ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတား ေလ်ာ္ေၾကးကိစၥၿပီးျပတ္သြား၍ ႏွစ္ႏုိင္ငံ MOU ထိုးရန္ ေဆာင္ရြက္ေန

ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတား ေလ်ာ္ေၾကးကိစၥၿပီးျပတ္သြား၍ ႏွစ္ႏုိင္ငံ MOU ထိုးရန္ ေဆာင္ရြက္ေန
မတ် 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕တြင္ တည္ရိွသည့္ ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတားမွ နယ္စပ္ေဒသျဖတ္သန္းခြင့္အတြက္ ႏွစ္ႏုိင္ငံ နားလည္မႈစာခၽြန္လႊာ (MOU) ေရးထိုးႏိုင္ေရး ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“ျမန္မာ - လာအိုနယ္စပ္ ေရေၾကာင္းနယ္နိမိတ္အရ ျမစ္ရဲ႕အလယ္တည့္တည့္မွာ ရိွေပမဲ့ ၂၀၁၃ ခုႏွစ္ တံတားေဆာက္တုန္းက လာအိုက တံတားရဲ႕တန္ဖိုးႏွစ္ဆကို ထည့္ခဲ့တာျဖစ္တဲ့အတြက္ အဲဒီတံတားရဲ႕ သံုးပံုႏွစ္ပံုကို လာအိုႏိုင္ငံက ပိုင္ပါတယ္ဆိုၿပီး ျဖစ္လာပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံဟာ ကိုယ့္ရဲ႕ နယ္နိမိတ္ကို နစ္နာမွာ စိုးတဲ့အတြက္ တံတားရဲ႕ တန္ဖိုးတစ္ဝက္ကို ကၽြန္ေတာ္တုိ႔က ျပန္လည္ ေပးေခ်ၿပီး ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ နယ္နိမိတ္သည္ ျမစ္ေၾကာင္းရဲ႕ အလယ္မွာသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၁၇ ခုႏွစ္ (၅)လပိုင္း (ေမလ) (၂၁) ရက္ေန႔မွာ  တံတားရဲ႕ေလ်ာ္ေၾကးကိစၥေတြ  ၿပီးျပတ္သြားၿပီးျဖစ္တဲ့ အတြက္ အခုခ်ိန္မွာ လာအိုနဲ႔ နယ္စပ္ေဒသျဖတ္သန္းခြင့္ MOU ထိုးဖို႔ကိုု သံတမန္နည္းလမ္းနဲ႔ ေဆာင္ရြက္ေနပါတယ္”ဟု အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔ အင္အား ၀န္ႀကီးဌာန အၿမဲတမ္း အတြင္း၀န္ ဦးျမင့္ႀကဳိင္က မတ္လ (၁၆)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူႏွင့္ ဟိုတယ္၊ခရီးသြားလုပ္ငန္းရွင္မ်ား ေတြ႔ဆံုပြဲတြင္ ရွင္းလင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတားအား  ၂၀၁၅ ခုႏွစ္ ေမလ (၉) ရက္ေန႔က ျမန္မာ - လာအို ႏွစ္ႏိုင္ငံ သံတမန္ရင္းႏွီးမႈ အႏွစ္(၆၀)ျပည့္ အထိမ္းအမွတ္အျဖစ္ ျမန္မာ ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္ႏွင့္ လာအို သမၼတ မစၥတာ က်ဴမာေလဆိုင္ရာဆြန္တို႔ ဖြင့္လွစ္ခဲ့ၾကျခင္းျဖစ္ေသာ္လည္း ႏွစ္ႏုိင္ငံ ေရေၾကာင္းနယ္နိမိတ္ အျငင္းပြားမႈေၾကာင့္ ျဖတ္သန္းသြားႏုိင္ျခင္း မရိွေသးျခင္းျဖစ္သည္။

