Update News

ပုဂံေ႐ွးေဟာင္းယဥ္ေက်းမႈနယ္ေျမ႐ွိ ငလ်င္ဒဏ္သင့္ ေစတီ ျပဳျပင္ရန္ မေကြးျပည္သူမ်ားမွ က်ပ္သိန္း(၁၆၀)လွဴဒါန္း

ပုဂံေ႐ွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၌  ငလ်င္ဒဏ္ေၾကာင့္ ယိုယြင္းပ်က္စီးမႈျဖစ္ေပၚခဲ့သည့္ ဥာဏ္ေတာ္ အေတာင္(၂၀)ခန္႔႐ွိ ေစတီအမွတ္ (၄၁၀)အား ျပဳျပင္ႏိုင္ရန္ မေကြးၿမိဳ႕ေဒသခံျပည္သူမ်ား စုေပါင္းထည့္၀င္သည့္ အလွဴေငြ (ဘဏ္အပ္ႏွံအတိုးရေငြပါ) က်ပ္သိန္း(၁၆၀)အား ေ႐ွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၊ ပုဂံဌာနခြဲသို႔ ဧၿပီလ (၈)ရက္ေန႔ နံနက္ (၁၁)နာရီခြဲအခ်ိန္တြင္ လႊဲေျပာင္း လွဴဒါန္းခဲ႔ေၾကာင္း သိရသည္။

ပုဂံေ႐ွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၌  ၂၀၁၆ခုႏွစ္၊ ၾသဂုတ္လ(၂၄)ရက္ေန႔က ရစ္ခ်က္တာစေကး (၆.၈) အဆင္႔႐ွိ ငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။


“မဟာ၀ိသုတာရာမတိုက္ ဆရာေတာ္ဦးသာသနရဲ႕ဦးေဆာင္မႈနဲ႔ မေကြးၿမိဳ႕က ပရဟိအဖြဲ႔ေတြ ပူးေပါင္းၿပီး အလွဴေငြ ရ႐ွိဖို႔ ေဆာင္႐ြက္ႏိုင္ခဲ့တာပါ။ သဒၶါ႐ွင္ ႐ွင္သန္မႈကူညီေရးအဖြဲ႔က မေကြးနဲ႔မင္းဘူးၿမိဳ႕ေတြက ဂီတပညာ ႐ွင္ေတြနဲ႔အတူ အလွဴခံခဲ့ၿပီး ဆြမ္းေလာင္း႐ံု နဲ႔က႐ုဏာ႐ွင္အသင္းကလည္း အလွဴခံမ႑ပ္ထိုးၿပီး အလွဴခံခဲ႔ပါတယ္။ ပုဂံေ႐ွးေဟာင္းသုေတသန နဲ႔ မေကြးတိုင္း၀န္ႀကီးခ်ဳပ္တို႔ ဆက္သြယ္ထားတဲ့ အေျခအေန အရ အလွဴခံရေငြေတြကို ဘဏ္မွာ အပ္ထားၿပီး ဒီေန႔မွ သြားေရာက္ လွဴဒါန္းျခင္းျဖစ္ပါတယ္ ”ဟု မေကြးၿမိဳ႕၊သဒၶါ႐ွင္ ႐ွင္သန္မႈကူညီေရး အဖြဲ႔ ဥကၠဌ ဦးသက္တင္က  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လွဴဒါန္းေငြအား  မေကြးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္လြင္ ၊ မေကြးၿမိဳ႕မိၿမိဳ႕ဖ ဦးထြန္းဆိုင္ ၊ မေကြးၿမိဳ႕ နယ္ဓမၼေက်ာင္းေတာ္ ဥကၠဌ ဦးဟိဏ္းထက္ ၊ သဒၶါ႐ွင္ ႐ွင္သန္မႈကူညီေရးအဖြဲ႔ ဥကၠဌ၊ဒု ဥကၠဌႏွင့္ အဖြဲ႔၀င္(၁၅)ဦး ၊ ေ႐ႊေရာင္လက္မ်ား ဦးေဆာင္သူ ဦးတင္လင္း ၊က႐ုဏာ႐ွင္မ်ားနာေရး ကူညီမႈအသင္း နာယက ဦးေဇယ်ာႏွင္႔ အလုပ္အမႈေဆာင္မ်ား၊ ဘက ေက်ာင္းနာယကႀကီး ဦးျမ၀င္း ၊ ဆီစက္လုပ္ငန္း႐ွင္ ဦးထြန္းသန္း စသည့္ ပရဟိတ အဖြဲ႔မ်ားသည္ ေမာ္ေတာ္ယာဥ္ (၈)စီးျဖင့္ မေကြးၿမိဳ႕မွ ပုဂံေ႐ွးေဟာင္း ယဥ္ေက်းမႈနယ္ေျမသို႔ ဧၿပီလ(၈)ရက္ေန႔တြင္ သြားေရာက္လွဴဒါန္းမႈအား ေ႐ွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၊ ပုဂံဌာနခြဲ ဒုတိယညႊန္ၾကားေရး မွဴး ဦးျမင္႔သန္းက လက္ခံရယူခဲ႔ေၾကာင္း သိရသည္။

