ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ပစ်ခတ်ခံရသူမှာ လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ပစ်ခတ်ခံရသူမှာ လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်
ဧပွီ 11, 2018
By Tachileik News Agency






ယင်းကဲ့သို့ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် နှစ်ဖက်တပ်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးရန်ဖြစ်သော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့် နယ်မြေရှိ လက်နက်ကိုင်အဖွဲ့အစည်း၏ အဓိကတာဝန်ရှိသူက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်ကြောင်း အကြောင်းကြားသဖြင့် ၎င်းကျန်းမာရေးကောင်းသည့် အချိန်တွင် ဆောင်ရွက်နိုင်ရန် တပ်မတော်ဘက်မှ ပြန်လည်အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ဖေါ်ပြထားသည်။

ယင်းသို့ မိုင်းထောင်၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သက်ဆိုင်ရာ JMC-S အစည်း အဝေးများတွင် တပ်မတော်ဘက်မှ ကန့်ကွက်ဆွေးနွေးမှု (၅) ကြိမ်နှင့် JMC-U အစည်းအဝေးများတွင် ကန့်ကွက်ဆွေးနွေးမှု (၂) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် အဓိက စိုးရိမ်စိတ် ကြီးမားနေသည့် နယ်မြေခံ ခေါင်းဆောင်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ရန် ပြန်လည်ချိန်းဆိုထားပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ် နှင့် ယုံကြည်မှု လျော့နည်းမှုမဖြစ်စေရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ခေးပူ-လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်း ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့်အတွက် နှစ်ဖက်ယုံကြည်မှု မပျက်ပြားစေရေး ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုဘဲ JMC-S နှင့် JMC-U ဆွေးနွေးပွဲများအပါအ၀င် သက်ဆိုင်ရာ ဆက်ဆံရေးရုံးများမှ တစ်ဆင့်သာ ညှိနှိုင်းဆွေးနွေးသည့် ပုံစံဖြင့် ဆောင်ရွက်သော်လည်း KNU တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ထုတ်ပြန် ကြေငြာချက်များအား တစ်ဖက်သက် ထုတ်ပြန်လာခဲ့ရာ ကျန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၉) ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် KNU ၏ ထုတ်ပြန်ကြေငြာချက်အပေါ် ယုံကြည်မှုနှင့် နားလည်မှု မလွဲမှားစေရန်နှင့် ပြည်သူလူထုအနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးအပေါ် နားလည်မှုမလွဲစေရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

