ေရနံေခ်ာင္း ေျမလတ္ေခ်ာင္းသာတြင္ သႀကၤန္လည္ပတ္သူမ်ားျဖင့္ စည္ကား

ေရနံေခ်ာင္း ေျမလတ္ေခ်ာင္းသာတြင္ သႀကၤန္လည္ပတ္သူမ်ားျဖင့္ စည္ကား
ဧပြီ 15, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕ေျမာက္ဘက္ ပင္းေခ်ာင္းကူးတံတားျဖစ္သည့္ သံုးဆယ္႔ေျခာက္ တံတား အနီးတြင္ ေျမလတ္ေခ်ာင္းသာ(သို႔) ပင္းေခ်ာင္းသာတြင္ သႀကၤန္တြင္း လာေရာက္ ေရကစားသူမ်ားျဖင့္ စည္ကားေနေၾကာင္း သိရသည္။

 “ေရနံေခ်ာင္း ေျမလတ္ေခ်ာင္းသာကေတာ႔ ေႏြရာသီမွာ အထူးသျဖင္႔ ေရႊစက္ေတာ္ဘုရားပဲြေတာ္ရာသီနဲ႔ သႀကၤန္တြင္ းေတြမွာဆိုရင္ အပန္းေျဖသူေတြနဲ႔ အထူး စည္ကားေလ႔ရိွပါတယ္။ ဒီႏွစ္သႀကၤန္ ေရနံေခ်ာင္းမွာ မ႑ပ္ေတြ မရိွေပမဲ့ မေကြးမွာက ေဖ်ာ္ေျဖေရးနဲ႔ ေရကစားမ႑ပ္ေတြ လမ္းေလွ်ာက္ သႀကၤန္ေတြနဲ႔မို႔ ဒီႏွစ္ေတာ႔ ဒီမွာမစည္ကားႏိုင္ေတာ႔ဘူးလို႔ေအာက္ေမ႔တာ ပိုေတာင္စည္ပါတယ္”ဟု ေရနံေခ်ာင္းၿမိဳ႕ ေဒသခံ တစ္ဦးျဖစ္သူ ကိုေအာင္သက္ပိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမလတ္ေခ်ာင္းသာ(သို႔)ပင္းေခ်ာင္းသာ၌ ေဒသထြက္စားေသာက္ဖြယ္ရာမ်ား ေရာင္းခ်သည္႔ စားေသာက္ဆိုင္မ်ားလည္းရိွရာ  ေရကစားအပန္းေျဖလိုသူမ်ား၊ ခရီးေဝးကားမ်ားလည္း ဝင္ေရာက္ရပ္နားေလ့ရိွေၾကာင္း သိရသည္။

ပင္းေခ်ာင္းသာသို႔ မေကြး၊ ေရနံေခ်ာင္းႏွင္႔ ဝန္းက်င္ေက်းရြာမ်ားမွ ကားမ်ား၊ ဆိုင္ကယ္မ်ားျဖင္႔ လာေရာက္လည္ပတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမလတ္ေခ်ာင္းသာ၌ ေရနံေခ်ာင္းၿမိဳ႕ ၿမိဳ႕မရဲစခန္းႏွင့္ လက္မွတ္ကုန္းရဲစခန္းတို႔မွ လံုျခံဳေရးေပး လွ်က္ရိွၿပီး ေစ်းဆိုင္အမ်ားစုမွာ သံုးဆယ္႔ေျခာက္ေက်းရြာမွ လာေရာက္ဖြင္႔လွစ္ေရာင္းခ်ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့မြောက်ဘက် ပင်းချောင်းကူးတံတားဖြစ်သည့် သုံးဆယ့်ခြောက် တံတား အနီးတွင် မြေလတ်ချောင်းသာ(သို့) ပင်းချောင်းသာတွင် သင်္ကြန်တွင်း လာရောက် ရေကစားသူများဖြင့် စည်ကားနေကြောင်း သိရသည်။

 “ရေနံချောင်း မြေလတ်ချောင်းသာကတော့ နွေရာသီမှာ အထူးသဖြင့် ရွှေစက်တော်ဘုရားပွဲတော်ရာသီနဲ့ သင်္ကြန်တွင်းတွေမှာဆိုရင် အပန်းဖြေသူတွေနဲ့ အထူး စည်ကားလေ့ရှိပါတယ်။ ဒီနှစ်သင်္ကြန် ရေနံချောင်းမှာ မဏ္ဍပ်တွေ မရှိပေမဲ့ မကွေးမှာက ဖျော်ဖြေရေးနဲ့ ရေကစားမဏ္ဍပ်တွေ လမ်းလျှောက် သင်္ကြန်တွေနဲ့မို့ ဒီနှစ်တော့ ဒီမှာမစည်ကားနိုင်တော့ဘူးလို့အောက်မေ့တာ ပိုတောင်စည်ပါတယ်”ဟု ရေနံချောင်းမြို့ ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်သက်ပိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေလတ်ချောင်းသာ(သို့)ပင်းချောင်းသာ၌ ဒေသထွက်စားသောက်ဖွယ်ရာများ ရောင်းချသည့် စားသောက်ဆိုင်များလည်းရှိရာ ရေကစားအပန်းဖြေလိုသူများ၊ ခရီးဝေးကားများလည်း ဝင်ရောက်ရပ်နားလေ့ရှိကြောင်း သိရသည်။

ပင်းချောင်းသာသို့ မကွေး၊ ရေနံချောင်းနှင့် ဝန်းကျင်ကျေးရွာများမှ ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

မြေလတ်ချောင်းသာ၌ ရေနံချောင်းမြို့ မြို့မရဲစခန်းနှင့် လက်မှတ်ကုန်းရဲစခန်းတို့မှ လုံခြုံရေးပေး လျှက်ရှိပြီး ဈေးဆိုင်အများစုမှာ သုံးဆယ့်ခြောက်ကျေးရွာမှ လာရောက်ဖွင့်လှစ်ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~