ကချင်ပြည်နယ် တနိုင်းမြို့နယ် တိုက်ပွဲများ အတွင်းမှ ဒေသခံ နှစ်ထောင်ကျော်အား အရေးပေါ်ကူညီရန် ပြည်နယ်ဝန်ကြီးချုပ်ထံ အကူအညီတောင်း

ကချင်ပြည်နယ် တနိုင်းမြို့နယ် တိုက်ပွဲများ အတွင်းမှ ဒေသခံ နှစ်ထောင်ကျော်အား အရေးပေါ်ကူညီရန် ပြည်နယ်ဝန်ကြီးချုပ်ထံ အကူအညီတောင်း
ဧပြီ 14, 2018
By Tachileik News Agency


အဆိုပါ ကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ လေယာဉ်ဗုံး ကျရောက်ခြင်း များကြောင့် သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး ဒေသခံနှစ်ထောင်ခန့်မှာ ခြေဦးတည့်ရာ ထွက်ပြေး တိမ်းရှောင်နေရကာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီထံ နေ့စဉ်နှင့် အမျှ အကူအညီတောင်းသည့် ဖုန်းဆက်သွယ်မှုများ လက်ခံရရှိနေပါသဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးပါရန် အဆိုပါကော်မတီက ဧပြီလ (၁၄)ရက်နေ့ နေ့စွဲဖြင့် အကူအညီတောင်းခံတင်ပြစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီအနေဖြင့် ဧပြီလ (၁၂)ရက်နေ့က တနိုင်းမြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွင် ဒေသကွပ်ကဲရေးမှူးအား တွေ့ဆုံ အကူအညီတောင်းခံခဲ့ပြီးဖြစ်ကြောင်း ဖေါ်ပြထားသည်။

သတင်း - အင်မိုင်ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိန်ယန်ကျေးရွာနှင့် ဆွတ်ရွာကျေးရွာများ အနီးတွင် တပ်မတော်နှင့် KIA တို့ ဧပြီလ (၁၁)ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံများအား အရေးပေါ် အကူအညီပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ ဧပြီလ (၁၄)ရက်နေ့က အကူအညီ တောင်းထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ လေယာဉ်ဗုံး ကျရောက်ခြင်း များကြောင့် သေဆုံး၊ ဒဏ်ရာရမှုများရှိနပြေီး ဒေသခံနှစ်ထောင်ခန့်မှာ ခြေဦးတည့်ရာ ထွက်ပြေး တိမ်းရှောင်နေရကာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီထံ နေ့စဉ်နှင့် အမျှ အကူအညီတောင်းသည့် ဖုန်းဆက်သွယ်မှုများ လက်ခံရရှိနေပါသဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအနဖြေင့် ကူညီဆောင်ရွက်ပေးပါရန် အဆိုပါကော်မတီက ဧပြီလ (၁၄)ရက်နေ့ နေ့စွဲဖြင့် အကူအညီတောင်းခံတင်ပြစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီအနဖြေင့် ဧပြီလ (၁၂)ရက်နေ့က တနိုင်းမြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွင် ဒေသကွပ်ကဲရေးမှူးအား တွေ့ဆုံ အကူအညီတောင်းခံခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~