မိုင်းဆတ်မြို့တွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များအား မေလ (၁၆)ရက်နေ့မှစ၍ မေလ(၁၈)ရက်နေ့အထိ (၃)ရက်ကြာ သတ်မှတ် ဆောင်ရွက်ပေးနေ

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များအား မေလ (၁၆)ရက်နေ့မှစ၍ မေလ(၁၈)ရက်နေ့အထိ (၃)ရက်ကြာ သတ်မှတ် ဆောင်ရွက်ပေးနေ
မေ 17, 2018
By Tachileik News Agency



ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်း ဦးဆောင်သော အဖွဲ့က မိုင်းဆတ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)၌ ၂၀၁၈ ခုနှစ် မေ (၁၆) ရက်နေ့မှစ၍ မေလ(၁၈)ရက်နေ့အထိ ရုံးချိန်အတိုင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


မှတ်ပုံတင်မဲ့(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနေရာ ကနဦးမှတ်ပုံ တင်ခကျပ် (၃၂၅၀၀)၊ အထူးစစ်ဆေးခကျပ် (၅၀၀၀)၊ ကနဦးမှတ်ပုံတင်ခ ကျပ် (၁၅၀၀၀)၊ ယာဉ်စစ်ဆေးခ ကျပ် (၅၀၀၀)၊ ကမ(၃)စာအုပ်၊အ၀ိုင်း၊ဟိုလိုဂရမ်အတွက်ကျပ် (၉၀၀)၊ မော်တော်ဆိုင်ကယ် ဓာတ်ပုံဖိုးကျပ် (၁၅၀၀)၊ ပလပ်စတစ်လောင်းခကျပ် (၁၀၀)တို့နှင့်အတူ မော်တော်ဆိုင်ကယ်အမျိုးအစားအလိုက် ဒဏ်ကြေးများကို သတ်မှတ်နှုန်းထားဖြစ်သည့် ယခင်ထက်တစ်ဝက်ကျော်သက်သာသည့်နှုန်းထားဖြင့် ကောက်ခံ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး မရှိသေးသည့်အတွက် ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လာရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများအနေဖြင့် ကျိုင်းတုံခရိုင်နှင့်တာချီလိတ်ခရိုင်တို့တွင်သာ ဖွင့်လှစ်နိုင်သေးကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မိုင်းဆတ်ခရိုင်အတွင်းမှ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား သက်တမ်းတိုးပေးခြင်း၊ မော်တော်ဆိုင်ကယ် လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို မေလ (၁၆)ရက်နေ့မှစ၍ (၃)ရက်ကြာ ပြုလုပ်ပေးနေကြောင်း သိရသည်။

“ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများကိုလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ အချက်တွေကို ဟောပြောပို့ချပေးပြီး မော်တော်ဆိုင်ကယ်လက်တွေ့ မောင်းနှင်မှုကို စစ်ဆေး ဆောင်ရွက်လျက် ရှိပါတယ်”ဟု ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက ပြောသည်။

ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်း ဦးဆောင်သော အဖွဲ့က မိုင်းဆတ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)၌ ၂၀၁၈ ခုနှစ် မေ (၁၆) ရက်နေ့မှစ၍ မေလ(၁၈)ရက်နေ့အထိ ရုံးချိန်အတိုင်း ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

 “ဥပမာ - ထိုင်းနိုင်ငံထုတ် 125 CC အထက် မော်တော်ဆိုင်ကယ်တစ်စီးကို အရင်က ဒဏ်ကြေးကျပ် (၂)သိန်းကျော် ပေးဆောင်ရပြီး အခု ကျပ် (၁၂၀၀၀၀) ပေးဆောင်ရမှာဖြစ်တဲ့ အတွက် ဒေသခံပြည်သူတွေ ကုန်ကျစရိတ် အများကြီးသက်သာ သွားပါတယ်။ ယာဉ်အမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်ဒဏ်ကြေးများ ခြားနားမှု ရှိပါတယ်”ဟု ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက ပြောသည်။

မှတ်ပုံတင်မဲ့(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနေရာ ကနဦးမှတ်ပုံ တင်ခကျပ် (၃၂၅၀၀)၊ အထူးစစ်ဆေးခကျပ် (၅၀၀၀)၊ ကနဦးမှတ်ပုံတင်ခ ကျပ် (၁၅၀၀၀)၊ ယာဉ်စစ်ဆေးခ ကျပ် (၅၀၀၀)၊ ကမ(၃)စာအုပ်၊အဝိုင်း၊ဟိုလိုဂရမ်အတွက်ကျပ် (၉၀၀)၊ မော်တော်ဆိုင်ကယ် ဓာတ်ပုံဖိုးကျပ် (၁၅၀၀)၊ ပလပ်စတစ်လောင်းခကျပ် (၁၀၀)တို့နှင့်အတူ မော်တော်ဆိုင်ကယ်အမျိုးအစားအလိုက် ဒဏ်ကြေးများကို သတ်မှတ်နှုန်းထားဖြစ်သည့် ယခင်ထက်တစ်ဝက်ကျော်သက်သာသည့်နှုန်းထားဖြင့် ကောက်ခံ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး မရှိသေးသည့်အတွက် ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လာရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများအနဖြေင့် ကျိုင်းတုံခရိုင်နှင့်တာချီလိတ်ခရိုင်တို့တွင်သာ ဖွင့်လှစ်နိုင်သေးကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~