ဝါဆိုလပြည့်ည တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးသူများဖြင့် စည်ကား

ဝါဆိုလပြည့်ည တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးသူများဖြင့် စည်ကား
ဇူလိုင် 27, 2018
By Tachileik News Agency



Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ဓမ္မစကြာအခါတော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ တွင် မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံ စေတီတော်၌ ညပိုင်းလာရောက်ဖူးမျှော်သူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ရောက်ရှိနေသည့် မြန်မာလုပ်သားများလည်း ဝါဆိုလပြည့်နေ့ညတွင် တာချီလိတ်ရွှေတိဂုံသို့ လာရောက်ကြပြီး၊ တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်မှ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~