မန္းေရႊစက္ေတာ္ မိုးခိုေစ်းသည္မ်ားအား ဖယ္ရွားရွင္းလင္းၿပီး အဆင့္မီစားေသာက္ဆိုင္မ်ား အမွတ္တရပစၥည္းဆိုင္မ်ား အတြက္ တင္ဒါေခၚယူခ်ထားေပးသြားရန္ ေဂါပကအဖဲြ႔ စီစဥ္

မန္းေရႊစက္ေတာ္ မိုးခိုေစ်းသည္မ်ားအား ဖယ္ရွားရွင္းလင္းၿပီး အဆင့္မီစားေသာက္ဆိုင္မ်ား အမွတ္တရပစၥည္းဆိုင္မ်ား အတြက္ တင္ဒါေခၚယူခ်ထားေပးသြားရန္ ေဂါပကအဖဲြ႔ စီစဥ္
မေ 13, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းရွိ မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ မိုးခိုေစ်းသည္မ်ား ေမလ(၁၂)ရက္ ညေနပိုင္းတြင္ အၿပီးဖယ္ရွား ေပးရန္ ေရႊစက္ေတာ္ေဂါပကအဖဲြ႔မွ အမိန္႔ေၾကျငာခ်က္ထုတ္ျပန္လိုက္သျဖင့္ ေစ်းသည္မ်ား အခက္အခဲ မ်ားႏွင့္ ႀကံဳေတြ႔ေနရေသာ္လည္း ေဂါပကအဖဲြ႔မွ လိုက္နာရန္သာ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဘုရားဖူး ျပည္သူမ်ား အဆင္ေျပစြာ တည္းခိုစားေသာက္ ႏိုင္ေရးအတြက္ အဆင့္မီစားေသာက္ဆိုင္မ်ား၊ အမွတ္တရ ပစၥည္းဆိုင္မ်ား၊ တည္းခိုေဆာင္မ်ား တင္ဒါေခၚယူခ်ထားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ခုမွ အဖယ္ခိုင္းတာ မဟုတ္ပါဘူး။ ပဲြေတာ္က်င္းပေနစဥ္ ကာလတစ္ဝက္ေလာက္ကတည္းက ဒီႏွစ္ မိုးေခၚ ေစ်းသည္ေတြ မထားဘူးလို႔ ေျပာထားၿပီးသားပါ။ ပဲြေတာ္မၿပီးခင္ (၂)ပတ္၊ (၃)ပတ္ေလာက္ကလည္း အသံခ်ဲ႕စက္နဲ႔ ေၾကျငာပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက ဒီမွာရိွတဲ့ဟာေတြ အျမန္ႏွင္ပါ။ ထားမယ္ဆို ဘယ္ သူ တာဝန္ခံ မလဲဆိုၿပီး တိုင္းေဒသႀကီးအစိုးရအဖဲြ႔ အစည္းအေဝးမွာ ျပန္တင္ျပပါဆိုတဲ့ အခါ ကြ်န္ေတာ္ပဲ ဥကၠဌ ဆိုေတာ႔ သူတို႔ကို ကြ်န္ေတာ္ ေဆြးေႏြးတယ္။ အဲလိုေတာ့ ျဖစ္ေနၿပီ က်န္တဲ့ ေဂါပကေတြက ဘယ္သူမွ တာ ဝန္မခံဘူး။ ဒီတစ္ႏွစ္ေတာ႔ ဆိုးသည္ျဖစ္ေစ ေကာင္းသည္ျဖစ္ေစ ကြ်န္ေတာ္ တာဝန္ခံ ပါတယ္ ဆိုၿပီး ထားခဲ့တာ (၄၀)ေက်ာ္ေလာက္ရိွပါတယ္။ အဲလိုထားေတာ႔ အထက္ကလူေတြ လာတယ္ ေပါ့ဗ်ာ။ လာတဲ့အခါက်ေတာ႔ သူတို႔က မွ်စ္ေတြခ်ိဳးတယ္။ မွ်စ္ေတြကို ရင္ျပင္ေတာ္ေပၚအထိ လွမ္းတယ္။ ဒါေတြကိုျမင္ေတာ့ ျမင္လို႔မေကာင္းဘူး။ (၃)မိုင္လမ္းက မဟုတ္ဘဲ (၈)မိုင္ဘက္ကလာတဲ့ အခါက်ေတာ့ လည္း ေမ်ာတိုင္ေတြ ခုတ္သယ္ေန တာေတြ၊ မီးေသြးဖုတ္ေနတာေတြေတြ႔ၾကရတယ္ဆိုၿပီး ေျပာတယ္။သူတို႔ စည္းကမ္းလိုက္နာမႈအားနည္း ေတာ႔ ဘုရားႀကီးရဲ႕သန္႔ရွင္းသပ္ရပ္မႈကိုလည္း ထိခိုက္ေစတာေၾကာင္႔ ဖယ္ရွားခိုင္းရျခင္းျဖစ္ပါတယ္။ လိုက္ နာျခင္းမရိွရင္ေတာ႔ အစိုးရအဖဲြ႔က ဘယ္နည္းဘယ္ပံု ေဆာင္ရြက္ သြားမယ္ဆိုတဲ႔ အစီအမံနဲ႔ ျဖစ္လာမွာပါ"ဟု ေဂါပကဥကၠဌ ဦးသိန္းလိႈင္က မီဒီယာမ်ားႏွင္႔ ေဂါပကအဖဲြ႔ ေတြ႔ဆံုပဲြ၌ ရွင္းလင္းေျပာၾကားသည္။

