တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များမှ (၄၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရုံအတွင်း သန့်ရှင်းရေးပြုလုပ်

တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များမှ (၄၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရုံအတွင်း သန့်ရှင်းရေးပြုလုပ်
စက်တင်ဘာ 26, 2012
By Tachileik News Agency
အောက်တိုဘာ(၁)ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ (၄၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုများက တာချီလိတ်မြို့ ပြည်သူ့ဆေးရုံအတွင်းမှာ သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။
ဆေးရုံအတွင်း ချုံခုတ်၊ မြက်ရှင်း၊ အမှိုက်လှဲ စသည်ဖြင့် သန့်ရှင်းရေး လုပ်ကြရာမှာ (ခေတ္တ)တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင် နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သိန်းထွန်းဦး တို့ အပါအ၀င် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနဲ့ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်မိသားစုများ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။

 တာချီလိတ်ခရိုင်/မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုများအပါအ၀င် အင်အား (၂၀၀)ခန့်ဟာ စက်တင်ဘာ(၂၆)ရက်နေ့ နံနက်(၆)နာရီကနေ နံနက်(၈)နာရီထိ ဆေးရုံအတွင်း သန့်ရှင်းရေးလုပ်ကာ လုပ်အားပေးခဲ့ကြောင်း သိရှိရပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်လိုလျှင်