မယ္ဆိုင္ဂူ ႏွင့္ ပတ္သက္၍ တာခ်ီလိတ္တြင္ ဒုတိယေျမာက္အျဖစ္ ပုန္းထြန္ရပ္ကြက္အတြင္းရွိ သီရိရတနာဂူအတြင္း ရွာေဖြေပး

မယ္ဆိုင္ဂူ ႏွင့္ ပတ္သက္၍ တာခ်ီလိတ္တြင္ ဒုတိယေျမာက္အျဖစ္ ပုန္းထြန္ရပ္ကြက္အတြင္းရွိ သီရိရတနာဂူအတြင္း ရွာေဖြေပး
ဇွန် 29, 2018
By Tachileik News Agency
ထိုင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရွိ ထမ့္လံုခြန္နမ့္ဂူ၏ ထြက္ေပါက္ရိွႏုိင္ေျခ ရိွသည့္ေနရာမ်ားကို အိမ္နီးခ်င္း ျမန္မာႏုိင္ငံရိွ တာခ်ီလိတ္ခရုိင္အတြင္း ဒုတိယေန႔အျဖစ္ရွာေဖြမႈကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၉)ရက္ေန႔က ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ဒီေန႔ရွာတဲ့ ဂူမွာလည္း ထြက္ေပါက္က ပိတ္ေနတယ္။ သီရိရတနာဂူမွာ ဒီေန႔ ရွာၾကတာပါ။ ကၽြန္ေတာ္တို႔ကို ညႊန္ၾကားလာတဲ့ အပိုင္းေတြမွာ ထပ္ရွာေပးသြားမွာပါ။ ေနာက္ထပ္ေတာ့ လြယ္ေတာ္ခမ္းဘက္မွာ ဆက္ရွာေပးဖို႔လည္း ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဖတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ထိုင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ရိွ ဂူ၏ ထြက္ေပါက္မွာ အိမ္နီးခ်င္းျမန္မာႏုိင္ငံ တာခ်ီလိတ္ခရိုင္အတြင္းရိွသည္ဟု ယူဆသျဖင့္ ထုိင္းႏုိင္ငံက ျမန္မာႏုိင္ငံဘက္ျခမ္းမွ ကူညီရွာေဖြေပးရန္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၈)ရက္ေန႔တြင္ အကူအညီေတာင္းခံလာသျဖင့္ ခရိုင္ႏွင့္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ၏ ညႊန္ၾကားခ်က္ျဖင့္ ေဒသတြင္းတာဝန္ရိွသူမ်ား၊ လူမႈေရးအဖြဲ႕မ်ား ပူးေပါင္းအဖြဲ႕ျဖင့္ ရွာေဖြမႈ လုပ္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ ရွာေဖြေရးကို မီးသတ္တပ္ဖြဲ႕က ဦးေဆာင္ၿပီး ဆက္ၿပီးလုပ္ေဆာင္ေနပါတယ္။ ေနာက္ထပ္ လိုအပ္တယ္ ဆိုရင္ ဆက္လက္ ရွာေဖြမႈေတြ ကၽြန္ေတာ္တို႔ဘက္က လုပ္ေဆာင္ေပးသြားဖုိ႔ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီတပ္ဖြဲ႔၊ ကယ္ဆယ္ေရးအဖြဲ႕၊ ရဲတပ္ဖြဲ႕၊ လူမႈကူညီေရးအဖြဲ႕၊ သက္ဆုိင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးတို႔ ပါဝင္သည့္အဖြဲ႕ျဖင့္ ရွာေဖြမႈမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ဇြန္လ (၂၈)ရက္ေန႔တြင္ ေငြေတာင္ဦး ေငြေစတီကုန္းတြင္ စတင္ ရွာေဖြခဲ့ျခင္းျဖစ္သည္။

