မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီၿပိဳင္ပြဲ က်ိဳင္းတံုတြင္ က်င္းပ

မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီၿပိဳင္ပြဲ က်ိဳင္းတံုတြင္ က်င္းပ
ဇွန် 5, 2018
By Tachileik News Agency

(၂၁)ႀကိမ္ေျမာက္ အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီၿပိဳင္ပြဲကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္ရိွ အထက(၂)တြင္ က်င္းပရာ စုစုေပါင္း လူဦးေရ (၁၀၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

အထက(၂)သံလြင္ခန္းမတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၃)ရက္ေန႔က က်င္းပသည့္ အဆိုၿပိဳင္ပြဲအခမ္းအနားသို႔ ၿပိဳင္ပြဲဝင္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအျပင္  ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး  ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ တပ္မေတာ္ အရာရိွႀကီးမ်ား၊ က်ဳိင္းတံုခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္း၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ျမင့္ေဆြႏွင့္ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ား၊ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္ဝင္းထြန္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ေက်ာင္းအုပ္ဆရာႀကီး/ဆရာမႀကီးမ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ unicode ~~~~~~~~

(၂၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အထက(၂)တွင် ကျင်းပရာ စုစုပေါင်း လူဦးရေ (၁၀၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

အထက(၂)သံလွင်ခန်းမတွင် ၂၀၁၈ ခုနှစ် ဇွန်လ(၃)ရက်နေ့က ကျင်းပသည့် အဆိုပြိုင်ပွဲအခမ်းအနားသို့ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအပြင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်ဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများလည်း တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~