ကျိုင်းတုံမြို့ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေးစခန်းရှေ့တွင် ခရီးသည်တစ်ဦးထံက ဘိန်းဖြူ(၁)ဂရမ် တွေ့ရှိ ဖမ်းဆီး

ကျိုင်းတုံမြို့ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေးစခန်းရှေ့တွင် ခရီးသည်တစ်ဦးထံက ဘိန်းဖြူ(၁)ဂရမ် တွေ့ရှိ ဖမ်းဆီး
သြဂုတ် 1, 2018
By Tachileik News Agency



ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုင်းလားဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံက ဘိန်းဖြူ(၁)ဂရမ်ကို သြဂုတ်လ (၁)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေးစခန်းရှေ့ လမ်းမပေါ်၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် စစ်ဆေးနေစဉ် မိုင်းလားဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အတွင်း ရှာဖွေရာ ခရီးသည်တစ်ဦးဖြစ်သည့် စိုင်းအွန်၏ ဘောင်းဘီအိတ် အတွင်း စီးကရက်ဗူးခွံဖြင့် ထည့်သွင်း ယူဆောင်လာသည့် ဘိန်းဖြူ (၁)ဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအွန်ကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၄၁/၂၀၁၈၊ မူး/စိတ် ၁၆(၈)အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~