စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသူႏွင့္ ကြင္းဆက္တရားခံတို႔အား တစ္နာရီအတြင္း ဖမ္းဆီးရမိ

စိတ္ၾကြရူးသြပ္ေဆးျပား သယ္လာသူႏွင့္ ကြင္းဆက္တရားခံတို႔အား တစ္နာရီအတြင္း ဖမ္းဆီးရမိ
မတ် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လိြဳင္လင္ၿမိဳ႕နယ္ ပင္လုံၿမိဳ႕၊ ပင္လုံ - လဲခ်ား ကားလမ္းတြင္ စိတ္ၾကြရူးသြပ္ ေဆးျပား (၄၆၀၀၀) သယ္လာသူႏွစ္ဦးႏွင့္ ကြင္းဆက္တို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၇)လြိဳင္လင္မွတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ လြိဳင္လင္ၿမိဳ႕နယ္၊ ပင္လုံၿမိဳ႕၊ ပင္လုံ - လဲခ်ား ကားလမ္း၊ မိုင္တိုင္အမွတ္(၁၂)အနီးတြင္ မတ္လ (၇)ရက္ေန႔ ညေန (၆)နာရီခြဲဝန္းက်င္က အိုက္လူ ေမာင္းႏွင္ၿပီး ေအးျမင့္ေမာ္(ခ) နန္းႏြမ္းခမ္း လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆး ရွာေဖြရာ ေအးျမင့္ေမာ္(ခ) နန္းႏြမ္းခမ္း၏ ေက်ာပိုးအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား စုစုေပါင္း (၄၆၀၀၀) ျပား၊ လက္ကိုင္ဖုန္း ႏွစ္လုံးႏွင့္ ေငြက်ပ္တစ္သိန္းတို႔ကို သိမ္းဆည္း ရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကြင္းဆက္ ေဖၚထုတ္ခ်က္အရ ယင္းေန႔ ည(၇)နာရီ အခ်ိန္ လဲခ်ားၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ လဲခ်ားၿမိဳ႕နယ္၊ ဟိုဖိုင္႐ြာတြင္ နန္းဖုန္း(ခ) ပါဖုန္းအား လက္ကိုင္ဖုန္းတစ္လုံးႏွင့္ အတူ ထပ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေအးျမင့္ေမာ္ (ခ) နန္းႏြမ္းခမ္း၊ အိုက္လူ ႏွင့္ မနန္းဖုန္း(ခ)မပါဖုန္းတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း -  နန္းဟြမ္ခမ္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့၊ ပင်လုံ - လဲချား ကားလမ်းတွင် စိတ်ကြွရူးသွပ် ဆေးပြား (၄၆၀၀၀) သယ်လာသူနှစ်ဦးနှင့် ကွင်းဆက်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ - လဲချား ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂)အနီးတွင် မတ်လ (၇)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်က အိုက်လူ မောင်းနှင်ပြီး အေးမြင့်မော်(ခ) နန်းနွမ်းခမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ အေးမြင့်မော်(ခ) နန်းနွမ်းခမ်း၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၄၆၀၀၀) ပြား၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ငွေကျပ်တစ်သိန်းတို့ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ ည(၇)နာရီ အချိန် လဲချားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် လဲချားမြို့နယ်၊ ဟိုဖိုင်ရွာတွင် နန်းဖုန်း(ခ) ပါဖုန်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့် အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အေးမြင့်မော် (ခ) နန်းနွမ်းခမ်း၊ အိုက်လူ နှင့် မနန်းဖုန်း(ခ)မပါဖုန်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~