တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးအမႈန္႔ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးအမႈန္႔ ဖမ္းဆီးရမိ
မေ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု ယမ္းခမ္းေက်းရြာရိွ နာဂ(ေခၚ)ေမရင္း၏ ေနအိမ္အား ၂၀၁၈ခုႏွစ္ ေမလ (၃)ရက္ နံနက္(၇)နာရီ၀န္းက်င္တြင္ မူးယစ္တပ္ဖြဲ႕စု(၃၀)မွ ရဲတပ္ဖြဲ႕၀င္မ်ားက ၀င္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးမႈန္႔မ်ားကို ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)မွ တပ္ဖြဲ႕၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က မူးယစ္ေဆး၀ါးသတင္းအရ ေမရင္း၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ နာဂ(ေခၚ)ေမရင္းႏွင့္ ၎၏ ခင္ပြန္းျဖစ္သူ စိုင္းစံတို႔အား ေနအိမ္ အိပ္ခန္းအတြင္းတြင္ အသင့္ေတြ႔ရွိရၿပီး ေနအိမ္၀င္ေပါက္ တံခါးေဘးတြင္ ပုံထားေသာ အျပာေရာင္ ဂြမ္းေစာင္ေခါက္ အတြင္းမွ ပန္းေရာင္ စိတ္ၾကြေဆးမႈန္႔အေလးခ်ိန္ (၁၂)ဂရမ္စီ ပါ၀င္သည့္ (၂)ထုပ္အား လည္းေကာင္း၊ ေနအိမ္အေပၚတက္သည့္ ေလွကားေဘး၏ ယာဘက္အိပ္ခန္းအတြင္းရွိ ေမြ႕ယာေအာက္မွ (၇)ဂရမ္စီခန္႔ ပါေသာ စိတ္ၾကြေဆးမႈန္႔ (၂)ထုပ္ႏွင့္ ေမြ႕ယာေဘးၾကမ္းျပင္ ေပၚမွ မူးယစ္ေဆး၀ါး သုံးစြဲရာတြင္ အသုံးျပဳေသာ ၀ါးရိုးပိုက္တပ္လ်က္ ေရသန္႕ဘူး(၁)ဗူး၊ အရွည္ (၉)လက္မခန္႕ရိွေသာ ခဲျပားတစ္ခုတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တရားခံျဖစ္သူ နာဂ(ေခၚ)ေမရင္းႏွင့္ စိုင္းစံတို႕အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - မူးယစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ယမ်းခမ်းကျေးရွာရှိ နာဂ(ခေါ်)မေရင်း၏ နေအိမ်အား ၂၀၁၈ခုနှစ် မေလ (၃)ရက် နံနက်(၇)နာရီဝန်းကျင်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးမှုန့်များကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ မေရင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နာဂ(ခေါ်)မေရင်းနှင့်၎င်း၏ ခင်ပွန်းဖြစ်သူ စိုင်းစံတို့အား နေအိမ် အိပ်ခန်းအတွင်းတွင် အသင့်တွေ့ရှိရပြီး နေအိမ်ဝင်ပေါက် တံခါးဘေးတွင် ပုံထားသော အပြာရောင် ဂွမ်းစောင်ခေါက် အတွင်းမှ ပန်းရောင် စိတ်ကြွဆေးမှုန့်အလေးချိန် (၁၂)ဂရမ်စီ ပါဝင်သည့် (၂)ထုပ်အား လည်းကောင်း၊ နေအိမ်အပေါ်တက်သည့် လှေကားဘေး၏ ယာဘက်အိပ်ခန်းအတွင်းရှိ မွေ့ယာအောက်မှ (၇)ဂရမ်စီခန့် ပါသော စိတ်ကြွဆေးမှုန့် (၂)ထုပ်နှင့် မွေ့ယာဘေးကြမ်းပြင် ပေါ်မှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဝါးရိုးပိုက်တပ်လျက် ရေသန့်ဘူး(၁)ဗူး၊ အရှည် (၉)လက်မခန့်ရှိသော ခဲပြားတစ်ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံဖြစ်သူ နာဂ(ခေါ်)မေရင်းနှင့် စိုင်းစံတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - မူးယစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~