မယ္ဆိုင္ေခ်ာင္းေရတက္လာမႈေၾကာင့္ တင္က်န္ခဲ့သည့္ ရႊြံ႕ႏွင့္အမႈိက္မ်ားအား တာခ်ီလိတ္တပ္မွ ရွင္းလင္း

မယ္ဆိုင္ေခ်ာင္းေရတက္လာမႈေၾကာင့္ တင္က်န္ခဲ့သည့္ ရႊြံ႕ႏွင့္အမႈိက္မ်ားအား တာခ်ီလိတ္တပ္မွ ရွင္းလင္း
ဇွန် 29, 2018
By Tachileik News Agency

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမဳိ႕ရိွ တာေလ့ရပ္ကြက္၊ တာေလာ့ေစ်းႏွင့္ ေရႊနန္းေတာ္ ကုန္တုိက္ဝင္း အတြင္း  ဇြန္လ(၂၈)ရက္ေန႔ ညပိုင္းက ျမန္မာ - ထိုင္းနယ္စပ္ မယ္ဆိုင္ေခ်ာင္းေရ ဝင္ေရာက္ခဲ့မႈေၾကာင့္ ရႊြံ႕ႏွင့္အမိႈက္မ်ား တင္က်န္ေနရာ ဇြန္လ (၂၉)ရက္ေန႔နံနက္ပိုင္းက တာခ်ီလိတ္ တပ္နယ္မွ အရာရိွ/စစ္သည္မ်ားက စုေပါင္းသန္႔ရွင္းၾကေၾကာင္း သိရသည္။

မယ္ဆုိင္ေခ်ာင္းေရသည္ ယမန္ေန႔ည (၉)နာရီခန္႔က တာခ်ီလိတ္ၿမိဳ႕ဘက္ျခမ္းတြင္ (၃၀၆)စင္တီမီတာ အထိ ျမင့္တက္ခဲ့ၿပီး ည(၁၁) နာရီခန္႔တြင္ ေရျပန္က်သြားျခင္းျဖစ္သည္။

ရႊံ႕ႏြံႏွင့္အမိႈက္မ်ား သန္႔ရွင္းေရး လုပ္ေဆာင္ရြက္မွဳအား စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦးက ႀကီးၾကပ္ကြပ္ကဲခဲ့ၿပီး တပ္နယ္မွ အရာရွိ၊ စစ္သည္အင္အား (၄၀)ဦးျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပုံ - AKT



~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ တာလေ့ရပ်ကွက်၊ တာလော့ဈေးနှင့် ရွှေနန်းတော် ကုန်တိုက်ဝင်း အတွင်း ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းရေ ဝင်ရောက်ခဲ့မှုကြောင့် ရွှံ့နှင့်အမှိုက်များ တင်ကျန်နေရာ ဇွန်လ (၂၉)ရက်နေ့နံနက်ပိုင်းက တာချီလိတ် တပ်နယ်မှ အရာရှိ/စစ်သည်များက စုပေါင်းသန့်ရှင်းကြကြောင်း သိရသည်။

မယ်ဆိုင်ချောင်းရေသည် ယမန်နေ့ည (၉)နာရီခန့်က တာချီလိတ်မြို့ဘက်ခြမ်းတွင် (၃၀၆)စင်တီမီတာ အထိ မြင့်တက်ခဲ့ပြီး ည(၁၁) နာရီခန့်တွင် ရပြေန်ကျသွားခြင်းဖြစ်သည်။

ရွှံ့နွံနှင့်အမှိုက်များ သန့်ရှင်းရေး လုပ်ဆောင်ရွက်မှုအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦးက ကြီးကြပ်ကွပ်ကဲခဲ့ပြီး တပ်နယ်မှ အရာရှိ၊ စစ်သည်အင်အား (၄၀)ဦးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - AKT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~