ထုိင္းႏုိင္ငံဘက္မွ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ တာခ်ီလိတ္ခရိုင္အတြင္းရိွ ေဒသ တာဝန္ရိွသူမ်ားက ႀကီးၾကပ္၍  လိုအပ္သည့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားကို ျပည္နယ္အစိုးရ ပံ့ပိုးမႈျဖင့္ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကယ္ဆယ္ေရးနဲ႔ ပတ္သက္ၿပီး လိုအပ္တာမ်ား ေဆာင္ရြက္ေပးရန္ဆိုၿပီး ျပည္နယ္မီးသတ္နဲ႔ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီကို ညႊန္ၾကားထားပါတယ္။ ကယ္ဆယ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လိုအပ္သမွ် ေဆာင္ရြက္ေပးဖို႔ဆိုၿပီး အေၾကာင္းၾကားထားပါတယ္။ သူတို႔အတြက္ လိုအပ္တာေတြကို ျပည္နယ္အစိုးရက ပံပိုးေပးသြားမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီက ဦးေဆာင္၍ ေဒသတြင္း တာဝန္ရိွသူမ်ား၊ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီတပ္ဖြဲ႕ႏွင့္ လူမႈကူညီေရးအဖြဲ႕မ်ားက ေဒသတြင္းမွ နယ္ေျမကၽြမ္းက်င္သူမ်ား အကူအညီျဖင့္ ျဖစ္ႏုိင္ေခ်ရိွသည့္ ေနရာမ်ားကို ထပ္မံရွာေဖြေပးသြားမည္ျဖစ္ၿပီး ထုိင္းႏုိင္ငံဘက္မွ ကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေပးသြားရန္ အသင့္ျပင္ဆင္ထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံအေနျဖင့္ ပူးေပါင္းကူညီေဆာင္ရြက္ႏုိင္ေရးအတြက္ ျပည္ေထာင္စုအစိုးရက ႏုိင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔သို႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၈)ရက္ေန႔တြင္ ညႊန္ၾကားလုိက္ၿပီးေနာက္ ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ခရိုင္တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ နယ္ျခားေကာ္မတီခ်င္း ခ်ိတ္ဆက္၍ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕ရိွ ထမ့္လံုခြန္နမ့္လိုဏ္ဂူအတြင္း ဇြန္လ (၂၃)ရက္ေန႔ကတည္းက ဝင္သြားသည့္ ေက်ာင္းသားလူငယ္ (၁၃)ဦးကို ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ား၊ လူမႈကူညီေရးအဖြဲ႕မ်ား၊ ႏိုင္ငံတကာက ပူးေပါင္းကူညီသူမ်ားျဖင့္ နည္းလမ္းမ်ိဳးစံုသံုး၍ ရွာေဖြေနဆဲျဖစ္ၿပီး ဇြန္လ (၂၉)ရက္ေန႔ ညေနပိုင္းအထိ  ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - ပုန္းထြန္ရပ္ကြက္ရံုး




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်ဂူ၏ ထွက်ပေါက်ရှိနိုင်ခြေ ရှိသည့်နေရာများကို အိမ်နီးချင်း မြန်မာနိုင်ငံရှိ တာချီလိတ်ခရိုင်အတွင်း ဒုတိယနေ့အဖြစ်ရှာဖွေမှုကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့က ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

“ဒီနေ့ရှာတဲ့ ဂူမှာလည်း ထွက်ပေါက်က ပိတ်နေတယ်။ သီရိရတနာဂူမှာ ဒီနေ့ ရှာကြတာပါ။ ကျွန်တော်တို့ကို ညွှန်ကြားလာတဲ့ အပိုင်းတွေမှာ ထပ်ရှာပေးသွားမှာပါ။ နောက်ထပ်တော့ လွယ်တော်ခမ်းဘက်မှာ ဆက်ရှာပေးဖို့လည်း ရှိပါတယ်”ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဂူ၏ ထွက်ပေါက်မှာ အိမ်နီးချင်းမြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်းရှိသည်ဟု ယူဆသဖြင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်ခြမ်းမှ ကူညီရှာဖွေပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် အကူအညီတောင်းခံလာသဖြင့် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဒေသတွင်းတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေမှု လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ရှာဖွေရေးကို မီးသတ်တပ်ဖွဲ့က ဦးဆောင်ပြီး ဆက်ပြီးလုပ်ဆောင်နေပါတယ်။ နောက်ထပ် လိုအပ်တယ် ဆိုရင် ဆက်လက် ရှာဖွေမှုတွေ ကျွန်တော်တို့ဘက်က လုပ်ဆောင်ပေးသွားဖို့ရှိပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သည့်အဖွဲ့ဖြင့် ရှာဖွေမှုများကို လုပ်ဆောင်နခြေင်းဖြစ်ပြီး ဇွန်လ (၂၈)ရက်နေ့တွင် ငွေတောင်ဦး ငွေစေတီကုန်းတွင် စတင် ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် တာချီလိတ်ခရိုင်အတွင်းရှိ ဒေသ တာဝန်ရှိသူများက ကြီးကြပ်၍ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြည်နယ်အစိုးရ ပံ့ပိုးမှုဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး လိုအပ်တာများ ဆောင်ရွက်ပေးရန်ဆိုပြီး ပြည်နယ်မီးသတ်နဲ့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီကို ညွှန်ကြားထားပါတယ်။ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးတော့ လိုအပ်သမျှ ဆောင်ရွက်ပေးဖို့ဆိုပြီး အကြောင်းကြားထားပါတယ်။ သူတို့အတွက် လိုအပ်တာတွေကို ပြည်နယ်အစိုးရက ပံပိုးပေးသွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ ဒေသတွင်း တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များက ဒေသတွင်းမှ နယ်မြေကျွမ်းကျင်သူများ အကူအညီဖြင့် ဖြစ်နိုင်ချေရှိသည့် နေရာများကို ထပ်မံရှာဖွေပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးသွားရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနဖြေင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ဝင်သွားသည့် ကျောင်းသားလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ နိုင်ငံတကာက ပူးပေါင်းကူညီသူများဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေနေဆဲဖြစ်ပြီး ဇွန်လ (၂၉)ရက်နေ့ ညနေပိုင်းအထိ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နခြေင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ပုန်းထွန်ရပ်ကွက်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~