မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူအတွင်း ၀င်ရောက်သွားသည့် ကျောင်းသား လူငယ် (၁၂)ဦးအား ဂူအတွင်းရေကြီးမှုကြောင့် ရှာဖွေကယ်ဆယ်ရေး ခက်ခဲနေပြီး ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ မတွေ့ရှိသေး

မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူအတွင်း ၀င်ရောက်သွားသည့် ကျောင်းသား လူငယ် (၁၂)ဦးအား ဂူအတွင်းရေကြီးမှုကြောင့် ရှာဖွေကယ်ဆယ်ရေး ခက်ခဲနေပြီး ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ မတွေ့ရှိသေး
ဇှနျ 24, 2018
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက စတင်ပြီး ၀င်သွားရာမှ  တစ်ညအကြာ အထိ ပြန်လည် မထွက်လာ နိုင်သေးသည့် ကျောင်းသား လူငယ်(၁၂)ဦးနှင့် ပတ်သက်၍ ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီအထိ ရှာဖွေရာတွင် မတွေ့ရှိရသေးဘဲ ဂူအတွင်း၌ ရေကြီး ရေစီးနေ၍ ရှာဖွေ ကယ်ဆယ်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက ၀င်ရောက်သွားသည့် မယ်ဆိုင်မြို့၏ ကျောင်းပေါင်းစုံမှ ဘောလုံး အားကစားသမား ကျောင်းသား (၁၁)ဦး နှင့် နည်းပြ(၁)ဦးတို့မှာ ဂူအတွင်းမှ ပြန်လည် ထွက်လာနိုင်ခြင်း မရှိသေးသည့် အတွက် ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် ရှာဖွေ နေလျက်ရှိရာ ဂူအတွင်း၌ ရေကြီးနေ၍ ရှာဖွေကယ်ဆယ်မှု ခက်ခဲနေလျက်ရှိကြောင်း သွားရောက် ရှာဖွေသူ၏ ပြန်လည်ရှင်းပြချက်အရ သိရသည်။

"ဂူထဲမှာ ကလေးတွေရဲ့ ဖိနပ်တွေ၊ အသုံးဆောင်ပစ္စည်းတွေ တွေ့ခဲ့တယ်၊ သူတို့ သွားတဲ့ အချိန်တုန်းက ဂူထဲမှာ ရေကြီးနေတဲ့ အလားအလာ မရှိသေးဘူး၊ နောက်ပိုင်း  ရေကြီးလာတဲ့ သဘောရှိတယ်၊ ရေကြီးလာတော့ သူတို့ ပြန်ထွက်လာဖို့ ခက်သွားတာဖြစ်လိမ့်မယ်၊ ရေတွေခံနေတယ်၊ ရေတွေကို ဖယ်ရှားပြီးမှ ဆက်လက် ရှာဖွေ ကယ်ဆယ်မှုကို လုပ်နိုင်လိမ့်မယ်"ဟု ဂူအတွင်းသို့ (၃)ကီလိုမီတာ အကွာအဝေးထိ ဝင်ရောက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဝင် အသက်(၄၁)နှစ်အရွယ် အမျိုးသားတစ်ဦးက ဂူအထွက်တွင် သက်ဆိုင်ရာများအား ပြန်လည်ရှင်းပြကြောင်း သိရသည်။

ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ ဂူထဲတွင် ကျောင်းသား လူငယ်များကို ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း နှင့် အသံပေး အော်ခေါ်သော်လည်း ရေကြီး ရေစီးသံကျယ်များကြောင့် တစ်ဖက်တွင် ကြားနိုင်မည် မဟုတ်ကြောင်းနှင့် ဆက်လက်၍ ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

လက်ရှိတွင် လူမှုကွန်ရက်များနှင့် ထိုင်းမီဒီယာအချို့တွင် ကျောင်းသား လူငယ်(၁၂)ဦးအား ပြန်တွေ့ပြီ ဆိုသည်မှာ မဟုတ်ကြောင်း၊ ဂူအတွင်းရှိနေသည့် ရေများကို ဖြတ်ကျော်ရှာဖွေပြီးမှသာ တွေ့ရှိ /မတွေ့ရှိ အခြေအနေများကို သိနိုင်မှာဖြစ်ကြောင်း အသိပေးထားရှိသည်။


ဂူထဲသို့ ၀င်ရောက်သွားကြသူ (၁၂)ဦးတွင် အသက်အကြီးဆုံးအနေဖြင့် (၂၅)နှစ်အရွယ် မှ အသက် (၁၁)နှစ်အရွယ်အထိ ပါဝင်ကြောင်း သိရသည်။


