အိႏၵိယႏုိင္ငံႏွင့္ နယ္စပ္အနီး ခ်င္းျပည္နယ္ ရိေခါဒါရ္ၿမိဳ႕တြင္ မီးေလာင္မႈေၾကာင့္ အေဆာက္အဦး (၈)လံုးဆံုးရံႈးၿပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ

အိႏၵိယႏုိင္ငံႏွင့္ နယ္စပ္အနီး ခ်င္းျပည္နယ္ ရိေခါဒါရ္ၿမိဳ႕တြင္ မီးေလာင္မႈေၾကာင့္ အေဆာက္အဦး (၈)လံုးဆံုးရံႈးၿပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ
ဧပြီ 16, 2018
By Tachileik News Agency

အိႏၵိယႏုိင္ငံနယ္စပ္ရိွ ခ်င္းျပည္နယ္ ရိေခါဒါရ္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္တြင္ ဧၿပီလ (၁၆)ရက္ေန႔က မီးေလာင္မႈျဖစ္ပြားရာ ျမန္မာ - အိႏၵိယနယ္စပ္တံတားအနီးမွ နယ္စပ္ကုန္သြယ္ေရးဌာနပိုင္ အေဆာက္အဦး အပါအဝင္ လူေနအိမ္ (၈)လံုးဆံုးရံႈးၿပီး တစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

“လက္ရိွအေျခအေနထိေတာ့ မီးဘယ္က စေလာင္တယ္ဆိုတာ မသိရေသးဘူး။ သက္ဆုိင္ရာက စံုစမ္းစစ္ေဆးဆဲပါ။ မီးေလာင္သြားတဲ့ (၈)အိမ္ကေန လူဦးေရကလည္း စိစစ္ဆဲပါ။ အခုခ်ိန္ထိ မီးေလာင္မႈကို ရွင္းလင္းေနပါတယ္။ မီးေလာင္တဲ့အိမ္ေတြက လူေတြကို ကူညီကယ္ဆယ္ေရးအတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးေတြနဲ႔ လုပ္ၾကေပမဲ့ သူတို႔ထဲက တစ္ခ်ိဳ႕က အိမ္ႏွစ္လံုးရိွေတာ့ တစ္ျခား သူတုိ႔အိမ္မွာ ေနမွာတို႔၊ သူတုိ႔အမ်ိဳးေတြ အိမ္မွာေနတာတို႔ဆိုေတာ့ အကူအညီအမ်ားႀကီး လိုေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး”ဟု ရိေခါဒါရ္ၿမိဳ႕မွ  ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၏ ဒုတိယဦးစီးမွဴး ဦးလာလ္ပက္ေလာမ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈမွာ ညေန (၄) နာရီ (၁၀) မိနစ္တြင္ စတင္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး မီးေလာင္မႈျဖစ္ပြားရာသို႔ ရိေခါဒါရ္တပ္စခန္းမွ ေရွ႕တန္းတပ္ရင္း ခလရ (၂၆၈)မွ တပ္ရင္းမွဴး ဒုတိယဗိုလ္မွဴးႀကီး ၾကည္ေဇာ္ခ်ိဳႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးက်င္လမ့္ခိုင္၊ မီးသတ္ဦးစီးမွဴး ဦးေအာင္ကိုလတ္ အပါအဝင္ တပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕မ်ား၊ ဌာနဆိုင္ရာမ်ား နွင့္ ရပ္ကြက္လူထု စုစုေပါင္းအင္အား (၂၀၀)ခန္႔ျဖင့္ မီးၿငိႇမ္းသတ္ခဲ့ရာ ညေန (၅) နာရီတြင္ မီးလံုးဝၿငိမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ နယ္စပ္ကုန္သြယ္ေရးဌာနပိုင္အေဆာက္အဦးနံကပ္ႏွစ္ထပ္အေဆာက္အဦး (၁)လံုး၊ အျခားလူေနအိမ္ နံကပ္ႏွစ္ထပ္အေဆာက္အဦး(၅)လံုး၊ တစ္ထပ္အေဆာက္အဦး (၂)လံုး ဆံုးရံႈးသြားၿပီး အသက္ (၁၇)နွစ္အရြယ္ မိန္းကေလးတစ္ဦး ဒဏ္ရာအျပင္းအထန္ရရိွသြားသျဖင့္ ရိေခါဒါရ္တိုက္နယ္ ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္းသိရသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာက စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း #Sui Thian
ဓါတ္ပံု #IPRD


~~~~~~~~⊰❂ unicode ~~~~~~~~

အိန္ဒိယနိုင်ငံနယ်စပ်ရှိ ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဧပြီလ (၁၆)ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ မြန်မာ - အိန္ဒိယနယ်စပ်တံတားအနီးမှ နယ်စပ်ကုန်သွယ်ရေးဌာနပိုင် အဆောက်အဦး အပါအဝင် လူနေအိမ် (၈)လုံးဆုံးရှုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

“လက်ရှိအခြေအနေထိတော့ မီးဘယ်က စလောင်တယ်ဆိုတာ မသိရသေးဘူး။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးဆဲပါ။ မီးလောင်သွားတဲ့ (၈)အိမ်ကနေ လူဦးရေကလည်း စိစစ်ဆဲပါ။ အခုချိန်ထိ မီးလောင်မှုကို ရှင်းလင်းနေပါတယ်။ မီးလောင်တဲ့အိမ်တွေက လူတွေကို ကူညီကယ်ဆယ်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးတွေနဲ့ လုပ်ကြပေမဲ့ သူတို့ထဲက တစ်ချို့က အိမ်နှစ်လုံးရှိတော့ တစ်ခြား သူတို့အိမ်မှာ နေမှာတို့၊ သူတို့အမျိုးတွေ အိမ်မှာနေတာတို့ဆိုတော့ အကူအညီအများကြီး လိုနေတာမျိုးတော့ မဟုတ်ပါဘူး”ဟု ရိခေါဒါရ်မြို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဒုတိယဦးစီးမှူး ဦးလာလ်ပက်လောမ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုမှာ ညနေ (၄) နာရီ (၁၀) မိနစ်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရိခေါဒါရ်တပ်စခန်းမှ ရှေ့တန်းတပ်ရင်း ခလရ (၂၆၈)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကြည်ဇော်ချိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ့်ခိုင်၊ မီးသတ်ဦးစီးမှူး ဦးအောင်ကိုလတ် အပါအဝင် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ရပ်ကွက်လူထု စုစုပေါင်းအင်အား (၂၀၀)ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ (၅) နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးဌာနပိုင်အဆောက်အဦးနံကပ်နှစ်ထပ်အဆောက်အဦး (၁)လုံး၊ အခြားလူနေအိမ် နံကပ်နှစ်ထပ်အဆောက်အဦး(၅)လုံး၊ တစ်ထပ်အဆောက်အဦး (၂)လုံး ဆုံးရှုံးသွားပြီး အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် ရိခေါဒါရ်တိုက်နယ် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်းသိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း #Sui Thian
ဓာတ်ပုံ #IPRD

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~