မယ္ဆုိင္ဂူအတြင္းမွ ယေန႔အတြက္ ဒုတိယေျမာက္ ရဟတ္ယာဥ္တစ္စီး ခ်င္းရိုင္းေဆးရံုသို႔ ထြက္ခြာ

မယ္ဆုိင္ဂူအတြင္းမွ ယေန႔အတြက္ ဒုတိယေျမာက္ ရဟတ္ယာဥ္တစ္စီး ခ်င္းရိုင္းေဆးရံုသို႔ ထြက္ခြာ
ဇူလိုင် 9, 2018
By 🌸
�Update: 7: 07  PM(MMTime)၊ 9/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ္ဆိိုင္ဂူကယ္ဆယ္ေရးစခန္းမွ ဒုတိယေျမာက္ရဟတ္ယာဥ္တစ္စီး ခ်င္းရိုင္းေဆးရံုသို႔ ျမန္မာစံေတာ္ခ်ိန္ (၇)နာရီတြင္ ပ်ံတက္သြားသည္ကို ေတြ႔ရသည္။

ကေလး(၁၃)ေယာက္အား ကယ္ထုတ္သည့္ ဒုတိယေျမာက္ေန႔ ဇူလုိင္လ(၉)ရက္ေန႔တြင္ ပထမဆံုး ကေလးတစ္ဦးကို ထုိင္းစံေတာ္ခ်ိန္ ညေန(၄)နာရီခြဲႏွင့္ (၄)နာရီ (၄၅)မိနစ္အတြင္းတြင္လည္းေကာင္း၊ ဒုတိယေျမာက္ကေလးကို ညေန(၆)နာရီဝန္းက်င္တြင္လည္းေကာင္း ေခၚထုတ္လာႏုိင္ျခင္း ျဖစ္သည္ဟု  သိရၿပီး လက္ရိွအခ်ိန္တြင္ (၇)ေယာက္ေျမာက္ကေလး အျပင္သို႔ေရာက္ေနၿပီး (၈)ေယာက္ကေလးလည္း ထြက္လာေနၿပီဟု အတည္မျပဳႏိုင္ေသးသည့္ သတင္းမ်ားထြက္ေနသည္။

ကယ္ဆယ္ေရးစခန္းမွ ပထမဆံုးရဟတ္ယာဥ္မွာ ခ်င္းရိုင္းေဆးရံုသို႔ ထုိင္းစံေတာ္ခ်ိန္ (၅)နာရီ (၁၆)မိနစ္တြင္ ထြက္ခြာခဲ့ျခင္းျဖစ္သည္။

ဇူလုိင္လ(၈)ရက္ေန႔က ကေလး(၄)ဦးကို ကယ္ထုတ္ႏုိင္ခဲ့ၿပီး ကေလးမ်ားရိွသည့္ေနရာမွ ဂူအမွတ္အခန္း(၃)သို႔ ေလးနာရီၾကာ ေရငုပ္ရေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု Tachileik News Agency၊ #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ယနေ့အတွက် ဒုတိယမြောက် ရဟတ်ယာဉ်တစ်စီး ချင်းရိုင်းဆေးရုံသို့ ထွက်ခွာ
�Update: 7: 07    PM(MMTime)၊ 9/7/2018�
:::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူကယ်ဆယ်ရေးစခန်းမှ ဒုတိယမြောက်ရဟတ်ယာဉ်တစ်စီး ချင်းရိုင်းဆေးရုံသို့ မြန်မာစံတော်ချိန် (၇)နာရီတွင် ပျံတက်သွားသည်ကို တွေ့ရသည်။

ကလေး(၁၃)ယောက်အား ကယ်ထုတ်သည့် ဒုတိယမြောက်နေ့ ဇူလိုင်လ(၉)ရက်နေ့တွင် ပထမဆုံး ကလေးတစ်ဦးကို ထိုင်းစံတော်ချိန် ညနေ(၄)နာရီခွဲနှင့် (၄)နာရီ (၄၅)မိနစ်အတွင်းတွင်လည်းကောင်း၊ ဒုတိယမြောက်ကလေးကို ညနေ(၆)နာရီဝန်းကျင်တွင်လည်းကောင်း ခေါ်ထုတ်လာနိုင်ခြင်း ဖြစ်သည်ဟု  သိရပြီး လက်ရှိအချိန်တွင် (၇)ယောက်မြောက်ကလေး အပြင်သို့ရောက်နေပြီး (၈)ယောက်ကလေးလည်း ထွက်လာနေပြီဟု အတည်မပြုနိုင်သေးသည့် သတင်းများထွက်နေသည်။

ကယ်ဆယ်ရေးစခန်းမှ ပထမဆုံးရဟတ်ယာဉ်မှာ ချင်းရိုင်းဆေးရုံသို့ ထိုင်းစံတော်ချိန် (၅)နာရီ (၁၆)မိနစ်တွင် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ(၈)ရက်နေ့က ကလေး(၄)ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကလေးများရှိသည့်နေရာမှ ဂူအမှတ်အခန်း(၃)သို့ လေးနာရီကြာ ရေငုပ်ရကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ Tachileik News Agency၊ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~