ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ်နှင့်အထက် သွေးလှူဒါန်းခဲ့ကြသူ (၈၇)ဦးကို ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားဖြင့် ဂုဏ်ပြု

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ်နှင့်အထက် သွေးလှူဒါန်းခဲ့ကြသူ (၈၇)ဦးကို ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားဖြင့် ဂုဏ်ပြု
ဇှနျ 14, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ်နှင့်အထက် သွေးလှူဒါန်း ပေးခဲ့ကြသည့် သွေးအလှူရှင် (၁၁၀)ဦးအနက် ဆက်သွယ်ရရှိသည့် သွေးအလှူရှင် (၈၇)ဦးအား ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် ကျင်းပပြုလုပ်ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ယနေ့ ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်ပြီး ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါ အခမ်းအနားတွင်   ပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ်နှင့်အထက် သွေးလှူဒါန်း ခဲ့ကြသည့် သွေးအလှုရှင်များ အပါအ၀င် သွေးအလှူရှင်များအား ရှာဖွေပေးခဲ့ကြသည့် သွေးအလှူရှင် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ အပြင် ယခု ကျင်းပသည့် အခမ်းအနားအတွက် ပံ့ပိုး ကူညီပေးခဲ့ကြသည့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။



အခမ်းအနားသို့  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရာရှိကြီးများ၊  အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဥာဏ်မြင့် နှင့် ကျန်းမာရေးဝန်ထမ်းများ အပါအ၀င် ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ်နှင့်အထက် သွေးလှူဒါန်း ပေးခဲ့ကြသည့် သွေးအလှူရှင် (၁၁၀)ဦးအနက် ဆက်သွယ်ရရှိသည့် သွေးအလှူရှင် (၈၇)ဦးအား ကမာ္ဘ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် ကျင်းပပြုလုပ်ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ယနေ့ ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်ပြီး ကမာ္ဘ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် ပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ်နှင့်အထက် သွေးလှူဒါန်း ခဲ့ကြသည့် သွေးအလှုရှင်များ အပါအဝင် သွေးအလှူရှင်များအား ရှာဖွေပေးခဲ့ကြသည့် သွေးအလှူရှင် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ အပြင် ယခု ကျင်းပသည့် အခမ်းအနားအတွက် ပံ့ပိုး ကူညီပေးခဲ့ကြသည့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် (၁၆)ကြိမ် နှင့်အထက် သွေးလှူဒါန်းခဲ့ကြသည့် သွေးအလှူရှင် (၁၁၀)ဦးအနက် ဂုဏ်ပြုလွှာချီးမြှင့်ရန် (၈၇)ဦးသာ ဆက်သွယ်ရရှိခဲ့ပြီး အဆိုပါ (၈၇)ဦးတွင် သွေးလှူသည့်အကြိမ် အများဆုံး အဖြစ် (၉၉)ကြိမ်အထိ လှူဒါန်းပေးခဲ့သူ ဦးတိုးတိုးဝင်းလည်း ပါဝင်ကြောင်း သိရသည်။

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရောဂါရှာဖွေရေးအထူးကုဆရာဝန်ကြီးဒေါက်တာစောမြတ်သွယ်က သွေးလှူဒါန်းခြင်း နှင့် သွေးသွင်း ကုသခြင်းများနှင့် ပတ်သက်၍ အသိပညာပေးအဖြစ် ပြောကြားသည်။

အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရာရှိကြီးများ၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့် နှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~