ၿငိမ္းခ်မ္းေရးေဆြးေႏြးရာတြင္ ျပည္သူမ်ားအတြက္ ဦးတည္ေဆြးေႏြးရန္ ေဒၚေအာင္ဆန္းစုၾကည္တုိက္တြန္း

ၿငိမ္းခ်မ္းေရးေဆြးေႏြးရာတြင္ ျပည္သူမ်ားအတြက္ ဦးတည္ေဆြးေႏြးရန္ ေဒၚေအာင္ဆန္းစုၾကည္တုိက္တြန္း
ဇူလိုင် 11, 2018
By 🌸
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတြင္ မိမိတို႔အစုအဖြဲ႔အတြက္မဟုတ္ဘဲ ျပည္သူမ်ားအတြက္ ဦးတည္ေဆြးေႏြးၾကရန္ ေနျပည္ေတာ္တြင္ ဇူလုိင္လ(၁၁)ရက္ေန႔က စတင္က်ငး္ပေနသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁) ရာစုပင္လံု တတိယအစည္းအေဝးဖြင့္ပဲြအခမ္းအနားတြင္ အမိ်ဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တုိက္တြန္းေျပာၾကား လုိက္သည္။

“ တစ္ခိ်န္ထဲမွာ နိုင္ငံသူနိုင္ငံသားမ်ားအတြက္ အလံုၿခံဳဆံုး၊ အေကာင္းဆံုးျဖစ္တဲ့၊ ၿငိမ္းခ်မ္းသာယာတဲ့ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုႀကီးသို႔ ဦးတည္ဖို႔လိုတယ္ဆိုတာ အားလံုးႏွလံုးသြင္းထားေစခ်င္ပါတယ္။ ကိုယ့္အတြက္၊ ကိုယ့္အစုအဖြဲ႔အတြက္မဟုတ္၊ ကြ်န္မတို႔ ခ်စ္ခင္ေလးစား တန္ဖိုးထားရတဲ့ ျပည္သူေတြ အတြက္သာျဖစ္ရပါမယ္”ဟု အမိ်ဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တုိက္တြန္းေျပာၾကားလုိက္သည္။

ျပည္သူမ်ားအေနျဖင့္ မိမိတို႔ေနထိုင္ရာ ေဒသမ်ားတြင္ လြတ္လြတ္လပ္လပ္ သြားလာနိုင္ရန္၊ ေအးေအးခ်မ္းခ်မ္းျဖင့္ ပရိေယသနရွာမီွးခြင့္ရရိွနိုင္ရန္၊ ေဒသဖြံ႔ၿဖိဳးေရးႏွင့္ စီးပြားေရးအခြင့္အလမ္းမ်ားကို ကိုယ္တိုင္ပါဝင္ ေရြးခ်ယ္ခြင့္ရရိွႏုိင္ရန္ နွစ္ေပါင္း(၇၀)ေက်ာ္ ေစာင့္ဆိုင္းခဲ့ရၿပီးျဖစ္ေၾကာင္းကိုလည္း သတိေပးေျပာၾကားသြားသည္။

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္အရ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးလုပ္ငန္းစဥ္မ်ား၊ နိုင္ငံေရးေဆြးေႏြးမႈ လုပ္ငန္းစဥ္မ်ားကို လက္နက္ကိုင္မ်ားႏွင့္ သက္ဆုိင္ရာအစုအဖြဲ႕မ်ားက ေဆာင္ရြက္ေနခ်ိန္တြင္ ပဋိပကၡေဒသမ်ား၌ ေဒသဖြံ႔ၿဖိဳးေရး၊ လူမႈစီးပြားအေျခအေန တိုးတက္ဖြံ႔ၿဖိဳးေရးမ်ားကို အစိုးရအေနျဖင့္လည္းေကာင္း၊ အစိုးရ-ပုဂၢလိကပူးေပါင္း ေဆာင္ရြက္ေရးျဖင့္လည္းေကာင္း ႀကိဳးပမ္းေဆာင္ရြက္ေနသျဖင့္ သက္ဆိုင္ရာ အစုအဖြဲ႔အားလံုးက ပူးေပါင္းပါဝင္ေဆာင္ရြက္ေပးၾကရန္ကိုလည္း ေမတၱာရပ္ခံတုိက္တြန္းသြားသည္။

လက္ရိွအစိုးရလက္ထက္တြင္ ပင္လံုညီလာခံအစည္းအေဝးကို (၂)ႀကိမ္က်င္းပခဲ့ၿပီး ယခုတတိယအႀကိမ္ညီလာခံအၿပီးတြင္ ၂၀၁၈ ခုနွစ္အတြင္း ညီလာခံ(၁)ႀကိမ္၊ ၂၀၁၉ ခုနွစ္ အတြင္း ညီလာခံ (၂)ႀကိမ္ဆက္လက္က်င္းပသြားရန္ လ်ာထားေၾကာင္း သိရသည္။