မိုးခိုေစ်းသည္မ်ား အေနျဖင့္ ယခင္ႏွစ္မ်ားကတည္းက ပဲြေတာ္ကာလ ျပင္ပတြင္လည္း ေနထိုင္ေစ်း ေရာင္းခ်ခြင့္ ရရိွေနခဲ့ၾကျခင္းျဖစ္ရာ တစ္ခ်ိဳ႕ဆိုလွ်င္ ၎တို႔ေနထိုင္ရာေဒသ၌ ျပန္လည္မွီခိုေနထိုင္စရာ ေနအိမ္ပင္ မရိွေတာ႔သည့္ အေျခအေနႏွင့္ ႀကံဳေတြ႔ေနရေၾကာင္း သိရသည္။

"ကြ်န္မတို႔ ဒီေနရာမွာ ေနထိုင္ေစ်းေရာင္းလာတာ (၁၀)ႏွစ္ေလာက္ေတာင္ ရိွပါၿပီ။ ေစ်းသည္ မိသားစု ေတြမွာ  ဒီလိုေနခြင္႔ရခဲ႔ၿပီး ကေလးေတြေတာင္ ဒီမွာပဲ ေက်ာင္းထားခဲ႔တာ အတန္းေတြေတာင္ ရေနပါၿပီ။ အခုမွ အိမ္ျပန္ဖို႔ ႏွင္ထုတ္ခံရေတာ႔ ျပန္စရာအိမ္က မရိွေတာ႔ပါဘူး။ ေဂါပကေတြထုတ္ျပန္တဲ႔ စည္းကမ္းအ တိုင္း လိုက္နာပါ့မယ္။ လိုက္နာမႈမရိွဘူးဆိုရင္ ဘာေျဖရွင္းခ်က္မွ ေတာင္းမေနဘဲ ခ်က္ခ်င္းႏွင္ထုတ္လည္း ခံပါ့မယ္"ဟု ေမလ(၁၂)ရက္ ေန႔လယ္ပိုင္းတြင္ ျပဳလုပ္ေသာ မိုးခိုေစ်းသည္မ်ား သတင္းစာရွင္းလင္းပဲြ၌ အထက္စက္ေတာ္ရာတြင္ အထည္ေရာင္းခ်သူ ေဒၚျပံဳးက ေျပာသည္။
 ၂၀၀၈ ခုႏွစ္ ေဂါပကဥကၠဌ ဦးျမင္႔သူရ လက္ထက္တြင္လည္း မိုးခိုေစ်းသည္မ်ားအား ႏွင္ခဲ႔ဖူး သည့္ သာဓကရိွခဲ့ၿပီး ထိုစဥ္ကလည္း ျပန္ဖို႔အိမ္မရိွၾကဟုဆို၍ ဘုရားရြာတြင္ အိမ္ဝိုင္းေနရာ (၃၇)ကြက္ ခ်ေပးခဲ႔ေသာ္လည္း တစ္ႏွစ္ ႏွစ္ႏွစ္ခန္႔သာ ရွင္းလင္းခဲ႔ၿပီး ခ်ေပးထားသည့္ ဝိုင္းကြက္မ်ားအား ေရာင္းကာ မိုးခိုေစ်းသည္ အျဖစ္ ျပန္လည္ေရာက္ရိွလာခဲ့ၾကသည္ဟု လက္ရိွေဂါပကဥကၠဌ ဦးသိန္းလိႈင္က ဆိုသည္။

