Facebook မွ အေကာင့္တု (၅၈၃)သန္းႏွင့္ ရန္လိုအမုန္းပြားသည့္ ေရးသားမႈေပါင္း (၈၃၇)သန္းကို သံုးလအတြင္း ဖယ္ရွားခဲ့

Facebook မွ အေကာင့္တု (၅၈၃)သန္းႏွင့္ ရန္လိုအမုန္းပြားသည့္ ေရးသားမႈေပါင္း (၈၃၇)သန္းကို သံုးလအတြင္း ဖယ္ရွားခဲ့
မေ 16, 2018
By Tachileik News Agency

ေဖ့စ္ဘုတ္(Facebook)လူမႈကြန္ယက္စာမ်က္ႏွာမွ အေကာင့္တု (၅၈၃) သန္းႏွင့္ ရန္လိုအမုန္းပြားေစသည့္ ေရးသားမႈေပါင္း (၈၃၇)သန္းတုိ႔ကို ၂၀၁၈ ခုႏွစ္ ပထမ(၃)လတာ ကာလအတြင္း လူမႈကြန္ယက္ စာမ်က္ႏွာမွ ဖယ္ရွားႏုိင္ခဲ့ေၾကာင္း ေမလ (၁၅)ရက္ေန႔တြင္ ေဖ့စ္ဘုတ္က ထုတ္ျပန္လုိက္သည့္ အစီရင္ခံစာ၌ ေဖၚျပထားသည္။

ေဖ့စ္ဘုတ္အဖြဲ႕က လူမႈကြန္ယက္စာမ်က္ႏွာတြင္ ခြင့္မျပဳသည့္ ရန္လို အမုန္းပြားသည့္ စကားမ်ား၊ အၾကမ္းဖက္ တုိက္ခုိက္မႈမ်ား၊ ညစ္ညမ္းပံုမ်ားစသည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ လမ္းညႊန္မ်ားကို ၿပီးခဲ့သည့္ လအတြင္းက ခ်မွတ္ၿပီး အဆိုပါ လမ္းညႊန္အတိုင္း လူမႈကြန္ယက္စာမ်က္ႏွာ၏ စံႏႈန္းမ်ားျဖင့္ မကိုက္ညီသည့္ ေရးသားမႈမ်ားႏွင့္ အေကာင့္မ်ားကို ဖယ္ရွားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ထုတ္ျပန္ခ်က္မ်ားကို တစ္ႏွစ္ ႏွစ္ႀကိမ္ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Facebook တြင္ တစ္ရက္လွ်င္  Love react ျဖစ္သည့္ ( ♥ )မ်ားကို အသံုးျပဳသည္မွာ  ပ်မ္းမွ် (၁၇၅)သန္းေက်ာ္ရွိၿပီး သတင္းမ်ားႏွင့္ မွ်ေ၀မႈမ်ား အပါအ၀င္ status ( စေတးတပ္ )မ်ားကို ျပန္လည္၍ Share( မွ်ေ၀)ရာတြင္ ပ်မ္းမွ် (၄၇၃)သန္းေက်ာ္ရွိေၾကာင္း ရန္ကုန္တြင္ Facebook Safety Programs မွ တာ၀န္ရွိသူမ်ားႏွင့္ ေဒသတြင္း မီဒီယာမ်ား ေတြ႔ဆံုစဥ္က ေဆြးေႏြးရွင္းျပခ်က္အရ သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ဖေ့စ်ဘုတ်(Facebook)လူမှုကွန်ယက်စာမျက်နှာမှ အကောင့်တု (၅၈၃) သန်းနှင့် ရန်လိုအမုန်းပွားစေသည့် ရေးသားမှုပေါင်း (၈၃၇)သန်းတို့ကို ၂၀၁၈ ခုနှစ် ပထမ(၃)လတာ ကာလအတွင်း လူမှုကွန်ယက် စာမျက်နှာမှ ဖယ်ရှားနိုင်ခဲ့ကြောင်း မေလ (၁၅)ရက်နေ့တွင် ဖေ့စ်ဘုတ်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဖေ့စ်ဘုတ်အဖွဲ့က လူမှုကွန်ယက်စာမျက်နှာတွင် ခွင့်မပြုသည့် ရန်လို အမုန်းပွားသည့် စကားများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ညစ်ညမ်းပုံများစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ လမ်းညွှန်များကို ပြီးခဲ့သည့် လအတွင်းက ချမှတ်ပြီး အဆိုပါ လမ်းညွှန်အတိုင်း လူမှုကွန်ယက်စာမျက်နှာ၏ စံနှုန်းများဖြင့် မကိုက်ညီသည့် ရေးသားမှုများနှင့် အကောင့်များကို ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ထုတ်ပြန်ချက်များကို တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

Facebook တွင် တစ်ရက်လျှင် Love react ဖြစ်သည့် ( ♥ )များကို အသုံးပြုသည်မှာ ပျမ်းမျှ (၁၇၅)သန်းကျော်ရှိပြီး သတင်းများနှင့် မျှေဝမှုများ အပါအဝင် status ( စတေးတပ် )များကို ပြန်လည်၍ Share( မျှေဝ)ရာတွင် ပျမ်းမျှ (၄၇၃)သန်းကျော်ရှိကြောင်း ရန်ကုန်တွင် Facebook Safety Programs မှ တာဝန်ရှိသူများနှင့် ဒေသတွင်း မီဒီယာများ တွေ့ဆုံစဉ်က ဆွေးနွေးရှင်းပြချက်အရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~