ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ား၏ ဗူးတံခါးအလြန္ဓါတ္ပံုျပပြဲ ဇူလိုင္လ ၈ ရက္ေန႔ စတင္ျပသမည္

ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ား၏ ဗူးတံခါးအလြန္ဓါတ္ပံုျပပြဲ ဇူလိုင္လ ၈ ရက္ေန႔ စတင္ျပသမည္
ဇူလိုင် 7, 2018
By 🌸
နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား၏ ေထာင္မွလြတ္ေျမာက္ၿပီး အေျခအေနမ်ားကို ႏိုင္ငံေရးအက်ဥ္းသားမ်ား အျမင္မွထင္ဟပ္ျပသမည့္ ဗူးတံခါးအလြန္ဓါတ္ပံုျပပြဲကို နိုင္ငံေရးအက်ဥ္းသားေဟာင္း ဓာတ္ပုံဆရာမ်ားက ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၈)ရက္ေန႔ ေန႔လယ္(၂)နာရီတြင္ ရန္ကုန္ၿမိဳ႕ရိွ HCPP နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားေဆးခန္း၌ ဖြင့္ပြဲျပဳလုပ္ၿပီး စတင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

“နိုင္ငံေရးအက်ဥ္းသားေတြဆိုလို႕ အမ်ားႀကီးေတာ့ ေမွ်ာ္လင့္မထားေစခ်င္ဘူး။ သိတဲ့အတိုင္းပဲ သမၼတႀကီးကေနစ ၿပီး လမ္းေဘးမွာ သူေတာင္းစားသာသာေနရတဲ့ လူထိရိွတာပဲ။ တစ္ခ်ိန္တုန္းက ကိုယ္က်ိဳးစြန္႕ အနစ္နာခံၿပီး အခု  လူပါးဝေနတဲ့သူေတြလည္းရိွတာပဲ။ ဒီလိုပဲ ႀကံဳရာက်ပန္းလုပ္ၿပီး ေနထိုုင္ရွာေဖြ စားေသာက္ေနရတဲ့သူေတြက အမ်ားစုပါ။"ဗူးတံခါးအလြန္"ဟာေထာင္နဲ႔ခ်ီတဲ့ အျဖစ္အပ်က္မ်ားထဲက လက္တစ္ဆုပ္စာမွ်ေသာ အျဖစ္အပ်က္မ်ားျဖစ္တဲ့ လြတ္ေျမာက္ၿပီးေနာက္ အျဖစ္အပ်က္မ်ားအေၾကာင္းကိုေျပာျပသြားမွာ ျဖစ္ပါတယ္။ ဒီဓါတ္ပံုမ်ားဟာ မ်ိဳးဆက္ အမ်ိဳးမ်ိဳးျဖစ္တဲ့ ႏိုင္ငံေရးအက်ဥ္းသား/သူ မ်ား၏ ေန႔စဥ္ဘ၀ကိုေျပာျပသြားမွာျဖစ္ပါတယ္။ အခ်ိဳ႕က အသက္ရွင္ေနႏိုင္ဖို႔ရုန္းကန္ေနရပါတယ္။ အခ်ိဳ႕က ေပ်ာ္ရႊင္မႈအတြက္ ရုန္းကန္ေနရပါတယ္။ အခ်ိဳ႕က သူတို႔မစြန္႔လႊတ္ႏိုင္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္မ်ားအတြက္ ရုန္းကန္ဖို႔ ဆက္လုပ္ၾကပါတယ္။ ဒီဓါတ္ပံုမ်ားကတစ္ဆင့္ ကၽြန္ေတာ္တို႔ဟာ အသိပညာေတြျမႇင့္တင္ဖို႔၊ ႏိုင္ငံေရးအက်ဥ္းသား/သူ မ်ားအားလုံးရဲ႕ဘ၀ေတြ နဲ႔ သူတို႔ ေတြ႔ႀကံဳေနရတဲ့ ျပႆနာေတြကို ပိုၿပီးနာလည္ေစဖို႔အတြက္ ရည္ရြယ္ထားပါတယ္”ဟု ဓါတ္ပံုပါဝင္ျပသမည့္ ႏုိင္ငံေရးအက်ဥ္းသားေဟာင္း ဓါတ္ပံုဆရာတစ္ဦးျဖစ္သည့္ ဦးလက်္ာထြန္းက ဆိုသည္။