မိုးခိုေစ်းသည္မ်ားအား ဖယ္ရွားခဲ့၍ လတ္တေလာ ေရာက္ရိွေနၾကသည့္ ဘုရားဖူးမ်ားမွာ စား ေသာက္ေရး အတြက္ အခက္အခဲႏွင့္ ႀကံဳေတြ႔ေနရေၾကာင္း ဘုရားဖူးမ်ားထံမွ သိရသည္။

"ေလွတင္တံတားႀကီးရိွေနၿပီ။ ပဲြေတာ္ကာလ မဟုတ္လည္း အခ်ိန္မေရြး ေရႊစက္ေတာ္ကို သြားဖူးခြင့္ ရေနၿပီဆိုလို႔ ကြ်န္ေတာ္တို႔မိသားစု (၁၀)ဦး ျပည္ၿမိဳ႕ကလာခဲ့ၾကတာပါ။ ကံေကာင္းတာက ကိုယ္႔အိမ္ကေန ထမင္း၊ ဟင္း ခ်က္ျပဳတ္ၿပီး ယူလာမိခဲ့ၾကေပမယ္႔ ဒီေရာက္ေတာ႔ ေရမိုးခ်ိဳး၊ဘုရားဖူးၿပီး ထမင္းစားၾကေတာ႔ စားေကာင္းၾကတာနဲ႔ ထမင္းက မေလာက္ေတာ႔ဘူး။ ဝယ္စရာဆိုင္ကလည္း မရိွေတာ႔ ေဝမွ်ၿပီးပဲစားလိုက္ရ ေတာ့တယ္"ဟု ျပည္ၿမိဳ႕ ကိုးေသာင္းႀကီးရပ္ကြက္မွ ဘုရားဖူးလာေရာက္သူ ဦးလွျမင္႔က ေျပာသည္။

"သူတို႔ကို ဖယ္ၿပီးရင္ ျပည္ပနဲ႔ျပည္တြင္းက ဘုရားဖူးျပည္သူေတြ စားေသာက္ေရး အဆင္ ေျပေစ ဖို႔အတြက္ အဆင့္မီ စားေသာက္ဆိုင္(၅)ဆိုင္၊ အမွတ္တရပစၥည္းအေရာင္းဆိုင္ (၃)ဆိုင္၊ ကုန္စံုဆိုင္ (၃) ဆိုင္နဲ႔ သန္႔စင္ခန္း၊ ေရစီးေဘာ၊ နဂါးစာ စတဲ့ လုပ္ငန္းေတြကို တင္ဒါေခၚၿပီး ခ်ထားေပးဖို႔စီစဥ္ထားပါတယ္။ တည္းခိုေနထိုင္လိုသူမ်ား အတြက္ေတာ႔ ေဂါပကပိုင္ TEEL STRUCTURE တည္းခိုေဆာင္ အလံုး(၁၁၀)ရိွ တဲ့ အထဲက လိုအပ္သေလာက္ ခ်ထားေပးသြားမွာပါ"ဟု ေဂါပကအဖဲြ႔ဥကၠဌ ဦးသိန္းလိႈင္က ေျပာသည္။

