၇၂ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်စွမ်းရည်နှင့် ကယ်ဆယ်ရေးသရုပ်ပြပွဲ မကွေးတွင်ကျင်းပ
၇၂ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်စွမ်းရည်နှင့် ကယ်ဆယ်ရေးသရုပ်ပြပွဲ မကွေးတွင်ကျင်းပ
မေ 5, 2018
By Tachileik News Agency
မီးသတ်စွမ်းရည်နှင့် ကယ်ဆယ်ရေးသရုပ်ပြသခြင်းအစီအစဉ်တွင် လှေကားတင်မီးငြိမ်းသတ်ယာဉ်ပေါ်မှ ရဟတ်ယာဉ် ကြိုးဆင်းနည်းစနစ်ပြသခြင်း၊ High Pressure Pump စွမ်းရည်ပြသခြင်း၊ အထပ်မြင့်တွင် ပိတ်မိသူများကို လှေကားတင်မီးငြိမ်းသတ်ယာဉ်အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ အဆိုပါယာဉ်ဖြင့် တံတားထိုး၍ ရှာဖွေကယ်ဆယ်ခြင်း၊ ဆီမီးလောင်မှုကို ကာဗွန်ဒိုင် အောက်ဆိုဒ် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း၊ 3 D Nozzle အသုံးပြု၍ ရေမှုန်ရေမွှားဖြင့် မီးငြိမ်းသတ်ခြင်း၊Foam Making Branch Pipe အသုံးပြု၍ အမြုပ်ဆေးရေဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်စက်ကြီး စွမ်းရည်နှင့် Water Colour ဖြင့် ရေပက်ဖြန်းခြင်း စွမ်းရည်များကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းအတွင်း ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ  (၁၀)နှစ်အတွင်း မီးလောင်သည့် အကြိမ်ရေပေါင်း (၉၉၅)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဖိုမီး(၃၁၄)ကြိမ်၊ ပေါ့ဆမီး(၄၄၁)ကြိမ်၊ လျှပ်စစ်မီး(၁၃၃)ကြိမ်၊ မသမာသူရှို့မီး (၁၂၅)ကြိမ်၊ တောမီးအကြိမ်(၆၀)၊ အလိုအလျောက်မီး(၁၄)ကြိမ်၊ မိုးကြိုးပစ်မီး(၁)ကြိမ် လောင်ကျွမ်းခဲ့ကာ အိမ်ခြေ(၄၆၉၁)လုံး၊ ဂိုဒေါင်အလုံး(၄၀) မီးသင့်ခံရကာ သေဆုံးသူ(၁၅၂)ဦး၊ ဒါဏ်ရာရရှိသူ (၁၈၆)ဦး၊ တိရိစ္ဆာန်သေဆုံးမှု(၈၈၆)ကောင်၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်သိန်း(၁၁၂၉၀)ကျော် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ မီးလောင်သည့်အကြိမ်ရေ (၇၃)ကြိမ်တွင် မီးဖိုမီး (၁၆)ကြိမ်၊ ပေါ့ဆမီး(၂၅)ကြိမ်၊ လျှပ်စစ်မီး(၁၁)ကြိမ်၊ မသမာသူရှို့မီး(၉)ကြိမ်၊ တောမီး(၁၂)ကြိမ် လောင်ကျွမ်းခဲ့ကာ အိမ်ခြေအလုံး(၂၇၀)၊ ဂိုဒေါင်(၁)လုံး မီးသင့်ပြီး လူသေဆုံးမှု(၁)ဦး၊ တိရိစ္ဆာန်သေဆုံးမှု (၄၉၃) ကောင် ရှိခဲ့ကာ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်(၁၀၉၈)သိန်းကျော်ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှတ်တမ်းများအရသိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ရှို့မီးအများဆုံးဖြစ်ပွားကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးတွင် (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မီးသတ် စွမ်းရည်နှင့် ကယ်ဆယ်ရေး သရုပ်ပြပွဲ အခမ်းအနားကို မေလ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ စခန်းသန့်ရှင်းသာယာရေးဆု(၁)ဆုနှင့် မီးသတ်ကျင့်ဝတ် ထူးချွန်ဆု (၃)ဆုကိုလည်း ချီးမြှင့်ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီးနောက် မီးသတ်တပ်ဖွဲ့က စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုခဲ့ကြသည်။