အဆိုပါျပပြဲတြင္ ျပသမည့္ဓါတ္ပံုမ်ားမွာ အက်ဥ္းသူ၊ အက်ဥ္းသားမ်ားအေၾကာင္း ပါရဂူက်မ္းျပဳသူတစ္ဦးအတြက္ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားက ကူညီေပးထားသည့္ဓါတ္ပံုမ်ားကို ျပသျခင္းျဖစ္ၿပီး ပန္းခ်ီျပပြဲအတြက္ ျပခန္းငွားရမ္းခကုန္က်မည့္စရိတ္အား HCPP သို႔ အဆိုပါျပပြဲျပမည့္ ဓါတ္ပံုဆရာမ်ားက လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ကေတာ့ ေထာင္ေတြထဲမွာ က်ဆံုးသြားခဲ့တဲ့နိုင္ငံေရးအက်ဥ္းသားအခ်ိဳ႕ ရဲ႕ မိသားစုပံုေတြပဲ ဆက္ျပမွာပါ။ ဘာေၾကာင့္ျပရတာလဲ။ နာက်င္မႈဆိုတာ ေခတ္္တုိင္းမွာရိွပါတယ္။ လုပ္ေဆာင္ခဲ့တဲ့လူေတြမွာလည္း နာက်င္မႈဆိုတာ ရိွပါတယ္။ ခံစားခဲ့ရသူေတြမွာေတာ့ အထူးေျပာစရာမလိုပါဘူး။ ဒီနာက်င္မႈေတြ ဟာ အၿမဲတမ္းရိွေနသလားဆိုေတာ့ အၿမဲတမ္းေတာ့မဟုတ္ဘူူးလို႕ ေျပာရမွာပါပဲ။ ဒါေပမဲ့ အက်ိဳးအေၾကာင္းတိုက္ဆိုင္လာတဲ့ အခါက်ရင္ သူတို႕ ဟာျပန္လာၾကပါတယ္။ အဲဒီလို ျပန္လာတာဟာ စိတ္ပညာသေဘာအရ ေကာင္းတယ္လို႕ေျပာၾကပါတယ္။ ကုစားဘို႕ နည္းလမ္းရႏိုင္တာေပါ့။ ဝိပႆနာသေဘာအရလည္း ေကာင္းတာပါပဲ။ သိ သိ ေပးျခင္းအားျဖင့္ အေႏွာင္အဖြဲ႕ ကလြတ္ေစတာေပါ့”ဟု ဦးလက်္ာထြန္းက ဓါတ္ပံုျပပြဲလုပ္ရျခင္းႏွင့္ပတ္သက္၍ ရွင္းျပသည္။

ျပပြဲတြင္ လက္်ာထြန္း ၊ ဖိုးညီေထြး (ခ) မ်ိဳးေက်ာ္ ၊ ၿဖိဳးဓနခ်စ္လင္းသိုက္ ၊ စိုင္းမင္းသိန္းႏွင့္ လုဗ္ဂါဘိုရစ္တုိ႔၏ လက္ရာမ်ားကို ျပသသြားမည္ျဖစ္ၿပီး  ဓါတ္ပံုအခ်ိဳ႕ကိုလည္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံုျပပြဲကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၈)ရက္ေန႔မွ ၾသဂုတ္လ(၂)ရက္ေန႔အထိ ဒဂံုၿမိဳ႕သစ္၊ ဒဂံုတကၠသိုလ္အနီး၊ (၆)ရပ္ကြက္၊ ခါေတာ္မွီ ၁ လမ္း၊ အမွတ္ ၄၉၉/၅၀၂ ရိွ HCPP နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားေဆးခန္းတြင္ ျပသမည္ျဖစ္ကာ ၾသဂုတ္လ (၄)ရက္ေန႔မွ (၆)ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ (၃၅)လမ္းရိွ Moon Gallery တြင္လည္း ျပန္လည္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #လက်္ာထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဗူးတံခါးအလွန်ဓါတ်ပုံပြပွဲ ဇူလိုင်လ ၈ ရက်နေ့ စတင်ပြသမည်
****************
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ထောင်မှလွတ်မြောက်ပြီး အခြေအနေများကို နိုင်ငံရေးအကျဉ်းသားများ အမြင်မှထင်ဟပ်ပြသမည့် ဗူးတံခါးအလွန်ဓါတ်ပုံပြပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်း ဓာတ်ပုံဆရာများက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နေ့လယ်(၂)နာရီတွင် ရန်ကုန်မြို့ရှိ HCPP နိုင်ငံရေးအကျဉ်းသားဟောင်းများဆေးခန်း၌ ဖွင့်ပွဲပြုလုပ်ပြီး စတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးအကျဉ်းသားတွေဆိုလို့ အများကြီးတော့ မျှော်လင့်မထားစေချင်ဘူး။ သိတဲ့အတိုင်းပဲ သမ္မတကြီးကနေစ ပြီး လမ်းဘေးမှာ သူတောင်းစားသာသာနေရတဲ့ လူထိရှိတာပဲ။ တစ်ချိန်တုန်းက ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အခု  လူပါးဝနေတဲ့သူတွေလည်းရှိတာပဲ။ ဒီလိုပဲ ကြုံရာကျပန်းလုပ်ပြီး နေထိုင်ရှာဖွေ စားသောက်နေရတဲ့သူတွေက အများစုပါ။"ဗူးတံခါးအလွန်"ဟာထောင်နဲ့ချီတဲ့ အဖြစ်အပျက်များထဲက လက်တစ်ဆုပ်စာမျှသော အဖြစ်အပျက်များဖြစ်တဲ့ လွတ်မြောက်ပြီးနောက် အဖြစ်အပျက်များအကြောင်းကိုပြောပြသွားမှာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံများဟာ မျိုးဆက် အမျိုးမျိုးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား/သူ များ၏ နေ့စဉ်ဘဝကိုပြောပြသွားမှာဖြစ်ပါတယ်။ အချို့က အသက်ရှင်နေနိုင်ဖို့ရုန်းကန်နေရပါတယ်။ အချို့က ပျော်ရွှင်မှုအတွက် ရုန်းကန်နေရပါတယ်။ အချို့က သူတို့မစွန့်လွှတ်နိုင်တဲ့ နိုင်ငံရေးရည်မှန်းချက်များအတွက် ရုန်းကန်ဖို့ ဆက်လုပ်ကြပါတယ်။ ဒီဓါတ်ပုံများကတစ်ဆင့် ကျွန်တော်တို့ဟာ အသိပညာတွေမြှင့်တင်ဖို့၊ နိုင်ငံရေးအကျဉ်းသား/သူ များအားလုံးရဲ့ဘဝတွေ နဲ့ သူတို့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ပိုပြီးနာလည်စေဖို့အတွက် ရည်ရွယ်ထားပါတယ်”ဟု ဓါတ်ပုံပါဝင်ပြသမည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဓါတ်ပုံဆရာတစ်ဦးဖြစ်သည့် ဦးလကျ်ာထွန်းက ဆိုသည်။

