အရွယ်မရောက်သေးသည့် ကျောင်းသား၊ကျောင်းသူများ ယာဉ်မောင်းလိုင်စင်မရှိဘဲ ဆိုင်ကယ်မောင်းနှင်ပါက အုပ်ထိန်းသူအား အရေးယူမည်

အရွယ်မရောက်သေးသည့် ကျောင်းသား၊ကျောင်းသူများ ယာဉ်မောင်းလိုင်စင်မရှိဘဲ ဆိုင်ကယ်မောင်းနှင်ပါက အုပ်ထိန်းသူအား အရေးယူမည်
ဇှနျ 7, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အရွယ်မရောက်သေးသည့် ကျောင်းသား၊ကျောင်းသူများနှင့် ယာဉ်မောင်း လိုင်စင်မရှိသည့် ကျောင်းသား၊ကျောင်းသူများ ဆိုင်ကယ်မောင်းနှင်ခြင်း မပြုလုပ်ရန် သတိပေးထားပြီး လိုက်နာခြင်း မရှိပါက အုပ်ထိန်းသူများအား အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ကျောင်းဖွင့်ရာသီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်း နှင့် တပ်ဖွဲ့ဝင်များက ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ ဆရာ၊ဆရာမများဖြင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းတွင် အသိပေးကြေညာခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အရွယ်မရောက်သေးသည့် ကျောငး်သား၊ကျောင်းသူများနှင့် ယာဉ်မောင်း လိုင်စင်မရှိသည့် ကျောင်းသား၊ကျောင်းသူများ ဆိုင်ကယ်မောင်းနှင်ခြင်း မပြုလုပ်ရန် သတိပေးထားပြီး လိုက်နာခြင်း မရှိပါက အုပ်ထိန်းသူများအား အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ကလေးတွေကို ဖမ်းဆီးအရေးယူတာ မလုပ်ဘဲ မိဘနဲ့ အတန်းပိုင်ဆရာမကို အပ်ပြီးတော့ နောက်ကို ဆိုင်ကယ်မမောင်းဖို့ အသိပညာပေးတာမျိုးပဲ လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အုပ်ထိန်းသူတွေကို အရေးယူပါမယ်။ ကျွန်တော်တို့ နိုင်ငံဥပဒေအရက အသက် (၁၆)နှစ်ပြည့်ပြီးမှ မော်တော်ဆိုင်ကယ်မောင်းနှင်တဲ့ လိုင်စင်လုပ်ခွင့်ပေးပါတယ်။ ကားမောင်းခွင့် မပေးသေးပါဘူး။ ကားမောင်းခွင့်ကိုတော့ အသက်(၁၈)နှစ်ပြည့်ပြီးမှ ပေးပါတယ်”ဟု အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ယာဉ်ထိန်းတပ်ဖွဲ့အနဖြေင့် ကျောင်းဖွင့်ရာသီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်း နှင့် တပ်ဖွဲ့ဝင်များက ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ ဆရာ၊ဆရာမများဖြင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းတွင် အသိပေးကြေညာခြင်းကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~