ဟိုတယ္လုပ္ငန္းရွင္မ်ားကလည္း ေရႊစက္ေတာ္၌ မေကြးတိုင္းေဒသႀကီး ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္း (မေကြးဇံု) အျဖစ္ ရန္ကုန္၊ မႏၱေလးတို႔မွ ဟိုတယ္မ်ား ေဆာက္လုပ္ရန္ စီစဥ္ေနေၾကာင္း ထိုသို႔ ဟိုတယ္ဇံု တည္ေဆာက္ႏိုင္ရန္  ဘုရားဝတၱကေျမအား သတ္သတ္မွတ္မွတ္ျဖစ္ရန္ မေကြးတိုင္းေျမစာရင္း ဦးစီးမွဴး ဦးေဆာင္သည့္အဖဲြ႔မွ တိုင္းထြာၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် မိုးခိုဈေးသည်များ မေလ(၁၂)ရက် ညနေပိုင်းတွင် အပြီးဖယ်ရှား ပေးရန် ရွှေစက်တော်ဂေါပကအဖွဲ့မှ အမိန့်ကြငြောချက်ထုတ်ပြန်လိုက်သဖြင့် ဈေးသည်များ အခက်အခဲ များနှင့် ကြုံတွေ့နေရသော်လည်း ဂေါပကအဖွဲ့မှ လိုက်နာရန်သာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘုရားဖူး ပြည်သူများ အဆင်ပြေစွာ တည်းခိုစားသောက်နိုင်ရေးအတွက် အဆင့်မီစားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းဆိုင်များ၊ တည်းခိုဆောင်များ တင်ဒါခေါ်ယူချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ခုမှ အဖယ်ခိုင်းတာ မဟုတ်ပါဘူး။ ပွဲတော်ကျင်းပနေစဉ် ကာလတစ်ဝက်လောက်ကတည်းက ဒီနှစ် မိုးခေါ် ဈေးသည်တွေ မထားဘူးလို့ ပြောထားပြီးသားပါ။ ပွဲတော်မပြီးခင် (၂)ပတ်၊ (၃)ပတ်လောက်ကလည်း အသံချဲ့စက်နဲ့ ကြငြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ဒီမှာရှိတဲ့ဟာတွေ အမြန်နှင်ပါ။ ထားမယ်ဆို ဘယ် သူ တာဝန်ခံ မလဲဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြန်တင်ပြပါဆိုတဲ့ အခါ ကျွန်တော်ပဲ ဥက္ကဌ ဆိုတော့ သူတို့ကို ကျွန်တော် ဆွေးနွေးတယ်။ အဲလိုတော့ ဖြစ်နပြေီ ကျန်တဲ့ ဂေါပကတွေက ဘယ်သူမှ တာ ဝန်မခံဘူး။ ဒီတစ်နှစ်တော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကျွန်တော် တာဝန်ခံ ပါတယ် ဆိုပြီး ထားခဲ့တာ (၄၀)ကျော်လောက်ရှိပါတယ်။ အဲလိုထားတော့ အထက်ကလူတွေ လာတယ် ပေါ့ဗျာ။ လာတဲ့အခါကျတော့ သူတို့က မျှစ်တွေချိုးတယ်။ မျှစ်တွေကို ရင်ပြင်တော်ပေါ်အထိ လှမ်းတယ်။ ဒါတွေကိုမြင်တော့ မြင်လို့မကောင်းဘူး။ (၃)မိုင်လမ်းက မဟုတ်ဘဲ (၈)မိုင်ဘက်ကလာတဲ့ အခါကျတော့ လည်း မျောတိုင်တွေ ခုတ်သယ်နေ တာတွေ၊ မီးသွေးဖုတ်နေတာတွေတွေ့ကြရတယ်ဆိုပြီး ပြောတယ်။သူတို့ စည်းကမ်းလိုက်နာမှုအားနည်း တော့ ဘုရားကြီးရဲ့သန့်ရှင်းသပ်ရပ်မှုကိုလည်း ထိခိုက်စေတာကြောင့် ဖယ်ရှားခိုင်းရခြင်းဖြစ်ပါတယ်။ လိုက် နာခြင်းမရှိရင်တော့ အစိုးရအဖွဲ့က ဘယ်နည်းဘယ်ပုံ ဆောင်ရွက် သွားမယ်ဆိုတဲ့ အစီအမံနဲ့ ဖြစ်လာမှာပါ"ဟု ဂေါပကဥက္ကဌ ဦးသိန်းလှိုင်က မီဒီယာများနှင့် ဂေါပကအဖွဲ့ တွေ့ဆုံပွဲ၌ ရှင်းလင်းပြောကြားသည်။

မိုးခိုဈေးသည်များ အနဖြေင့် ယခင်နှစ်များကတည်းက ပွဲတော်ကာလ ပြင်ပတွင်လည်း နေထိုင်ဈေး ရောင်းချခွင့် ရရှိနေခဲ့ကြခြင်းဖြစ်ရာ တစ်ချို့ဆိုလျှင်၎င်းတို့နေထိုင်ရာဒေသ၌ ပြန်လည်မှီခိုနေထိုင်စရာ နေအိမ်ပင် မရှိတော့သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်မတို့ ဒီနေရာမှာ နေထိုင်ဈေးရောင်းလာတာ (၁၀)နှစ်လောက်တောင် ရှိပါပြီ။ ဈေးသည် မိသားစု တွေမှာ ဒီလိုနေခွင့်ရခဲ့ပြီး ကလေးတွေတောင် ဒီမှာပဲ ကျောင်းထားခဲ့တာ အတန်းတွေတောင် ရနေပါပြီ။ အခုမှ အိမ်ပြန်ဖို့ နှင်ထုတ်ခံရတော့ ပြန်စရာအိမ်က မရှိတော့ပါဘူး။ ဂေါပကတွေထုတ်ပြန်တဲ့ စည်းကမ်းအ တိုင်း လိုက်နာပါ့မယ်။ လိုက်နာမှုမရှိဘူးဆိုရင် ဘာဖြေရှင်းချက်မှ တောင်းမနေဘဲ ချက်ချင်းနှင်ထုတ်လည်း ခံပါ့မယ်"ဟု မေလ(၁၂)ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်သော မိုးခိုဈေးသည်များ သတင်းစာရှင်းလင်းပွဲ၌ အထက်စက်တော်ရာတွင် အထည်ရောင်းချသူ ဒေါ်ပြုံးက ပြောသည်။

