က်ဳိင္းတံုၿမိဳ႕နယ္ အာမားေဒရြာတြင္ မိခင္ေစ်းသြားေနစဥ္ အိမ္၌ အရက္ေသာက္ေနသည့္ သားက ေနအိမ္ကို မီးရိႈ႕

က်ဳိင္းတံုၿမိဳ႕နယ္ အာမားေဒရြာတြင္ မိခင္ေစ်းသြားေနစဥ္ အိမ္၌ အရက္ေသာက္ေနသည့္ သားက ေနအိမ္ကို မီးရိႈ႕
ဇွန် 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕၊ နမ့္အင္းေက်းရြာအုပ္စု၊ အာမားေဒရြာတြင္ မိခင္ျဖစ္သူ ေစ်းသြားဝယ္ေနစဥ္ အိမ္တြင္ အရက္ေသာက္ေနသည့္ သားျဖစ္သူက ေနအိမ္မီးရိႈ႕ လုိက္သျဖင့္ တစ္အိမ္လံုး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၁)ရက္ေန႔ နံနက္ (၁၀)နာရီဝန္းက်င္တြင္ အာမားေဒရြာအနီး လယ္ကြင္းတြင္ ေရာက္ေနသည့္ ရြာသူႀကီး ဦးဂ်ိဳးဇက္အား ရြာအတြင္းမွ ေဒၚနာအူ၏ ေနအိမ္မီးေလာင္ေနေၾကာင္း ရြာသားမ်ားက အေၾကာင္းၾကားလာရာမွ သြားေရာက္ရာ မီးေလာင္မႈမွာ အရွိန္ျပင္းေနသျဖင့္ ၿငိႇမ္းသတ္ႏုိင္ျခင္း မရိွဘဲ နံနက္ (၁၁)နာရီဝန္းက်င္တြင္ ေနအိမ္တစ္ခုလံုး ျပာက်သြားေၾကာင္း သိရသည္။

မီးေလာင္ရျခင္းအား စံုစမ္းေမးျမန္းရာ ေဒၚနာအူ၏သား အသက္ (၃၃)ႏွစ္အရြယ္ ခ်ားေလက ေဒၚနာအူ က်ိဳင္းတံုၿမိဳ႕သို႔ ေစ်းသြားဝယ္ေနစဥ္ အရက္ေသာက္ေနခဲ့ၿပီး အရက္ေၾကာင္ကာ ၎ေနထိုင္သည့္ သက္ကယ္မိုး၊ ဝါးကာ ေျခတံရွည္အိမ္အား မီးရိႈ႕လိုက္ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

ေနအိမ္အား မီးရိႈ႕လိုက္သည့္ ခ်ားေလအား ဇြန္လ (၂၂)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ (ပ)၂၀၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ နမ့်အင်းကျေးရွာအုပ်စု၊ အာမားဒေရွာတွင် မိခင်ဖြစ်သူ ဈေးသွားဝယ်နေစဉ် အိမ်တွင် အရက်သောက်နေသည့် သားဖြစ်သူက နေအိမ်မီးရှို့ လိုက်သဖြင့် တစ်အိမ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်တွင် အာမားဒေရွာအနီး လယ်ကွင်းတွင် ရောက်နေသည့် ရွာသူကြီး ဦးဂျိုးဇက်အား ရွာအတွင်းမှ ဒေါ်နာအူ၏ နေအိမ်မီးလောင်နေကြောင်း ရွာသားများက အကြောင်းကြားလာရာမှ သွားရောက်ရာ မီးလောင်မှုမှာ အရှိန်ပြင်းနေသဖြင့် ငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ နံနက် (၁၁)နာရီဝန်းကျင်တွင် နေအိမ်တစ်ခုလုံး ပြာကျသွားကြောင်း သိရသည်။

မီးလောင်ရခြင်းအား စုံစမ်းမေးမြန်းရာ ဒေါ်နာအူ၏သား အသက် (၃၃)နှစ်အရွယ် ချားလေက ဒေါ်နာအူ ကျိုင်းတုံမြို့သို့ ဈေးသွားဝယ်နေစဉ် အရက်သောက်နေခဲ့ပြီး အရက်ကြောင်ကာ၎င်းနေထိုင်သည့် သက်ကယ်မိုး၊ ဝါးကာ ခြေတံရှည်အိမ်အား မီးရှို့လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

နေအိမ်အား မီးရှို့လိုက်သည့် ချားလေအား ဇွန်လ (၂၂)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း၌ (ပ)၂၀၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~