လားရႈိးၿမိ႕နယ္အတြင္း ေက်ာင္းမ်ားရွိ ေက်ာင္းမုန္႔ေစ်းတန္းမွ ေစ်းသည္မ်ားအား က်န္းမာေရးႏွင့္ ညီညြတ္သည့္ အစားအစာမ်ားအေၾကာင္း အသိပညာေပး

လားရႈိးၿမိ႕နယ္အတြင္း ေက်ာင္းမ်ားရွိ ေက်ာင္းမုန္႔ေစ်းတန္းမွ ေစ်းသည္မ်ားအား က်န္းမာေရးႏွင့္ ညီညြတ္သည့္ အစားအစာမ်ားအေၾကာင္း အသိပညာေပး
ဇွန် 9, 2018
By Tachileik News Agency

လားရိႈးၿမိဳ႕နယ္ အတြင္းရွိ အေျခခံပညာစာသင္ေက်ာင္းမ်ားရွိ ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ ေစ်းေရာင္းခ်သူ ေစ်းသည္ (၂၇၇)ဦးကို ၂၀၁၈ ခုႏွစ္ ဇြန္လ(၉)ရက္ေန႔က က်န္းမာေရးႏွင့္ညီညြတ္သည့္ အစားအစာမ်ား အေၾကာင္းကို အသိပညာေပးအျဖစ္ ေဟာေျပာေၾကာင္း သိရသည္။

စားသံုးသူေရးရာ ဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး(လားရိႈး)၊ FDA (လားရိႈး)ႏွင့္ ေက်ာင္းက်န္းမာေရး အဖြဲ႔တို႔က လားရိႈးၿမိဳ႕ အမွတ္ (၆) အေျခခံပညာ အထက္တန္းေက်ာင္း၌ ေဟာေျပာျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ ေက်ာင္းမုန္႔ေစ်းေရာင္းတဲ့ အခါ က်န္းမာေရးနဲ႔ညီညြတ္တဲ့ မုန္႔ေတြေရာင္းဖို႔၊ အစားအစာေတြ ေရာင္းခ်တဲ့အခါ လက္အိတ္ေတြစြပ္ဖို႔၊ ရယ္ဒီမိတ္စားစရာေတြ မေရာင္းခ်ဖို႔နဲ႔ စားသံုးဖို႔မသင့္တဲ့ အစားအစာေတြ မေရာင္းခ်ဖို႔ စတာေတြကို ပညာေပးေဟာေျပာတာျဖစ္ပါတယ္” ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ ဦးစီးမွဴးရံုး (လားရိႈး)မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ ေရာင္းခ်ေနသည့္ အစားအစာမ်ားအား အုပ္ေဆာင္းျဖင့္ အုပ္ထားရန္၊ ေက်ာင္းသူ/ သားမ်ားအတြက္ အႏၱရာယ္ျဖစ္ေစႏိုင္သည့္ အစားအစာမ်ား၊ က်န္းမာေရး ေထာက္ခံခ်က္ မရွိသည့္ မုန္႔မ်ား၊ တရုတ္ႏိုင္ငံမွ ဝင္ေရာက္လာသည့္ စားသံုးရန္မသင့္အစားအစာမ်ား၊ ထုတ္လုပ္ရက္/ ကုန္ဆံုးရက္ မပါဝင္သည့္ အစားအစာမ်ားကို မေရာင္းခ်ရန္အတြက္ အသိပညာေပး ေဟာေျပာျခင္းျဖစ္ေၾကာင္း သိရသည္။

 “အသိပညာေပးေဟာေျပာတာကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း လုပ္ပါတယ္။ တစ္ႏွစ္ကို အနည္းဆံုးတစ္ခါေတာ့ လုပ္တယ္။ ေက်ာင္းဖြင့္ခ်ိန္အတြင္းမွာ လားရႈိးၿမိဳ႕နယ္အတြင္းက ေက်ာင္းေတြမွာရွိတဲ့ မုန္႔ေစ်းတန္းေတြကို သတ္မွတ္ထားတဲ့ စည္းကမ္းေတြလိုက္နာမႈရွိမရွိ ဆိုတာကို လိုက္ၿပီးေတာ့ စစ္ေဆးသြားမွာျဖစ္ပါတယ္” ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးက ေျပာသည္။

ေက်ာင္းဖြင့္ခ်ိန္အတြင္း ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ ေရာင္းခ်ေနမႈမ်ားအား ေရွာင္တခင္စစ္ေဆးသြားမည္ ျဖစ္ၿပီး စည္းကမ္းလိုက္နာမႈမရွိဘဲ ေရာင္းခ်ေနမႈမ်ားကို တိုင္ၾကားမႈရွိလာပါကလည္း စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - စားသံုးသူေရးရာဦးစီးဌာန (လားရိႈး)


~~~~~~~~⊰❂ unicode ~~~~~~~~

လားရှိုးမြို့နယ် အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများတွင် ဈေးရောင်းချသူ ဈေးသည် (၂၇၇)ဦးကို ၂၀၁၈ ခုနှစ် ဇွန်လ(၉)ရက်နေ့က ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ အကြောင်းကို အသိပညာပေးအဖြစ် ဟောပြောကြောင်း သိရသည်။

စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)၊ FDA (လားရှိုး)နှင့် ကျောင်းကျန်းမာရေး အဖွဲ့တို့က လားရှိုးမြို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဟောပြောခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ကျောင်းမုန့်ဈေးရောင်းတဲ့ အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်တွေရောင်းဖို့၊ အစားအစာတွေ ရောင်းချတဲ့အခါ လက်အိတ်တွေစွပ်ဖို့၊ ရယ်ဒီမိတ်စားစရာတွေ မရောင်းချဖို့နဲ့ စားသုံးဖို့မသင့်တဲ့ အစားအစာတွေ မရောင်းချဖို့ စတာတွေကို ပညာပေးဟောပြောတာဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (လားရှိုး)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသည့် အစားအစာများအား အုပ်ဆောင်းဖြင့် အုပ်ထားရန်၊ ကျောင်းသူ/ သားများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများ၊ ကျန်းမာရေး ထောက်ခံချက် မရှိသည့် မုန့်များ၊ တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် စားသုံးရန်မသင့်အစားအစာများ၊ ထုတ်လုပ်ရက်/ ကုန်ဆုံးရက် မပါဝင်သည့် အစားအစာများကို မရောင်းချရန်အတွက် အသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်း သိရသည်။

 “အသိပညာပေးဟောပြောတာကတော့ နှစ်စဉ်နှစ်တိုင်း လုပ်ပါတယ်။ တစ်နှစ်ကို အနည်းဆုံးတစ်ခါတော့ လုပ်တယ်။ ကျောင်းဖွင့်ချိန်အတွင်းမှာ လားရှိုးမြို့နယ်အတွင်းက ကျောင်းတွေမှာရှိတဲ့ မုန့်ဈေးတန်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာမှုရှိမရှိ ဆိုတာကို လိုက်ပြီးတော့ စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးက ပြောသည်။

ကျောင်းဖွင့်ချိန်အတွင်း ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေမှုများအား ရှောင်တခင်စစ်ဆေးသွားမည် ဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိဘဲ ရောင်းချနေမှုများကို တိုင်ကြားမှုရှိလာပါကလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန (လားရှိုး)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~