အဆိုပါပြပွဲတွင် ပြသမည့်ဓါတ်ပုံများမှာ အကျဉ်းသူ၊ အကျဉ်းသားများအကြောင်း ပါရဂူကျမ်းပြုသူတစ်ဦးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများက ကူညီပေးထားသည့်ဓါတ်ပုံများကို ပြသခြင်းဖြစ်ပြီး ပန်းချီပြပွဲအတွက် ပြခန်းငှားရမ်းခကုန်ကျမည့်စရိတ်အား HCPP သို့ အဆိုပါပြပွဲပြမည့် ဓါတ်ပုံဆရာများက လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့ ထောင်တွေထဲမှာ ကျဆုံးသွားခဲ့တဲ့နိုင်ငံရေးအကျဉ်းသားအချို့ ရဲ့ မိသားစုပုံတွေပဲ ဆက်ပြမှာပါ။ ဘာကြောင့်ပြရတာလဲ။ နာကျင်မှုဆိုတာ ခေတ်တိုင်းမှာရှိပါတယ်။ လုပ်ဆောင်ခဲ့တဲ့လူတွေမှာလည်း နာကျင်မှုဆိုတာ ရှိပါတယ်။ ခံစားခဲ့ရသူတွေမှာတော့ အထူးပြောစရာမလိုပါဘူး။ ဒီနာကျင်မှုတွေ ဟာ အမြဲတမ်းရှိနေသလားဆိုတော့ အမြဲတမ်းတော့မဟုတ်ဘူူးလို့ ပြောရမှာပါပဲ။ ဒါပေမဲ့ အကျိုးအကြောင်းတိုက်ဆိုင်လာတဲ့ အခါကျရင် သူတို့ ဟာပြန်လာကြပါတယ်။ အဲဒီလို ပြန်လာတာဟာ စိတ်ပညာသဘောအရ ကောင်းတယ်လို့ပြောကြပါတယ်။ ကုစားဘို့ နည်းလမ်းရနိုင်တာပေါ့။ ဝိပဿနာသဘောအရလည်း ကောင်းတာပါပဲ။ သိ သိ ပေးခြင်းအားဖြင့် အနှောင်အဖွဲ့ ကလွတ်စေတာပေါ့”ဟု ဦးလကျ်ာထွန်းက ဓါတ်ပုံပြပွဲလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းပြသည်။

ပြပွဲတွင် လက်ျာထွန်း ၊ ဖိုးညီထွေး (ခ) မျိုးကျော် ၊ ဖြိုးဓနချစ်လင်းသိုက် ၊ စိုင်းမင်းသိန်းနှင့် လုဗ်ဂါဘိုရစ်တို့၏ လက်ရာများကို ပြသသွားမည်ဖြစ်ပြီး  ဓါတ်ပုံအချို့ကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံပြပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့အထိ ဒဂုံမြို့သစ်၊ ဒဂုံတက္ကသိုလ်အနီး၊ (၆)ရပ်ကွက်၊ ခါတော်မှီ ၁ လမ်း၊ အမှတ် ၄၉၉/၅၀၂ ရှိ HCPP နိုင်ငံရေးအကျဉ်းသားဟောင်းများဆေးခန်းတွင် ပြသမည်ဖြစ်ကာ သြဂုတ်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ ရန်ကုန်မြို့ (၃၅)လမ်းရှိ Moon Gallery တွင်လည်း ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #လကျ်ာထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~