မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ား ၂၄ နာရီအတြင္း ထြက္လာႏုိင္ဖြယ္ရိွ

မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ား ၂၄ နာရီအတြင္း ထြက္လာႏုိင္ဖြယ္ရိွ
ဇူလိုင် 8, 2018
By 🌸
�Update: 10:27 AM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ္ဆုိင္ဂူအတြင္းမွ ကေလး(၁၃)ဦးအား ကယ္ထုတ္မည့္ ေရငုပ္အထူးအဖြဲ႔ႏွင့္ ႏုိင္ငံတကာမွ ေရငုပ္ကၽြမ္းက်င္သူမ်ားပါဝင္သည့္အဖြဲ႕မ်ား ဇူလုိင္လ(၈)ရက္ေန႔ နံနက္(၁၀)နာရီတြင္ ဂူူအတြင္း စတင္ဝင္ေရာက္သြားၿပီျဖစ္ေၾကာင္း ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ယေန႔နံနက္ သတင္းစာရွင္းလင္းပြဲတြင္ အတည္ျပဳေျပာၾကားလုိက္သည္။

အဆိုပါအထူးအဖြဲ႕အေနျဖင့္ ကေလးမ်ားရိွရာသို႔ေရာက္ရိွရန္ (၅)နာရီဝန္းက်င္အခ်ိန္ယူရမည္ျဖစ္ေၾကာင္း ခန္႔မွန္းထားၿပီး ကေလးမ်ားအေနျဖင့္ ကၽြမ္းက်င္ေရငုပ္အဖြဲ႕မ်ားႏွင့္အတူ ေရငုပ္ျဖတ္ကူးရန္ ေလ့က်င့္မႈအဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ဂူအတြင္း ေရက်သြားသည့္အေျခအေနမွာလည္း ဇူလုိင္လ(၈)ရက္ေန႔တြင္ အေျခအေနေကာင္းေနၿပီး ရုတ္တရက္ေရစီးေၾကာင္းမ်ား ျပည့္လွ်ံလာပါက ဂူအမိုးမွေဖါက္ဝင္ကာ ကယ္ဆယ္ရန္လည္း စီစဥ္ေလ့က်င့္ထားၿပီးျဖစ္ေၾကာင္းသိရသည္။

မယ္ဆုိင္ဂူပတ္ဝန္းက်င္တြင္ ကေလးမိဘမ်ားႏွင့္ လူနာတင္ယာဥ္(၁၃)စီးမွလြဲ၍ ကယ္ဆယ္ေရးႏွင့္မသက္ဆုိင္သည့္ လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအပါအဝင္ အားလံုးကို ဇူလိုင္လ(၈)ရက္ေန႔မွစ၍ တာဝန္ရိွသူမ်ားက ရွင္းလင္းလုိက္ျခင္းျဖစ္သည္။

မယ္ဆုိင္ဂူကယ္ဆယ္ေရးႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္မႈမ်ားကို မယ္ဆုိင္ - ခ်င္းရိုင္းသြားလမ္းေဘးရိွ ပံုဖာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ဇူလုိင္လ(၈)ရက္ေန႔ နံနက္မွစ၍ ေရႊ႕ေျပာင္းလုိက္ၿပီးေနာက္ နံနက္ပိုင္းသတင္းစာရွင္းလင္းပြဲတြင္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ရွင္းလင္းသြားျခင္းျဖစ္သည္။

သတင္း Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေးများ ၂၄ နာရီအတွင်း ထွက်လာနိုင်ဖွယ်ရှိ
�Update: 10:27 AM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်းမှ ကလေး(၁၃)ဦးအား ကယ်ထုတ်မည့် ရေငုပ်အထူးအဖွဲ့နှင့် နိုင်ငံတကာမှ ရေငုပ်ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့များ ဇူလိုင်လ(၈)ရက်နေ့ နံနက်(၁၀)နာရီတွင် ဂူူအတွင်း စတင်ဝင်ရောက်သွားပြီဖြစ်ကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားလိုက်သည်။

အဆိုပါအထူးအဖွဲ့အနေဖြင့် ကလေးများရှိရာသို့ရောက်ရှိရန် (၅)နာရီဝန်းကျင်အချိန်ယူရမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ကလေးများအနေဖြင့် ကျွမ်းကျင်ရေငုပ်အဖွဲ့များနှင့်အတူ ရေငုပ်ဖြတ်ကူးရန် လေ့ကျင့်မှုအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

ဂူအတွင်း ရေကျသွားသည့်အခြေအနေမှာလည်း ဇူလိုင်လ(၈)ရက်နေ့တွင် အခြေအနေကောင်းနေပြီး ရုတ်တရက်ရေစီးကြောင်းများ ပြည့်လျှံလာပါက ဂူအမိုးမှဖေါက်ဝင်ကာ ကယ်ဆယ်ရန်လည်း စီစဉ်လေ့ကျင့်ထားပြီးဖြစ်ကြောင်းသိရသည်။

မယ်ဆိုင်ဂူပတ်ဝန်းကျင်တွင် ကလေးမိဘများနှင့် လူနာတင်ယာဉ်(၁၃)စီးမှလွဲ၍ ကယ်ဆယ်ရေးနှင့်မသက်ဆိုင်သည့် လူနှင့် မော်တော်ယာဉ်များအပါအဝင် အားလုံးကို ဇူလိုင်လ(၈)ရက်နေ့မှစ၍ တာဝန်ရှိသူများက ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

မယ်ဆိုင်ဂူကယ်ဆယ်ရေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုများကို မယ်ဆိုင် - ချင်းရိုင်းသွားလမ်းဘေးရှိ ပုံဖာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ(၈)ရက်နေ့ နံနက်မှစ၍ ရွှေ့ပြောင်းလိုက်ပြီးနောက် နံနက်ပိုင်းသတင်းစာရှင်းလင်းပွဲတွင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းသွားခြင်းဖြစ်သည်။

သတင်း Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~