 ၂၀၀၈ ခုနှစ် ဂေါပကဥက္ကဌ ဦးမြင့်သူရ လက်ထက်တွင်လည်း မိုးခိုဈေးသည်များအား နှင်ခဲ့ဖူး သည့် သာဓကရှိခဲ့ပြီး ထိုစဉ်ကလည်း ပြန်ဖို့အိမ်မရှိကြဟုဆို၍ ဘုရားရွာတွင် အိမ်ဝိုင်းနေရာ (၃၇)ကွက် ချပေးခဲ့သော်လည်း တစ်နှစ် နှစ်နှစ်ခန့်သာ ရှင်းလင်းခဲ့ပြီး ချပေးထားသည့် ဝိုင်းကွက်များအား ရောင်းကာ မိုးခိုဈေးသည် အဖြစ် ပြန်လည်ရောက်ရှိလာခဲ့ကြသည်ဟု လက်ရှိဂေါပကဥက္ကဌ ဦးသိန်းလှိုင်က ဆိုသည်။

မိုးခိုဈေးသည်များအား ဖယ်ရှားခဲ့၍ လတ်တလော ရောက်ရှိနကြေသည့် ဘုရားဖူးများမှာ စား သောက်ရေး အတွက် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဘုရားဖူးများထံမှ သိရသည်။

"လှေတင်တံတားကြီးရှိနပြေီ။ ပွဲတော်ကာလ မဟုတ်လည်း အချိန်မရွေး ရွှေစက်တော်ကို သွားဖူးခွင့် ရနပြေီဆိုလို့ ကျွန်တော်တို့မိသားစု (၁၀)ဦး ပြည်မြို့ကလာခဲ့ကြတာပါ။ ကံကောင်းတာက ကိုယ့်အိမ်ကနေ ထမင်း၊ ဟင်း ချက်ပြုတ်ပြီး ယူလာမိခဲ့ကြပေမယ့် ဒီရောက်တော့ ရေမိုးချိုး၊ဘုရားဖူးပြီး ထမင်းစားကြတော့ စားကောင်းကြတာနဲ့ ထမင်းက မလောက်တော့ဘူး။ ဝယ်စရာဆိုင်ကလည်း မရှိတော့ ဝေမျှပြီးပဲစားလိုက်ရ တော့တယ်"ဟု ပြည်မြို့ ကိုးသောင်းကြီးရပ်ကွက်မှ ဘုရားဖူးလာရောက်သူ ဦးလှမြင့်က ပြောသည်။

"သူတို့ကို ဖယ်ပြီးရင် ပြည်ပနဲ့ပြည်တွင်းက ဘုရားဖူးပြည်သူတွေ စားသောက်ရေး အဆင် ပြေစေ ဖို့အတွက် အဆင့်မီ စားသောက်ဆိုင်(၅)ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင် (၃)ဆိုင်၊ ကုန်စုံဆိုင် (၃) ဆိုင်နဲ့ သန့်စင်ခန်း၊ ရေစီးဘော၊ နဂါးစာ စတဲ့ လုပ်ငန်းတွေကို တင်ဒါခေါ်ပြီး ချထားပေးဖို့စီစဉ်ထားပါတယ်။ တည်းခိုနေထိုင်လိုသူများ အတွက်တော့ ဂေါပကပိုင် TEEL STRUCTURE တည်းခိုဆောင် အလုံး(၁၁၀)ရှိ တဲ့ အထဲက လိုအပ်သလောက် ချထားပေးသွားမှာပါ"ဟု ဂေါပကအဖွဲ့ဥက္ကဌ ဦးသိန်းလှိုင်က ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်များကလည်း ရွှေစက်တော်၌ မကွေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များ အသင်း (မကွေးဇုံ) အဖြစ် ရန်ကုန်၊ မန္တလေးတို့မှ ဟိုတယ်များ ဆောက်လုပ်ရန် စီစဉ်နေကြောင်း ထိုသို့ ဟိုတယ်ဇုံ တည်ဆောက်နိုင်ရန် ဘုရားဝတ္တကမြေအား သတ်သတ်မှတ်မှတ်ဖြစ်ရန် မကွေးတိုင်းမြေစာရင်း ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့မှ တိုင်းထွာပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~