NCA အရ ထြက္ေပၚလာသည့္ ႏိုင္ငံေရးေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္၏ အစိတ္အပိုင္း (၁)ကို (၂၁)ရာစု ပင္လံု၊ ဒုတိယအစည္းအေဝး၌ လက္မွတ္ေရးထိုးခဲ့ၿပီး ယခုတတိယအစည္းအေဝးတြင္ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္၏ အစိတ္အပိုင္း(၂)ကို လက္မွတ္ေရးထုိးႏုိင္ေရး ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

 ေနျပည္ေတာ္တြင္ (၆)ရက္ၾကာက်င္းေနသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁) ရာစုပင္လံု တတိယအစည္းအေဝးတြင္ NCA လက္မွတ္ေရးထုိးထားသည့္အဖြဲ႕မ်ားအျပင္ လက္မွတ္မထိုးထားသည့္အဖြဲ႕မ်ားလည္း တက္ေရာက္ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁) ရာစုပင္လံု ပထမအစည္းအေဝးကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္လည္းေကာင္း၊ ဒုတိယအစည္းအေဝးကို ၂၀၁၇ ခုႏွစ္ ေမလတြင္လည္းေကာင္း က်င္းပခဲ့ၿပီး ညီလာခံအစည္းအေဝးမ်ားမက်င္းပသည့္အခ်ိန္မ်ားတြင္လည္း အလြတ္သေဘာအစည္းအေဝးမ်ား၊ NCA လက္မွတ္မထုိးရေသးသည့္အဖြဲ႕မ်ားျဖင့္ ေဆြးေႏြးမႈမ်ားလည္းရိွေၾကာင္း သိရသည္။

သတင္း #အင္မုိင္ခ
Photo: Myanmar State Counsellor Office

~~~~~~~~⊰❂ unicode ~~~~~~~~
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပြည်သူများအတွက် ဦးတည်ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
*****************
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မိမိတို့အစုအဖွဲ့အတွက်မဟုတ်ဘဲ ပြည်သူများအတွက် ဦးတည်ဆွေးနွေးကြရန် နေပြည်တော်တွင် ဇူလိုင်လ(၁၁)ရက်နေ့က စတင်ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်သည်။

“ တစ်ချိန်ထဲမှာ နိုင်ငံသူနိုင်ငံသားများအတွက် အလုံခြုံဆုံး၊ အကောင်းဆုံးဖြစ်တဲ့၊ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးသို့ ဦးတည်ဖို့လိုတယ်ဆိုတာ အားလုံးနှလုံးသွင်းထားစေချင်ပါတယ်။ ကိုယ့်အတွက်၊ ကိုယ့်အစုအဖွဲ့အတွက်မဟုတ်၊ ကျွန်မတို့ ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ ပြည်သူတွေ အတွက်သာဖြစ်ရပါမယ်”ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။

ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသများတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ရန်၊ အေးအေးချမ်းချမ်းဖြင့် ပရိယေသနရှာမှီးခွင့်ရရှိနိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို ကိုယ်တိုင်ပါဝင် ရွေးချယ်ခွင့်ရရှိနိုင်ရန် နှစ်ပေါင်း(၇၀)ကျော် စောင့်ဆိုင်းခဲ့ရပြီးဖြစ်ကြောင်းကိုလည်း သတိပေးပြောကြားသွားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို လက်နက်ကိုင်များနှင့် သက်ဆိုင်ရာအစုအဖွဲ့များက ဆောင်ရွက်နေချိန်တွင် ပဋိပက္ခဒေသများ၌ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားအခြေအနေ တိုးတက်ဖွံ့ဖြိုးရေးများကို အစိုးရအနေဖြင့်လည်းကောင်း၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရေးဖြင့်လည်းကောင်း ကြိုးပမ်းဆောင်ရွက်နေသဖြင့် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ကိုလည်း မေတ္တာရပ်ခံတိုက်တွန်းသွားသည်။

လက်ရှိအစိုးရလက်ထက်တွင် ပင်လုံညီလာခံအစည်းအဝေးကို (၂)ကြိမ်ကျင်းပခဲ့ပြီး ယခုတတိယအကြိမ်ညီလာခံအပြီးတွင် ၂၀၁၈ ခုနှစ်အတွင်း ညီလာခံ(၁)ကြိမ်၊ ၂၀၁၉ ခုနှစ် အတွင်း ညီလာခံ (၂)ကြိမ်ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

NCA အရ ထွက်ပေါ်လာသည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၁)ကို (၂၁)ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ပြီး ယခုတတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂)ကို လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 နေပြည်တော်တွင် (၆)ရက်ကြာကျင်းနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအပြင် လက်မှတ်မထိုးထားသည့်အဖွဲ့များလည်း တက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင်လည်းကောင်း ကျင်းပခဲ့ပြီး ညီလာခံအစည်းအဝေးများမကျင်းပသည့်အချိန်များတွင်လည်း အလွတ်သဘောအစည်းအဝေးများ၊ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များဖြင့် ဆွေးနွေးမှုများလည်းရှိကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
Photo: Myanmar State Counsellor Office

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~