သတင်း - ကိုဇောင်း



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက စတင်ပြီး ဝင်သွားရာမှ တစ်ညအကြာ အထိ ပြန်လည် မထွက်လာ နိုင်သေးသည့် ကျောင်းသား လူငယ်(၁၂)ဦးနှင့် ပတ်သက်၍ ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီအထိ ရှာဖွေရာတွင် မတွေ့ရှိရသေးဘဲ ဂူအတွင်း၌ ရကြေီး ရေစီးနေ၍ ရှာဖွေ ကယ်ဆယ်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်သွားသည့် မယ်ဆိုင်မြို့၏ ကျောင်းပေါင်းစုံမှ ဘောလုံး အားကစားသမား ကျောင်းသား (၁၁)ဦး နှင့် နည်းပြ(၁)ဦးတို့မှာ ဂူအတွင်းမှ ပြန်လည် ထွက်လာနိုင်ခြင်း မရှိသေးသည့် အတွက် ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် ရှာဖွေ နေလျက်ရှိရာ ဂူအတွင်း၌ ရကြေီးနေ၍ ရှာဖွေကယ်ဆယ်မှု ခက်ခဲနေလျက်ရှိကြောင်း သွားရောက် ရှာဖွေသူ၏ ပြန်လည်ရှင်းပြချက်အရ သိရသည်။

"ဂူထဲမှာ ကလေးတွေရဲ့ ဖိနပ်တွေ၊ အသုံးဆောင်ပစ္စည်းတွေ တွေ့ခဲ့တယ်၊ သူတို့ သွားတဲ့ အချိန်တုန်းက ဂူထဲမှာ ရကြေီးနေတဲ့ အလားအလာ မရှိသေးဘူး၊ နောက်ပိုင်း ရကြေီးလာတဲ့ သဘောရှိတယ်၊ ရကြေီးလာတော့ သူတို့ ပြန်ထွက်လာဖို့ ခက်သွားတာဖြစ်လိမ့်မယ်၊ ရေတွေခံနေတယ်၊ ရေတွေကို ဖယ်ရှားပြီးမှ ဆက်လက် ရှာဖွေ ကယ်ဆယ်မှုကို လုပ်နိုင်လိမ့်မယ်"ဟု ဂူအတွင်းသို့ (၃)ကီလိုမီတာ အကွာအေဝးထိ ဝင်ရောက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဝင် အသက်(၄၁)နှစ်အရွယ် အမျိုးသားတစ်ဦးက ဂူအထွက်တွင် သက်ဆိုင်ရာများအား ပြန်လည်ရှင်းပြကြောင်း သိရသည်။

ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ ဂူထဲတွင် ကျောင်းသား လူငယ်များကို ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း နှင့် အသံပေး အော်ခေါ်သော်လည်း ရကြေီး ရေစီးသံကျယ်များကြောင့် တစ်ဖက်တွင် ကြားနိုင်မည် မဟုတ်ကြောင်းနှင့် ဆက်လက်၍ ရှာဖွေသွားမည်ဖြစ်ကြောင်း၎င်းက ထပ်မံရှင်းပြသည်။

လက်ရှိတွင် လူမှုကွန်ရက်များနှင့် ထိုင်းမီဒီယာအချို့တွင် ကျောင်းသား လူငယ်(၁၂)ဦးအား ပြန်တွေ့ပြီ ဆိုသည်မှာ မဟုတ်ကြောင်း၊ ဂူအတွင်းရှိနေသည့် ရေများကို ဖြတ်ကျော်ရှာဖွပြေီးမှသာ တွေ့ရှိ /မတွေ့ရှိ အခြေအနေများကို သိနိုင်မှာဖြစ်ကြောင်း အသိပေးထားရှိသည်။

"ကျွန်တော်လည်း မယ်ဆိုင်ဘက်က သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ မတွေ့သေးဘူးလို့ ပြောတယ်။ တစ်ချို့ပြောတာတော့ အသက်ဘေးက လွတ်ပြီး တစ်နေရာရာမှာ ရှိနေနိုင်တယ်တဲ့၊ သူတို့ဝင်​သွားပြီးမှ ​တောင်​ကျ​ရေ ကျလာလို့ အပြန်​လမ်​းပိတ်​သွားတာဖြစ်​လိမ်​့မယ်​" ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဂူထဲသို့ ဝင်ရောက်သွားကြသူ (၁၂)ဦးတွင် အသက်အကြီးဆုံးအနဖြေင့် (၂၅)နှစ်အရွယ် မှ အသက် (၁၁)နှစ်အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

လှိုဏ်ဂူအတွင်း ဝင်ရောက်သွားသူများအား ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘက်ပေါင်းစုံ ကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ဆက်လက် ရှာဖွေနေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ကိုဇောင်း
Photo: kaokrai.com၊ PR.Chiangrai  

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~