ထိုသို့ မထွက်ခွာမီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် သက်ဆိုင်ရာ အကြီးအကဲများ အပါအ၀င် အဆိုပါ စက်ဘီးစီးနင်းအဖွဲ့အား main sponsor အဖြစ် ထိုင်းဘတ်ငွေ ၄၆၀၀၀ တန်ဖိုးရှိသည့်  ၀တ်စုံ အစုံ ၄၀ နှင့် ရန်ပုံငွေ ကျပ် ၅ သိန်း အပါအ၀င် စပွန်ဆာအအေး (၁၀)ဖာ ထောက်ပံ့ပေးထားသော အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး အဆွေတော်မိသားစုတို့မှ လာရောက် အားပေးကြပြီး နေပြည်တော်သို့ ခရီးဦးထွက်သည့် အထိမ်းအမှတ်အဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင် ဦးတင်လှိုင်တို့မှ ဖဲကြိုးဖြတ် ဂုဏ်ပြုခဲ့ကြသည်။

"တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"အား တာချီလိတ်မြို့၏ ပထမဆုံးသော (၂၄)နာရီ အထူးကုဆေးခန်းဖြစ်သည့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ main sponsor အဖြစ် ထောက်ပံ့ကူညီသလို ကိုကာကိုလာ ကုမ္ပဏီမှလည်း main sponsor အဖြစ် ထောက်ပံ့ကူညီကြောင်း သိရသည်။

အဆိုပါ စက်ဘီးအဖွဲ့အနေဖြင့် တာချီလိတ်မှစတင်၍ ခရီးစဉ်တစ်လျှောက် ရပ်နားမည့် စခန်းများမှာ တာချီလိတ်-ကျိုင်းတုံ (၁၀၀)မိုင်၊ ကျိုင်းတုံ - မိုင်းပြင်း (၈၃)၊ မိုင်းပြင်း - ကွန်ဟိန်း (၅၄)မိုင်၊ ကွန်ဟိန်း - လွိုင်လင် (၈၂)မိုင်၊ လွိုင်လင် - တောင်ကြီး (၅၈)မိုင်၊ တောင်ကြီး - ပင်လောင်း (၈၄)မိုင် နှင့် ပင်လောင်း - နေပြည်တော် (၉၅)မိုင်၊ မိုင်ရှည်စုစုပေါင်း တာချီလိတ်မှ နေပြည်တော်ထိ ၅၅၆မိုင် စီးနင်းကြမှာဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အခုသွားမဲ့ 'တာချီလိတ် ရှမ်းအရှေ့အသင်း'ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကတော့ ရှမ်း(အရှေ့)အသင်းရဲ့ ကိုယ်စားပြု မြန်မာလက်ရွေးစင် စက်ဘီးသမား စိုင်းအောင်ခမ်းကိုလည်း ဂုဏ်ပြုအားပေးတဲ့အနေနဲ့ရော၊ နေပြည်တော်မှာ ပြုလုပ်မဲ့ (၂၇)ကြိမ်မြောက် ၂၀၁၃ ဆီးဂိမ်း မြန်မာကိုလည်း အားပေးထောက်ခံတဲ့ အနေနဲ့ရော ကျွန်တော်တို့ စက်ဘီးစီးအဖွဲ့ဟာ တာချီလိတ် ကနေ နေပြည်တော်အထိ မိုင်ရှည် ရက်ရှည် စီးနင်းကြမှာဖြစ်ပါတယ်"ဟု ခရီးစဉ်တွင် လိုက်ပါမည့်  "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အဖွဲ့ခေါင်းဆောင် တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ပုံများကိုကြည့်ရန်
ရှမ်းအရှေ့ စက်ဘီးအဖွဲ့ အစီး ၃၀ကျော် နေပြည်တော်သို့ စတင်ထွက်ခွာ

62 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~