မကွေးမြို့တွင် အမှိုက်မှတဆင့် မီးသွေးတောင့်ထုတ်လုပ်ရန် ပြင်သစ်ကုမ္ပဏီ၊ ပြည်တွင်းကုမ္ပဏီနှင့် စည်ပင်သာယာရေးဌာနတို့ ဆွေးနွေးနေ
မကွေးမြို့တွင် အမှိုက်မှတဆင့် မီးသွေးတောင့်ထုတ်လုပ်ရန် ပြင်သစ်ကုမ္ပဏီ၊ ပြည်တွင်းကုမ္ပဏီနှင့် စည်ပင်သာယာရေးဌာနတို့ ဆွေးနွေးနေ
ဇှနျ 7, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် စွန့်ပစ်အမှိုက်ဖြင့် မီးသွေးတောင့်ထုတ်လုပ်နိုင်ရန် ပြင်သစ်ကုမ္ပဏီနှင့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ဖြင့် ဆွေးနွေးနေကြောင်း မကွေးတိုင်းစည်ပင်သာယာရေးဌာနထံမှ သိရသည်။
အမှိုက်မှ မီးသွေးတောင့်ထုတ်လုပ်ခြင်းအား ထိုင်းနည်းပညာဖြင့် ပြင်သစ်နိုင်ငံမှ ပညာရှင်များက ထုတ်လုပ်မည်ဖြစ်ပြီး တစ်တန်လျှင် ဒေါ်လာ(၂၀၀)တန်ဖိုးရှိသည့် မီးသွေးတောင့် (၃၅)တန် နေ့စဉ် ထုတ်လုပ်နိုင်မည်ဟု လျာထားကြောင်း သိရသည်။
စက်ရုံတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ (၅)သန်းခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်းနှင့် (၂၅)နှစ်ပြည့်ပါက စက်ရုံအား မြို့နယ်စည်ပင်သာယာရေးပိုင်အဖြစ်လွှဲပြောင်းရယူခွင့်ရှိမည်ဖြစ်ကြောင်းသိရပြီး စက်ရုံမှ ထွက်ပေါ်လာမည့်မီးခိုးငွေ့များတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမည့် ကတ္တရာနှင့် နီကိုတင်းဓာတ်များကို စစ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း -  ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် စွန့်ပစ်အမှိုက်ဖြင့် မီးသွေးတောင့်ထုတ်လုပ်နိုင်ရန် ပြင်သစ်ကုမ္ပဏီနှင့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ဖြင့် ဆွေးနွေးနေကြောင်း မကွေးတို်င်းစည်ပင်သာယာရေးဌာနထံမှ သိရသည်။
"မကွေးမြို့မှာ အမှိုက်ကတစ်နေ့ကို တန်ချိန်(၆၀)လောက် သိမ်းဆည်းပြီး စွန့်ပစ်နေရပါတယ်။ မြို့နဲ့ (၂)မိုင် လောက်အကွာမှာ အမှိုက်ကျင်းနေရာသတ်မှတ်ပြီး စွန့်ပစ်ခဲ့တာဖြစ်ပေမဲ့ မြို့ပြတိုးချဲ့လာမှုကြောင့် လူနေအိမ်ခြေတွေဟာ အမှိုက်ပုံနဲ့နီးကပ်လာကြတော့ အနံ့အသက်ကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ အတွက်က စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ ကျွန်တော်တို့ စည်ပင်အနေနဲ့ကတော့ စွန့်ပစ်အမှိုက်တွေနဲ့ ပတ်သက်ပြီး အကျိုးအမြတ်ရရေးထက် အမှိုက်ပုံရှင်းလင်းသွားဖို့ကိုပဲ အရေးတကြီးလိုအပ်နေတာကြောင့် အမှိုက်ကို မီးသွေးတောင့်အဖြစ် ထုတ်လုပ်နိုင်မယ့်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရွှပြေည်တံခွန်ကုမ္ပဏီနဲ့ ဆွေးနွေးနေပါပြီ" ဟု မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဌာန တို်င်းဒေသကြီးညွှန်ကြားရေးမှူး ဦးထင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ စက်ရုံတည်ဆောက်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကုန်ကျစရိတ် စိုက်ထုတ်ရန် မလိုအပ်ဘဲ တစ်နေ့လျှင်အမှိုက်တန်(၁၀၀) နေ့စဉ်ပေးပို့ရမည်ဖြစ်ပြီး ထုတ်လုပ်ရရှိသည့် မီးသွေးတောင့် ရောင်းချ၍ ရရှိသည့်အကျိုးအမြတ်မှ (၅)ရာခိုင်နှုန်းကိုလည်း မြို့နယ်စည်ပင်သာယာရေးဌာနထံ ပေးသွင်းမည်ဖြစ်ကြောင်း သိရသည်။
အမှိုက်မှ မီးသွေးတောင့်ထုတ်လုပ်ခြင်းအား ထို်င်းနည်းပညာဖြင့် ပြင်သစ်နိုင်ငံမှ ပညာရှင်များက ထုတ်လုပ်မည်ဖြစ်ပြီး တစ်တန်လျှင် ဒေါ်လာ(၂၀၀)တန်ဖို်းရှိသည့် မီးသွေးတောင့် (၃၅)တန် နေ့စဉ် ထုတ်လုပ်နို်င်မည်ဟု လျာထားကြောင်း သိရသည်။
ဆွေးနွေးမှုမှ သဘောတူညီချက်ရရှိသည်နှင့် နေရာလေ့လာခြင်းအား အချိန် (၃)လဆောင်ရွက်ကာ စက်ရုံ တည်ဆောက်ရန် အချိန် (၆)လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
"ထွက်ရှိလာတဲ့မီးသွေးတောင့်တွေကို နိုင်ငံတွင်းမှာရှိတဲ့ဘိလပ်မြေစက်ရုံတွေကို ရောင်းချသွားမယ်လို့ သိရပြီး ကုမ္ပဏီနဲ့ ကျွန်တော်တို့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးပါပြီ။ ရှမ်းပြည်နယ်နဲ့ ပဲခူးတို်င်းက ကျွန်တော်တို့ထက်စောမှာဖြစ်တဲ့အတွက် သူတို့ဆီက လုပ်ငန်းစဉ်တွေကို်လေ့လာပြီး ချုပ်ဆိုတဲ့ စာချုပ်တွေပေါ်မှာ တစ်ခြားမလိုလားအပ်တဲ့ အခွင့်အရေးရရှိအောင်ဆောင်ရွက်သွားတာမျိုး မဖြစ်ရအောင် စိစစ်ရမယ့်အပိုင်းတွေတော့ရှိပါတယ်"ဟု ညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။
စက်ရုံတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ (၅)သန်းခန့် ကုန်ကျနို်င်မည်ဖြစ်ကြောင်းနှင့် (၂၅)နှစ်ပြည့်ပါက စက်ရုံအား မြို့နယ်စည်ပင်သာယာရေးပိုင်အဖြစ်လွှဲပြောင်းရယူခွင့်ရှိမည်ဖြစ်ကြောင်းသိရပြီး စက်ရုံမှ ထွက်ပေါ်လာမည့်မီးခိုးငွေ့များတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမည့် ကတ္တရာနှင့် နီကိုတင်းဓာတ်များကို စစ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~