Update News

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသား (၃)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃)ရက္ေန႔ ေန႔လယ္(၁၁)နာရီခြဲက လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ယေန႔လႊႊဲေျပာင္းလာသည့္ အမ်ိဳးသား(၃)ဦးကို ျမန္မာႏုိင္ငံဖက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရး ေကာ္မတီ (CNCMC )ေကာ္မတီ၀င္မ်ားက စိစစ္လက္ခံႀကိဳဆိုၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၃၁)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၄၃၇) ဦးႏွင့္ အမ်ိဳးသမီး (၂၀၄)ဦး၊ ကေလး (၂၂)ဦး စုစုေပါင္း (၆၆၃)ဦးရိွခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္


~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
****************
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၃)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲက လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

ယနေ့လွှွှဲပြောင်းလာသည့် အမျိုးသား(၃)ဦးကို မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီဝင်များက စိစစ်လက်ခံကြိုဆိုကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၄၃၇) ဦးနှင့် အမျိုးသမီး (၂၀၄)ဦး၊ ကလေး (၂၂)ဦး စုစုပေါင်း (၆၆၃)ဦးရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ #မြို့နယ်ထွေအုပ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::