က်ိဳင္းတံုတြင္ မူးယစ္ေက်ာ္ေဇာသတင္းရိွသည့္ေနအိမ္အား ရွာေဖြရာ စိတ္ၾကြေဆးျပား ၄၀၀ ေက်ာ္ဖမ္းမိ

က်ိဳင္းတံုတြင္ မူးယစ္ေက်ာ္ေဇာသတင္းရိွသည့္ေနအိမ္အား ရွာေဖြရာ စိတ္ၾကြေဆးျပား ၄၀၀ ေက်ာ္ဖမ္းမိ
ဇွန် 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္ေဆးဝါးေက်ာ္ေဇာသတင္းရိွသည့္ေနအိမ္အား ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔ နံနက္ (၁)နာရီမထိုးမီအခ်ိန္က ဝင္ေရာက္ရွာေဖြရာ WY စိတ္ၾကြေဆးျပား (၄၁၉)ျပားႏွင့္အတူ အဆိုပါေနအိမ္တြင္ ေနထုိင္သူႏွစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးေရာင္းဝယ္ေၾကာင္း သတင္းရရိွသျဖင့္ မင္းမင္းေဇာ္(ခ) ေမာင္ေဇာ္၏ေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ အဆိုပါေနအိမ္တြင္ မင္းမင္းေဇာ္(ခ)ေမာင္ေဇာ္အား ၎၏ဇနီးျဖစ္သူ မဥမၼာေဌးတို႔ႏွစ္ဦးအား အတူထုိင္ေနသည္ကို ေတြ႔ရၿပီး မင္းမင္းေဇာ္၏လက္ထဲတြင္ ပလတ္စတစ္ေကာ္ဗူး (၃)ဗူးကိုင္ေဆာင္ထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ရွာေဖြရန္ႀကိဳးစားစဥ္ မင္းမင္းေဇာ္က ပလတ္စတစ္ဗူးမ်ားကို ယူ၍ ေနအိမ္အေပၚထပ္သို႔ တက္ေျပးသြားသျဖင့္ လုိက္လံဖမ္းဆီးရာ ပလတ္စတစ္ဗူးမ်ားအား ေနအိမ္ျပတင္းေပါက္မွတစ္ဆင့္ အိမ္နီးခ်င္း၏ ၿခံဝန္းအတြင္း လႊင့္ပစ္လုိက္သည္ကို ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ WY စိတ္ၾကြေဆးျပား (၄၁၉)ျပားထည့္ထားသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ မင္းမင္းေဇာ္(ခ)ေမာင္ေဇာ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္ထားကာ မူးယစ္ေဆးဝါးသံုးစြဲျခင္းရိွ/မရိွကို က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္စစ္ေဆးထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် မူးယစ်ကျော်ဇောသတင်းရှိသည့်နေအိမ်အား ရှာဖွေရာ စိတ်ကြွဆေးပြား ၄၀၀ ကျော်ဖမ်းမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မူးယစ်ဆေးဝါးကျော်ဇောသတင်းရှိသည့်နေအိမ်အား ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့ နံနက် (၁)နာရီမထိုးမီအချိန်က ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား (၄၁၉)ပြားနှင့်အတူ အဆိုပါနေအိမ်တွင် နေထိုင်သူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ကြောင်း သတင်းရရှိသဖြင့် မင်းမင်းဇော်(ခ) မောင်ဇော်၏နေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်တွင် မင်းမင်းဇော်(ခ)မောင်ဇော်အား ၎င်း၏ဇနီးဖြစ်သူ မဥမ္မာဌေးတို့နှစ်ဦးအား အတူထိုင်နေသည်ကို တွေ့ရပြီး မင်းမင်းဇော်၏လက်ထဲတွင် ပလတ်စတစ်ကော်ဗူး (၃)ဗူးကိုင်ဆောင်ထားသည်ကို တွေ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ရှာဖွေရန်ကြိုးစားစဉ် မင်းမင်းဇော်က ပလတ်စတစ်ဗူးများကို ယူ၍ နေအိမ်အပေါ်ထပ်သို့ တက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ပလတ်စတစ်ဗူးများအား နေအိမ်ပြတင်းပေါက်မှတစ်ဆင့် အိမ်နီးချင်း၏ ခြံဝန်းအတွင်း လွှင့်ပစ်လိုက်သည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ WY စိတ်ကြွဆေးပြား (၄၁၉)ပြားထည့်ထားသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် မင်းမင်းဇော်(ခ)မောင်ဇော်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၈၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်ထားကာ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~