အဆိုပါ ငလ်င္ဒဏ္ေၾကာင့္ ပုဂံဘုရားေပါင္း(၃၈၂၂)ဆူ႐ွိသည့္အနက္ (၃၈၉)ဆူပ်က္ဆီးခဲ႔ရာ မေကြးျပည္သူမ်ားက ဥာဏ္ေတာ္အေတာင္(၂၀)ခန္႔႐ွိ ေစတီဘုရားအမွတ္ (၄၁၀) အားျပဳျပင္ရန္ အင္ဂ်င္နီယာတြက္ခ်က္မႈ စာရင္း မ်ားအရ ေငြက်ပ္သိန္း (၁၆၀) လွဴဒါန္း ခြင့္ရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္








~~~~~~~~⊰❂ unicode ~~~~~~~~


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဉာဏ်တော် အတောင်(၂၀)ခန့်ရှိ စေတီအမှတ် (၄၁၀)အား ပြုပြင်နိုင်ရန် မကွေးမြို့ဒေသခံပြည်သူများ စုပေါင်းထည့်ဝင်သည့် အလှူငွေ (ဘဏ်အပ်နှံအတိုးရငွေပါ) ကျပ်သိန်း(၁၆၀)အား ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသို့ ဧပြီလ (၈)ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန်တွင် လွှဲပြောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့က ရစ်ချက်တာစကေး (၆.၈) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

“မဟာဝိသုတာရာမတိုက် ဆရာတော်ဦးသာသနရဲ့ဦးဆောင်မှုနဲ့ မကွေးမြို့က ပရဟိအဖွဲ့တွေ ပူးပေါင်းပြီး အလှူငွေ ရရှိဖို့ ဆောင်ရွက်နိုင်ခဲ့တာပါ။ သဒ္ဓာရှင် ရှင်သန်မှုကူညီရေးအဖွဲ့က မကွေးနဲ့မင်းဘူးမြို့တွေက ဂီတပညာ ရှင်တွေနဲ့အတူ အလှူခံခဲ့ပြီး ဆွမ်းလောင်းရုံ နဲ့ကရုဏာရှင်အသင်းကလည်း အလှူခံမဏ္ဍပ်ထိုးပြီး အလှူခံခဲ့ပါတယ်။ ပုဂံရှေးဟောင်းသုတေသန နဲ့ မကွေးတိုင်းဝန်ကြီးချုပ်တို့ ဆက်သွယ်ထားတဲ့ အခြေအနေ အရ အလှူခံရငွေတွေကို ဘဏ်မှာ အပ်ထားပြီး ဒီနေ့မှ သွားရောက် လှူဒါန်းခြင်းဖြစ်ပါတယ် ”ဟု မကွေးမြို့၊သဒ္ဓာရှင် ရှင်သန်မှုကူညီရေး အဖွဲ့ ဥက္ကဌ ဦးသက်တင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လှူဒါန်းငွေအား မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်၊ မကွေးမြို့မိမြို့ဖ ဦးထွန်းဆိုင်၊ မကွေးမြို့ နယ်ဓမ္မကျောင်းတော် ဥက္ကဌ ဦးဟိဏ်းထက်၊ သဒ္ဓာရှင် ရှင်သန်မှုကူညီရေးအဖွဲ့ ဥက္ကဌ၊ဒု ဥက္ကဌနှင့် အဖွဲ့ဝင်(၁၅)ဦး၊ ရွှေရောင်လက်များ ဦးဆောင်သူ ဦးတင်လင်း၊ကရုဏာရှင်များနာရေး ကူညီမှုအသင်း နာယက ဦးဇေယျာနှင့် အလုပ်အမှုဆောင်များ၊ ဘက ကျောင်းနာယကကြီး ဦးမြဝင်း၊ ဆီစက်လုပ်ငန်းရှင် ဦးထွန်းသန်း စသည့် ပရဟိတ အဖွဲ့များသည် မော်တော်ယာဉ် (၈)စီးဖြင့် မကွေးမြို့မှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဧပြီလ(၈)ရက်နေ့တွင် သွားရောက်လှူဒါန်းမှုအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေး မှူး ဦးမြင့်သန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ပုဂံဘုရားပေါင်း(၃၈၂၂)ဆူရှိသည့်အနက် (၃၈၉)ဆူပျက်ဆီးခဲ့ရာ မကွေးပြည်သူများက ဉာဏ်တော်အတောင်(၂၀)ခန့်ရှိ စေတီဘုရားအမှတ် (၄၁၀) အားပြုပြင်ရန် အင်ဂျင်နီယာတွက်ချက်မှု စာရင်း များအရ ငွေကျပ်သိန်း (၁၆၀) လှူဒါန်း ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::