ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက ျမန္မာႏွစ္သစ္ကူး အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ ဘိုးဘြားရိပ္သာသို႔ က်ပ္(၂၅)သိန္း လွဴဒါန္း

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက ျမန္မာႏွစ္သစ္ကူး အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ ဘိုးဘြားရိပ္သာသို႔ က်ပ္(၂၅)သိန္း လွဴဒါန္း
ဧပြီ 5, 2018
By Tachileik News Agency

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း(MPT)မွ ျမန္မာႏွစ္သစ္ကူး အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ရွိ ဘိုးဘြားရိပ္သာသို႔ က်ပ္ေငြ(၂၅)သိန္း တိတိအား ဧၿပီလ(၅)ရက္ေန႔ နံနက္ပိုင္းက လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္း က်ဳိင္းတံုၿမိဳ႕ရွိ ဘိုးဘြားရိပ္သာတြင္ က်ပ္(၂၅)သိန္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕ရွိ ဘိုးဘြားရိပ္သာတြင္ က်ပ္(၂၅)သိန္းလွဴဒါန္းႏိုင္ရန္အတြက္ MPT မွ က်ပ္သိန္း(၅၀)ခ်ေပးထားေၾကာင္း သိရသည္။

"ရွမ္းအေရွ႕က က်ဳိင္းတံု နဲ႔ တာခ်ီလိတ္တို႔မွာရွိတဲ့ ဘိုးဘြားရိပ္သာေတြမွာ ျမန္မာႏွစ္သစ္ကူး အထိမ္းအမွတ္ အျဖစ္ လွဴဒါန္းႏိုင္ဖို႔ က်ပ္သိန္း(၅၀) ခ်ေပးလာပါတယ္၊ အခု မနက္မွ ျပည္နယ္မန္ေနဂ်ာ ဦးစီးတဲ့အဖြဲ႔က က်ပ္(၂၅)သိန္း လွဴခဲ့ပါတယ္၊ အဲ့ဒီအျပင္ စုေပါင္း သန္႔ရွင္းေရးလည္း လုပ္ခဲ့ပါတယ္"ဟု ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ ၿမဳိ႕နယ္ တာ၀န္ခံအင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၏ ျပည္နယ္မန္ေနဂ်ာ ဦးသိန္းေဌးျမင့္ ဦးေဆာင္သည့္ က်ဳိင္းတံု ႏွင့္ တာခ်ီလိတ္တို႔မွ တာ၀န္ခံမ်ား၊ ၀န္ထမ္းမ်ား စုစုေပါင္း (၅၀)ေက်ာ္က အလွဴေငြမ်ား ေပးအပ္လွဴဒါန္းၾကရာ တာခ်ီလိတ္ဘိုးဘြားရိပ္သာမွ တာ၀န္ရွိသူမ်ားက လက္ခံရယူကာ ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့ေၾကာင္းႏွင့္ ဘိုးဘြားရိပ္သာအတြင္း၌ စုေပါင္းသန္႔ရွင္းေရး လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း(MPT)မွ ယခုလို ျမန္မာႏွစ္သစ္ကူးအထိမ္း အမွတ္ အလွဴအျဖစ္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားတြင္ ျပဳလုပ္ေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တာချီလိတ်ရှိ ဘိုးဘွားရိပ်သာသို့ ကျပ်ငွေ(၂၅)သိန်း တိတိအား ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက လှူဒါန်းလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျိုင်းတုံမြို့ရှိ ဘိုးဘွားရိပ်သာတွင် ကျပ်(၂၅)သိန်း နှင့် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာတွင် ကျပ်(၂၅)သိန်းလှူဒါန်းနိုင်ရန်အတွက် MPT မှ ကျပ်သိန်း(၅၀)ချပေးထားကြောင်း သိရသည်။

"ရှမ်းအရှေ့က ကျိုင်းတုံ နဲ့ တာချီလိတ်တို့မှာရှိတဲ့ ဘိုးဘွားရိပ်သာတွေမှာ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် လှူဒါန်းနိုင်ဖို့ ကျပ်သိန်း(၅၀) ချပေးလာပါတယ်၊ အခု မနက်မှ ပြည်နယ်မန်နေဂျာ ဦးစီးတဲ့အဖွဲ့က ကျပ်(၂၅)သိန်း လှူခဲ့ပါတယ်၊ အဲ့ဒီအပြင် စုပေါင်း သန့်ရှင်းရေးလည်း လုပ်ခဲ့ပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြို့နယ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့် ဦးဆောင်သည့် ကျိုင်းတုံ နှင့် တာချီလိတ်တို့မှ တာဝန်ခံများ၊ ဝန်ထမ်းများ စုစုပေါင်း (၅၀)ကျော်က အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာချီလိတ်ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဘိုးဘွားရိပ်သာအတွင်း၌ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ယခုလို မြန်မာနှစ်သစ်ကူးအထိမ်း အမှတ် အလှူအဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ပြုလုပ်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~