သတင်း - အင်မိုင်ခ



~~~~~~~~⊰❂ unicode ~~~~~~~~


ကရင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားရာ နေရာအနီး ကားလမ်းတွင် မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦး ဝင်ရောက်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူသော်လည်း ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးအား ဗုံးသီးများ၊ ပစ္စည်းအချို့နှင့်အတူ အသေ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဧပြီလ (၁၁)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသတွင် အရပ်သား တစ်ဦးဖြစ်သူ စောအိုမှူးသည် ဧပြီလ (၅)ရက်နေ့က KNLA တပ်သားတစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ နေအိမ်သို့ ပြန်လာစဉ် တပ်မတော်က ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း အရပ်ဖက် အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်တွင် အသေဖမ်းဆီးရမိသူထံမှ သိမ်းဆည်းရရှိခဲ့သော ကင်မရာ၊ သက်သေခံ ကတ်ပြားများနှင့် တိုက်ဆိုင် စစ်ဆေးချက်များ အရ သေဆုံးသူမှာ ဦးစောကလိုပါး ဖြစ်သည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ ခေးပူ-လွယ်မူပလောလမ်းကြောင်း ပြုပြင်ဖောက်လုပ်နေမှုအား KNU အဖွဲ့၏ နယ်မြေခံတပ်မှူးအချို့က နားလည်မှုလွဲမှားပြီး နှောင့်ယှက် ပစ်ခတ်ခြင်းနှင့် မိုင်းထောင်ခြင်းများကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဧပြီလ (၁၁)ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း (၁၅) မိုင်အရှည်ရှိ ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ် ထားသော ယခင်လမ်းကြောင်းဟောင်းအား ပြန်လည်ပြုပြင် မွမ်းမံရန်ရှိသဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က နယ်မြေခံ KNLA အဖွဲ့ထံ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း (၁၁) ကြိမ် ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား ၂၀၁၈ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှစတင်၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား စက်ယန္တရားများနှင့် ဆောင်ရွက်ရာတွင် နယ်မြေအတွင်း တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖောက်လုပ်ခြင်းဖြစ်သည်ဟု ဒေသတွင်း လက်နက်ကိုင် အဖွဲ့အချို့က စိုးရိမ်မှုကြောင့် မိုင်းထောင်ခြင်း၊ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာရာ လမ်းစတင်ဖောက်လုပ်ချိန်မှ ယနေ့ထိ စစ်သည် မိုင်းနင်းမှု (၃) ကြိမ်၊ နှောင့်ယှက်ပစ်ခတ်ခံရမှု (၂၆) ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု (၈) ကြိမ်မှ မိုင်း (၂၁) လုံးသိမ်းဆည်းရရှိမှုများအပြင် တပ်မတော်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် JMC-U အစည်းအေဝးတွင် နှစ်ဖက်တပ်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးရန်ဖြစ်သော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့် နယ်မြေရှိ လက်နက်ကိုင်အဖွဲ့အစည်း၏ အဓိကတာဝန်ရှိသူက ကျန်းမာရေး အကြောင်းပြချက်ဖြင့် မတက်ရောက်နိုင်ကြောင်း အကြောင်းကြားသဖြင့်၎င်းကျန်းမာရေးကောင်းသည့် အချိန်တွင် ဆောင်ရွက်နိုင်ရန် တပ်မတော်ဘက်မှ ပြန်လည်အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ မိုင်းထောင်၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သက်ဆိုင်ရာ JMC-S အစည်း အေဝးများတွင် တပ်မတော်ဘက်မှ ကန့်ကွက်ဆွေးနွေးမှု (၅) ကြိမ်နှင့် JMC-U အစည်းအေဝးများတွင် ကန့်ကွက်ဆွေးနွေးမှု (၂) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်မတော် အနဖြေင့် အဓိက စိုးရိမ်စိတ် ကြီးမားနေသည့် နယ်မြေခံ ခေါင်းဆောင်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ရန် ပြန်လည်ချိန်းဆိုထားပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် စိုးရိမ်စိတ် နှင့် ယုံကြည်မှု လျော့နည်းမှုမဖြစ်စေရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ခေးပူ-လွယ်မူပလော လမ်းဟောင်းပြုပြင်ခြင်း ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့်အတွက် နှစ်ဖက်ယုံကြည်မှု မပျက်ပြားစေရေး ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တပ်မတော်က တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုဘဲ JMC-S နှင့် JMC-U ဆွေးနွေးပွဲများအပါအဝင် သက်ဆိုင်ရာ ဆက်ဆံရေးရုံးများမှ တစ်ဆင့်သာ ညှိနှိုင်းဆွေးနွေးသည့် ပုံစံဖြင့် ဆောင်ရွက်သော်လည်း KNU တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနဖြေင့် ထုတ်ပြန် ကြငြောချက်များအား တစ်ဖက်သက် ထုတ်ပြန်လာခဲ့ရာ ကျန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၉) ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနဖြေင့် KNU၏ ထုတ်ပြန်ကြငြောချက်အပေါ် ယုံကြည်မှုနှင့် နားလည်မှု မလွဲမှားစေရန်နှင့် ပြည်သူလူထုအနဖြေင့်လည်း ထာဝရငြိမ်းချမ်းရေးအပေါ် နားလည်မှုမလွဲစေရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~