ရန်ကုန်တွင် မီးခိုးငွေ့ကြောင့် အတွင်းလူနာ (၃၈)ဦးနှင့် ပြင်ပလူနာ (၃၃)ဦး ကုသမှုခံယူနေဆဲ

ရန်ကုန်တွင် မီးခိုးငွေ့ကြောင့် အတွင်းလူနာ (၃၈)ဦးနှင့် ပြင်ပလူနာ (၃၃)ဦး ကုသမှုခံယူနေဆဲ
မေ 2, 2018
By Tachileik News Agency

ရန်ကုန်တိုင်းဒေသကြီးတွင် အမှိုက်ပုံ မီးလောင်မှုကြောင့် မီးခိုးငွေ့နှင့်ဆက်စပ်၍ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် လူနာအရေအတွက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ (၃၀)ရက်နေ့အထိ အတွင်းလူနာ(၃၈)ဦးနှင့် ပြင်ပလူနာ(၃၃)ဦး ရှိနေပြီး မေလ (၁)ရက်နေ့တွင် မီးခိုးငွေ့ကြောင့် ရဲတပ်သားတစ်ဦး မူးလဲသွားကာ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။


လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် ဧက (၃၀၀)အကျယ်ရှိသည့် ထိန်ပင်စွန့်ပစ်အမှိုက်ပုံမှာ ဧပြီလ (၂၁)ရက်နေ့ ကတည်းကစတင်၍ မီးလောင်ကျွမ်းနေရာ မေလ (၂)ရက်နေ့တွင် မီးခိုးငွေ့များ လျော့ပါးလာနေပြီဖြစ်ကြောင်း သိရပြီး စဗဟ(၃)မှ ဗိုလ်မှူးကြီး သန်းထိုက် ဦးစီးအဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူဦးစီးအဖွဲ့၊ မီးသတ်ယာဉ် (၃၈) စီး၊ ရေသယ်ယာဉ် (၁၂) စီး စုစုပေါင်း (၅၀) စီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေအမြောက်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် ဆက်လက်ငြှိမ်းသတ်နေကြောင်း သိရသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါ အမှိုက်ပုံမီးလောင်မှုဖြစ်ပွားရာဒေသတွင် လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်း၊ ကျန်းမာရေးဌာနများအပြင် အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယာယီဆေးခန်း (၇)ခုကို ဖွင့်လှစ်ခြင်းတို့ဖြင့် မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားမှုများကို အနီးကပ်စောင့်ကြပ်ကြည့်ရှု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်တိုင်းဒေသကြီးတွင် အမှိုက်ပုံ မီးလောင်မှုကြောင့် မီးခိုးငွေ့နှင့်ဆက်စပ်၍ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် လူနာအရေအတွက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ (၃၀)ရက်နေ့အထိ အတွင်းလူနာ(၃၈)ဦးနှင့် ပြင်ပလူနာ(၃၃)ဦး ရှိနပြေီး မေလ (၁)ရက်နေ့တွင် မီးခိုးငွေ့ကြောင့် ရဲတပ်သားတစ်ဦး မူးလဲသွားကာ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။

မေလ(၁)ရက်နေ့တွင် မီးငြိမ်းသတ်နေသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အကူတပ်ခွဲ(၂)မှ ရဲတပ်သား မျိုးမြင့်အောင်သည် မီးခိုးငွေ့များကြောင့် မူးလဲသွားပြီး လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ပြည့်စုံသည် မီးငြှိမ်းသတ်စဉ် ချော်လဲ၍ ဒဏ်ရာအနည်းငယ်ရသွားသဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် ဧက (၃၀၀)အကျယ်ရှိသည့် ထိန်ပင်စွန့်ပစ်အမှိုက်ပုံမှာ ဧပြီလ (၂၁)ရက်နေ့ ကတည်းကစတင်၍ မီးလောင်ကျွမ်းနေရာ မေလ (၂)ရက်နေ့တွင် မီးခိုးငွေ့များ လျော့ပါးလာနပြေီဖြစ်ကြောင်း သိရပြီး စဗဟ(၃)မှ ဗိုလ်မှူးကြီး သန်းထိုက် ဦးစီးအဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူဦးစီးအဖွဲ့၊ မီးသတ်ယာဉ် (၃၈) စီး၊ ရေသယ်ယာဉ် (၁၂) စီး စုစုပေါင်း (၅၀) စီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေအမြောက်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် ဆက်လက်ငြှိမ်းသတ်နေကြောင်း သိရသည်။

မီးငြှိမ်းသတ်နေသည့်အခြေအနေအား မေလ (၁)ရက်နေ့တွင် လာရောက်ကြည့်ရှုသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စည်ပင် ဝန်ကြီး ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနဖြေင့် အဆိုပါ အမှိုက်ပုံမီးလောင်မှုဖြစ်ပွားရာဒေသတွင် လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်း၊ ကျန်းမာရေးဌာနများအပြင် အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယာယီဆေးခန်း (၇)ခုကို ဖွင့်လှစ်ခြင်းတို့ဖြင့် မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားမှုများကို အနီးကပ်စောင့်ကြပ်ကြည့်ရှု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ကမာ္ဘ့ကျန်းမာရေး အဖွဲ့(WHO)၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ #Ministry of Health & Sports

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~