တာခ်ီလိတ္တြင္ လမ္းေဘးရပ္ထားသည့္ ဆယ္ဘီးယာဥ္အား ဆိုင္ကယ္ျဖင့္ ဝင္တုိက္မိသူကို အေရးယူ

တာခ်ီလိတ္တြင္ လမ္းေဘးရပ္ထားသည့္ ဆယ္ဘီးယာဥ္အား ဆိုင္ကယ္ျဖင့္ ဝင္တုိက္မိသူကို အေရးယူ
မေ 25, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္၊ စက္မႈဇုန္အနီး တာခ်ီလိတ္ - ဝမ္ပံုကားလမ္းတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔ ည (၉)နာရီဝန္းက်င္က လမ္းေဘးတြင္ စက္ပ်က္၍ ရပ္ထားသည့္ ဆယ္ဘီးကားကို ဆုိင္ကယ္ျဖင့္ဝင္တုိက္မိ၍ ဒဏ္ရာရသူကို အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေဆခမ္းရပ္ကြက္၊ စက္မႈဇုန္အနီး၊ ေတာ္ဝင္ျမန္မာဝပ္ေရွာ့ေရွ႕ရိွ တာခ်ီလိတ္ - ဝမ္ပံုကားလမ္းတြင္ ဝမ္ပံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အဲမႏၱေလးေလေၾကာင္းလိုင္း လုပ္သား ေစာထူးသာသည္ လမ္းယာဘက္အျခမ္းတြင္ ရပ္ထားသည့္ ဆယ္ဘီးယာဥ္၏ ေနာက္ဝဲဘက္ဘီးႏွစ္ခုၾကား ဝင္တုိက္မိကာ ဒဏ္ရာမ်ား ရသြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆုိပါ ဒဏ္ရာရသူအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီိလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရာ အေရးေပၚကုသမႈမ်ား ျပဳလုပ္ေပးၿပီးေနာက္  လူနာမွာ ဒဏ္ရာျပင္းထန္သျဖင့္ တစ္ဖက္ႏုိင္ငံ မယ္ဆိုင္ေဆးရံုသို႔ ဘုန္းဗိဟန္လူမႈကူညီေရးအသင္းႏွင့္ ခ်ိတ္ဆက္၍ ေရေခ်ာင္းမွတစ္ဆင့္ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ေစာထူးသာအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် လမ်းဘေးရပ်ထားသည့် ဆယ်ဘီးယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူကို အရေးယူ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်အနီး တာချီလိတ် - ဝမ်ပုံကားလမ်းတွင် ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့ ည (၉)နာရီဝန်းကျင်က လမ်းဘေးတွင် စက်ပျက်၍ ရပ်ထားသည့် ဆယ်ဘီးကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိ၍ ဒဏ်ရာရသူကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်အနီး၊ တော်ဝင်မြန်မာဝပ်ရှော့ရှေ့ရှိ တာချီလိတ် - ဝမ်ပုံကားလမ်းတွင် ဝမ်ပုံဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အဲမန္တလေးလေကြောင်းလိုင်း လုပ်သား စောထူးသာသည် လမ်းယာဘက်အခြမ်းတွင် ရပ်ထားသည့် ဆယ်ဘီးယာဉ်၏ နောက်ဝဲဘက်ဘီးနှစ်ခုကြား ဝင်တိုက်မိကာ ဒဏ်ရာများ ရသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဒဏ်ရာရသူအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးပြီးနောက်  လူနာမှာ ဒဏ်ရာပြင်းထန်သဖြင့် တစ်ဖက်နိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ဘုန်းဗိဟန်လူမှုကူညီရေးအသင်းနှင့် ချိတ်ဆက်၍ ရေချောင်းမှတစ်ဆင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ စောထူးသာအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~