မီးသတ်စွမ်းရည်နှင့် ကယ်ဆယ်ရေးသရုပ်ပြသခြင်းအစီအစဉ်တွင် လှေကားတင်မီးငြိမ်းသတ်ယာဉ်ပေါ်မှ ရဟတ်ယာဉ် ကြိုးဆင်းနည်းစနစ်ပြသခြင်း၊ High Pressure Pump စွမ်းရည်ပြသခြင်း၊ အထပ်မြင့်တွင် ပိတ်မိသူများကို လှေကားတင်မီးငြိမ်းသတ်ယာဉ်အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ အဆိုပါယာဉ်ဖြင့် တံတားထိုး၍ ရှာဖွေကယ်ဆယ်ခြင်း၊ ဆီမီးလောင်မှုကို ကာဗွန်ဒို်င် အောက်ဆိုဒ် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း၊ 3 D Nozzle အသုံးပြု၍ ရေမှုန်ရေမွှားဖြင့် မီးငြိမ်းသတ်ခြင်း၊Foam Making Branch Pipe အသုံးပြု၍ အမြုပ်ဆေးရဖြေင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်စက်ကြီး စွမ်းရည်နှင့် Water Colour ဖြင့် ရေပက်ဖြန်းခြင်း စွမ်းရည်များကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
မီးသတ်စခန်းသာယာလှပရေးဆုကို ဆိပ်ဖြူမြို့နယ်မီးသတ်စခန်း၊ အရာရှိအဆင့် ကျင့်ဝတ်ပထမဆုကို မြိုင်မြို့နယ် လင်းကတော နယ်မြေမီးသတ်စခန်း လက်ထောက်နည်းပြဦးစီးမှူး အောင်သူ၊ အကြပ်အဆင့် ကျင့်ဝတ်ပထမဆုကို စလင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ဒုတပ်ကြပ် ရန်မျိုးအောင်၊ တပ်သားအဆင့် ကျင့်ဝတ်ပထမဆုကို ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ မြတ်ကိုကိုတို့ကို ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ယခုအချိန်မှာ မီးသတ်တပ်ဖွဲ့ရဲ့ အဓိက လုပ်ငန်းတွဖြေစ်တဲ့ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး၊ မီးငြိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ တို့မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုရရှိနေတာ တွေ့ရတယ်။ ဆက်လက်ယုံကြည်အားကိုးလာအောင်လည်း တို့တပ်ဖွဲ့ဝင်တွေ ကြိုးစားကြရမယ်။ မိမိလုပ်ငန်းရဲ့ နည်းပညာ၊ အတတ်ပညာများကို ကျွမ်းကျင် ပိုင်နိုင်အောင်ကြိုးစားခြင်းဟာ မိမိအလုပ်ကိုလေးစားခြင်း၊ မိမိတပ်ဖွဲ့ကို တန်ဖိုးထားခြင်းပဲဖြစ်တယ်" ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
မကွေးတိုင်းအတွင်း ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၁၀)နှစ်အတွင်း မီးလောင်သည့် အကြိမ်ရေပေါင်း (၉၉၅)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးဖိုမီး(၃၁၄)ကြိမ်၊ ပေါ့ဆမီး(၄၄၁)ကြိမ်၊ လျှပ်စစ်မီး(၁၃၃)ကြိမ်၊ မသမာသူရှို့မီး (၁၂၅)ကြိမ်၊ တောမီးအကြိ်မ်(၆၀)၊ အလိုအလျောက်မီး(၁၄)ကြိမ်၊ မိုးကြိုးပစ်မီး(၁)ကြိမ် လောင်ကျွမ်းခဲ့ကာ အိမ်ခြေ(၄၆၉၁)လုံး၊ ဂိုဒေါင်အလုံး(၄၀) မီးသင့်ခံရကာ သေဆုံးသူ(၁၅၂)ဦး၊ ဒါဏ်ရာရရှိသူ (၁၈၆)ဦး၊ တိရိစာ္ဆန်သေဆုံးမှု(၈၈၆)ကောင်၊ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်သိ်န်း(၁၁၂၉၀)ကျော် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ မီးလောင်သည့်အကြိမ်ရေ (၇၃)ကြိမ်တွင် မီးဖိုမီး (၁၆)ကြိမ်၊ ပေါ့ဆမီး(၂၅)ကြိမ်၊ လျှပ်စစ်မီး(၁၁)ကြိမ်၊ မသမာသူရှို့မီး(၉)ကြိမ်၊ တောမီး(၁၂)ကြိ်မ် လောင်ကျွမ်းခဲ့ကာ အိမ်ခြေအလုံး(၂၇၀)၊ ဂိုဒေါင်(၁)လုံး မီးသင့်ပြီး လူသေဆုံးမှု(၁)ဦး၊ တိရိစာ္ဆန်သေဆုံးမှု (၄၉၃) ကောင် ရှိခဲ့ကာ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်(၁၀၉၈)သိန်းကျော်ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှတ်တမ်းများအရသိရပြီး တစ်နို်င်ငံလုံးအတို်င်းအတာအရ ရှို့မီးအများဆုံးဖြစ်ပွားကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~