က်ဳိင္းတံုၿမိဳ႕တြင္ ညီအစ္ကို ႏွစ္ဦးထံက စိတ္ၾကြေဆးျပား (၅၀)ျပား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕တြင္ ညီအစ္ကို ႏွစ္ဦးထံက စိတ္ၾကြေဆးျပား (၅၀)ျပား ဖမ္းဆီးရမိ
သြဂုတ် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မိုင္းေနာ/ဖာတေက်းရြာအုပ္စု၊ ဖားငင္(၁)ေက်းရြာရွိ ေနအိမ္တစ္လံုးအား ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၅၀)ျပားႏွင့္အတူ ညီအစ္ကို(၂)ဦးကို ဖမ္းဆီး ရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ  ဖားငင္(၁)ေက်းရြာမွ ေနအိမ္ တစ္လံုးကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၀)ရက္ေန႔ ည(၁၀)နာရီခြဲ ဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ အားေခါႏွင့္အတူ ညီျဖစ္သူ ေမာင္ဝင္းျဖဴတို႔အား ေနအိမ္ အိပ္ခန္းအိပ္ယာေပၚတြင္ ထုိင္ေနသည္ကို ေတြ႔ရၿပီး အိပ္ယာခင္းေအာက္မွ စိတ္ၾကြေဆးျပား (၂၉)ျပားႏွင့္ ေမာင္ဝင္းျဖဴ၏ ေဘာင္းဘီအိတ္အတြင္းမွ စိတ္ၾကြေဆးျပား(၂၁)ျပား စုစုေပါင္း စိတ္ၾကြေဆးျပား (၅၀)ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပား(၅၀)ႏွင့္အတူ ဖမ္းဆီးရမိသည့္ အားေခါႏွင့္ ေမာင္ဝင္းျဖဴတို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၄၉/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၁ အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းနော/ဖာတကျေးရွာအုပ်စု၊ ဖားငင်(၁)ကျေးရွာရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၅၀)ပြားနှင့်အတူ ညီအစ်ကို(၂)ဦးကို ဖမ်းဆီး ရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဖားငင်(၁)ကျေးရွာမှ နေအိမ် တစ်လုံးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ ည(၁၀)နာရီခွဲ ဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ အားခေါနှင့်အတူ ညီဖြစ်သူ မောင်ဝင်းဖြူတို့အား နေအိမ် အိပ်ခန်းအိပ်ယာပေါ်တွင် ထိုင်နေသည်ကို တွေ့ရပြီး အိပ်ယာခင်းအောက်မှ စိတ်ကြွဆေးပြား (၂၉)ပြားနှင့် မောင်ဝင်းဖြူ၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား(၂၁)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၅၀)ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြား(၅၀)နှင့်အတူ ဖမ်းဆီးရမိသည့် အားခေါနှင့် မောင်ဝင်းဖြူတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၄၉/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~