တာခ်ီလိတ္ၿမိဳ႕ ျပည္ေတာ္သာေစ်းအတြင္းရွိ ထမင္းဆိုင္ မီးေလာင္မႈျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕ ျပည္ေတာ္သာေစ်းအတြင္းရွိ ထမင္းဆိုင္ မီးေလာင္မႈျဖစ္ပြား
ဇွန် 18, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္းေစ်းအေနာက္ဘက္ရွိ   ျပည္ေတာ္သာေစ်းအတြင္း မီးေလာင္မႈျဖစ္ပြားရာမွ  အမ်ဳိးသမီး(၂)ဦး မစိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာရရွိ၍ ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းရွိ ျပည္ေတာ္သာေစ်းအတြင္း၌ ဖြင့္လွစ္ေရာင္းခ်ေနသည့္ ထမင္းဆိုင္တြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၈)ရက္ေန႔ ည(၈)နာရီေက်ာ္က မီးေလာင္မႈျဖစ္ပြားရာ အနီးအနားရွိ ျပည္သူမ်ား၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ဦးစီးဌာနမွဴး ဦးေက်ာ္ကိုကို၊  ၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္း ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ႏွင့္ အဖြဲ႔၀င္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၀င္မ်ားမွ စုေပါင္း၍ ၿငိႇမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရျခင္း ႏွင့္ ပတ္သက္၍ မီးသတ္တပ္ဖြဲ႔၊ ၿမိဳ႕မီးလင္းေရးအဖြဲ႔ ႏွင့္ ရဲတပ္ဖြဲ႔တို႔ စစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ ေရခဲေသတၱာမွာ အပူလြန္ရာမွ ေမာ္တာ၀ါယာေရွာ့ျဖစ္ကာ စတင္ၿပီး အနီးရွိ ဂြမ္းကပ္ေစာင္မ်ားအထိ ေလာင္ကြ်မ္းျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း မီးသတ္တပ္ဖြဲ႔ထဲက သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ဆိုင္ရွင္အမ်ဳိးသမီးျဖစ္သူ ေဒၚေအးျမင့္ၾကဴ ႏွင့္ မဇင္မာဦးတို႔သည္ ေျခေထာက္ႏွစ္ဖက္မွာ မစိုးရိမ္ရသည့္ မီးအပူေလာင္ဒဏ္ရာရရွိခဲ့၍ တာခ်ီလိတ္ျပည္သူ႔ေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူထားေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္၍ မီးစတင္ေလာင္ကၽြမ္းသည့္ဆုိင္ခန္းပိုင္ရွင္ ေဒၚေအးျမင့္ၾကဴအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၉/၂၀၁၈၊ ပုဒ္မ ၂၈၅/၃၃၇တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းဈေးအနောက်ဘက်ရှိ ပြည်တော်သာဈေးအတွင်း မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသမီး(၂)ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းရှိ ပြည်တော်သာဈေးအတွင်း၌ ဖွင့်လှစ်ရောင်းချနေသည့် ထမင်းဆိုင်တွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ည(၈)နာရီကျော်က မီးလောင်မှုဖြစ်ပွားရာ အနီးအနားရှိ ပြည်သူများ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း၍ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့၊ မြို့မီးလင်းရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ စစ်ဆေးမှုများပြုလုပ်ရာတွင် ရေခဲသေတ္တာမှာ အပူလွန်ရာမှ မော်တာဝါယာရှော့ဖြစ်ကာ စတင်ပြီး အနီးရှိ ဂွမ်းကပ်စောင်များအထိ လောင်ကျွမ်းခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း မီးသတ်တပ်ဖွဲ့ထဲက သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ရှင်အမျိုးသမီးဖြစ်သူ ဒေါ်အေးမြင့်ကြူ နှင့် မဇင်မာဦးတို့သည် ခြေထောက်နှစ်ဖက်မှာ မစိုးရိမ်ရသည့် မီးအပူလောင်ဒဏ်ရာရရှိခဲ့၍ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူထားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့်ဆိုင်ခန်းပိုင်ရှင် ဒေါ်အေးမြင့်ကြူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၉၉/၂၀၁၈၊ ပုဒ်မ ၂၈၅/၃၃၇တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~