လူငယ္မ်ား၏ ႀကံ႕ခိုင္မႈ ႏွင့္ ကယ္ဆယ္ေရးအဖြဲ႔၏ လုပ္ေဆာင္ႏိုင္စြမ္းကို ယံုၾကည္မႈရွိရန္ ထိုင္း၀န္ႀကီးခ်ဳပ္က အားေပးစကားေျပာၾကား

လူငယ္မ်ား၏ ႀကံ႕ခိုင္မႈ ႏွင့္ ကယ္ဆယ္ေရးအဖြဲ႔၏ လုပ္ေဆာင္ႏိုင္စြမ္းကို ယံုၾကည္မႈရွိရန္ ထိုင္း၀န္ႀကီးခ်ဳပ္က အားေပးစကားေျပာၾကား
ဇွန် 29, 2018
By Tachileik News Agency

ပိတ္မိေနသည့္ လူငယ္(၁၃)ဦး ကယ္ဆယ္ရွာေဖြေရးႏွင့္ ပတ္သက္၍ မယ္ဆိုင္ဂူသို႔ ဇြန္လ (၂၉)ရက္ေန႔ နံနက္တြင္ ေရာက္လာသည့္ ထုိင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အိုခ်ာက ေပ်ာက္ဆံုးေနသည့္ လူငယ္မ်ား၏ မိဘေဆြမ်ိဳးမ်ားကို လူငယ္မ်ား၏ ကိုယ္ကာယႀကံ႕ခုိင္မႈ ႏွင့္ ကယ္ဆယ္ေရးအဖြဲ႔၏ လုပ္ေဆာင္ႏိုင္စြမ္း အေပၚ ယံုၾကည္မႈရိွရန္ အားေပးစကားေျပာၾကားလုိက္သည္။

ေပ်ာက္ဆံုးေနသည့္ ကေလးမ်ားကို "သားသမီးအရင္းမ်ား ေပ်ာက္ဆံုးေနသလို ခံစားရပါတယ္"ဟု ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည့္ အျပင္ ကေလးမ်ားရိွေနႏုိင္သည္ဟု အမ်ားေမွ်ာ္လင့္ထားသည့္ ဂူအတြင္းရိွ ပတၱယားကမ္းေျခမွ ကေလးမ်ားအား ျပန္ေခၚထုတ္လာၿပီးလွ်င္ ပတၱယားကမ္းေျခသို႔ အလည္အပတ္ လုိက္ပို႔ေပးမည္ဟု ကေလးမိဘမ်ားကို အားေပးစကားေျပာခဲ့သည္။

ထိုင္းဝန္ႀကီးခ်ဳပ္က မယ္ဆိုင္ဂူအတြင္း ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕ထံေရာက္ရိွသည့္ မနက္ပိုင္းအတြင္း ေပ်ာက္ဆံုးေနသည့္ ကေလးမ်ား၏ မိဘမ်ားကို  စိတ္ဖိစီးမႈေလွ်ာ့ခ်ေပးရန္ ႀကိဳးစားခဲ့သည့္နည္းတူ လာေရာက္ ပူးေပါင္းကူညီေပးေနသည့္ ႏုိင္ငံျခားသား ကၽြမ္းက်င္သူမ်ားႏွင့္ ကယ္ဆယ္ေရး အဖြဲ႕မ်ားကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ပိတ်မိနေသည့် လူငယ်(၁၃)ဦး ကယ်ဆယ်ရှာဖွေရေးနှင့် ပတ်သက်၍ မယ်ဆိုင်ဂူသို့ ဇွန်လ (၂၉)ရက်နေ့ နံနက်တွင် ရောက်လာသည့် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပျောက်ဆုံးနေသည့် လူငယ်များ၏ မိဘဆွေမျိုးများကို လူငယ်များ၏ ကိုယ်ကာယကြံ့ခိုင်မှု နှင့် ကယ်ဆယ်ရေးအဖွဲ့၏ လုပ်ဆောင်နိုင်စွမ်း အပေါ် ယုံကြည်မှုရှိရန် အားပေးစကားပြောကြားလိုက်သည်။

ပျောက်ဆုံးနေသည့် ကလေးများကို "သားသမီးအရင်းများ ပျောက်ဆုံးနေသလို ခံစားရပါတယ်"ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည့် အပြင် ကလေးများရှိနေနိုင်သည်ဟု အများမျှော်လင့်ထားသည့် ဂူအတွင်းရှိ ပတ္တယားကမ်းခြေမှ ကလေးများအား ပြန်ခေါ်ထုတ်လာပြီးလျှင် ပတ္တယားကမ်းခြေသို့ အလည်အပတ် လိုက်ပို့ပေးမည်ဟု ကလေးမိဘများကို အားပေးစကားပြောခဲ့သည်။

ထိုင်းဝန်ကြီးချုပ်က မယ်ဆိုင်ဂူအတွင်း ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ထံရောက်ရှိသည့် မနက်ပိုင်းအတွင်း ပျောက်ဆုံးနေသည့် ကလေးများ၏ မိဘများကို စိတ်ဖိစီးမှုလျှော့ချပေးရန် ကြိုးစားခဲ့သည့်နည်းတူ လာရောက် ပူးပေါင်းကူညီပေးနေသည့် နိုင်ငံခြားသား ကျွမ်းကျင်သူများနှင့် ကယ်ဆယ်ရေး အဖွဲ့များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~