အဆိုပါ တံတားတည္ေဆာက္ေရးအတြက္ ၂၀၁၃ ခုႏွစ္က သမၼတ ဦးသိန္းစိန္၏ လာအိုႏိုင္ငံ ခ်စ္ၾကည္ေရး ခရီးစဥ္တြင္ ႏွစ္ႏိုင္ငံ ေဆာက္လုပ္ေရး၀န္ႀကီးဌာနတို႔ၾကား နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုး တည္ေဆာက္ကာ ၂၀၁၅ ခုႏွစ္အတြင္း ဖြင့္ပြဲက်င္းပခဲ့ျခင္းျဖစ္ေသာ္လည္း တံတားကုန္က်စရိတ္ သံုးပံုႏွစ္ပံု ကုန္က်ခံထားသည့္ လာအိုႏုိင္ငံက တံတား၏ သံုးပံုႏွစ္ပံု ရယူသတ္မွတ္လိုသျဖင့္ ျမန္မာ့ နယ္နိမိတ္ မနစ္နာ ေစေရးအတြက္ ျမန္မာႏုိင္ငံက တံတား၏ ကုန္က်စရိတ္ကို ၂၀၁၇ ခုႏွစ္တြင္ ျပန္လည္ ေပးေခ်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တံတား၏အရွည္မွာ (၂၂၆၉.၂၇)ေပရိွၿပီး စုစုေပါင္း ကုန္က်စရိတ္ အေမရိကန္ ေဒၚလာ (၂၆)သန္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတားမွ ျဖတ္သန္းသြားလာမႈႏွင့္ ကုန္သြယ္မႈအတြက္ ႏွစ္ႏိုင္ငံ MOU ထိုးရန္ လက္ရိွတြင္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် တည်ရှိသည့် မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ နယ်စပ်ဒေသဖြတ်သန်းခွင့်အတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရေး ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

“မြန်မာ - လာအိုနယ်စပ် ရေကြောင်းနယ်နိမိတ်အရ မြစ်ရဲ့အလယ်တည့်တည့်မှာ ရှိပေမဲ့ ၂၀၁၃ ခုနှစ် တံတားဆောက်တုန်းက လာအိုက တံတားရဲ့တန်ဖိုးနှစ်ဆကို ထည့်ခဲ့တာဖြစ်တဲ့အတွက် အဲဒီတံတားရဲ့ သုံးပုံနှစ်ပုံကို လာအိုနိုင်ငံက ပိုင်ပါတယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့ နယ်နိမိတ်ကို နစ်နာမှာ စိုးတဲ့အတွက် တံတားရဲ့ တန်ဖိုးတစ်ဝက်ကို ကျွန်တော်တို့က ပြန်လည် ပေးချပြေီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယ်နိမိတ်သည် မြစ်ကြောင်းရဲ့ အလယ်မှာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ် (၅)လပိုင်း (မေလ) (၂၁) ရက်နေ့မှာ တံတားရဲ့လျော်ကြေးကိစ္စတွေ ပြီးပြတ်သွားပြီးဖြစ်တဲ့ အတွက် အခုချိန်မှာ လာအိုနဲ့ နယ်စပ်ဒေသဖြတ်သန်းခွင့် MOU ထိုးဖို့ကို သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်နေပါတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က မတ်လ (၁၆)ရက်နေ့က တာချီလိတ်မြို့တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဟိုတယ်၊ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ - လာအို ချစ်ကြည်ရေးတံတားအား ၂၀၁၅ ခုနှစ် မေလ (၉) ရက်နေ့က မြန်မာ - လာအို နှစ်နိုင်ငံ သံတမန်ရင်းနှီးမှု အနှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လာအို သမ္မတ မစ္စတာ ကျူမာလေဆိုင်ရာဆွန်တို့ ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သော်လည်း နှစ်နိုင်ငံ ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုကြောင့် ဖြတ်သန်းသွားနိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။

အဆိုပါ တံတားတည်ဆောက်ရေးအတွက် ၂၀၁၃ ခုနှစ်က သမ္မတ ဦးသိန်းစိန်၏ လာအိုနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် နှစ်နိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး တည်ဆောက်ကာ ၂၀၁၅ ခုနှစ်အတွင်း ဖွင့်ပွဲကျင်းပခဲ့ခြင်းဖြစ်သော်လည်း တံတားကုန်ကျစရိတ် သုံးပုံနှစ်ပုံ ကုန်ကျခံထားသည့် လာအိုနိုင်ငံက တံတား၏ သုံးပုံနှစ်ပုံ ရယူသတ်မှတ်လိုသဖြင့် မြန်မာ့ နယ်နိမိတ် မနစ်နာ စေရေးအတွက် မြန်မာနိုင်ငံက တံတား၏ ကုန်ကျစရိတ်ကို ၂၀၁၇ ခုနှစ်တွင် ပြန်လည် ပေးချေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား၏အရှည်မှာ (၂၂၆၉.၂၇)ပေရှိပြီး စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ (၂၆)သန်းဖြစ်ကြောင်း သိရသည်။

မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာမှုနှင့် ကုန်သွယ်မှုအတွက် နှစ်နိုင်ငံ MOU ထိုးရန် လက်ရှိတွင် ပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~