ေအာင္ပင္လယ္ ဆပ္ကပ္အဖြဲ႔မွ ဆင္ႀကီးမိုးၿငိမ္း၏ ထိုးသတ္မႈေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုး

ေအာင္ပင္လယ္ ဆပ္ကပ္အဖြဲ႔မွ ဆင္ႀကီးမိုးၿငိမ္း၏ ထိုးသတ္မႈေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုး
မတ် 9, 2018
By 🌸
ဧရာဝတီတုိင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္၊ ကံႀကီးေက်းရြာတြင္ ေအာင္ပင္လယ္ ဆပ္ကပ္အဖြဲ႕မွ မိုးၿငိမ္းက အစြယ္ျဖင့္ထိုးသတ္၍ အသက္ ၆၅ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေသဆံုးသြားေၾကာင္းသိရသည္။

"ေအာင္ပင္လယ္" ဆပ္ကပ္အဖြဲ႕မွ ဆင္ဦးစီး ဦးလွေဌးသည္ ေဘာလုံးကြင္းအနီး အိပ္ေနၿပီး မိုးၿငိမ္းအမည္ရွိ အနက္ေရာင္ဆင္ထီးအား ေဘာလုံးကြင္းေဘးဝါး႐ုံပင္တြင္ သံႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားစဥ္ အျမင္အာ႐ုံေဝဝါးသူ တစ္ဦးျဖစ္သည့္ ဦးစိန္ေအာင္မင္းဆိုသူက ဝါး႐ုံပင္အနီး လမ္းေလၽွာက္လာရာ ဆင္က ႏွာေမာင္းျဖင့္ ရစ္ပတ္ကာ အစြယ္ျဖင့္ထိုးခဲ့ေသာေၾကာင့္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္းသိရသည္။

ဆင္စြယ္ထိုး၍ အမ်ိဳးသားတစ္ဦးေသဆံုးေၾကာင္း ၂၀၁၈ ခုႏွစ္၊ မတ္လ (၈) ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္ အခ်ိန္က ရဲတပ္ဖြဲ႔ထံသတင္းပို႔သျဖင့္ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးကာ ဆင္ပိုင္ရွင္အား ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

အဆိုပါဆင္မွာ သစ္ေတာဦးစီးဌာန၌ မွတ္ပုံတင္ထားၿပီး ေဒါက္ (၇) ေပခန္႔၊ အစြယ္လုံးပတ္ (၂) လက္မခန္႔ႏွင့္ အရွည္ (၁၀) လက္မခန္႔ရိွေၾကာင္း သိရသည္။

ဦးလွေဌးအား ေျမာင္းျမၿမိဳ႕မရဲစခန္းတြင္ (ပ)၃၄၆/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
အောင်ပင်လယ် ဆပ်ကပ်အဖွဲ့မှ မိုးငြိမ်းအမည်ရှိ ဆင်ကထိုးသတ်၍ အမျိုးသားတစ်ဦးသေဆုံး
*****************
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာတွင် အောင်ပင်လယ် ဆပ်ကပ်အဖွဲ့မှ မိုးငြိမ်းက အစွယ်ဖြင့်ထိုးသတ်၍ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

"အောင်ပင်လယ်" ဆပ်ကပ်အဖွဲ့မှ ဆင်ဦးစီး ဦးလှဌေးသည် ဘောလုံးကွင်းအနီး အိပ်နေပြီး မိုးငြိမ်းအမည်ရှိ အနက်ရောင်ဆင်ထီးအား ဘောလုံးကွင်းဘေးဝါးရုံပင်တွင် သံကြိုးဖြင့် ချည်နှောင်ထားစဉ် အမြင်အာရုံဝေဝါးသူတစ်ဦးဖြစ်သည့် ဦးစိန်အောင်မင်းဆိုသူက ဝါးရုံပင်အနီး လမ်းလျှောက်လာရာ ဆင်က နှာမောင်းဖြင့် ရစ်ပတ်ကာ အစွယ်ဖြင့်ထိုးခဲ့သောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

ဆင်စွယ်ထိုး၍ အမျိုးသားတစ်ဦးသေဆုံးကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင် အချိန်က ရဲတပ်ဖွဲ့ထံသတင်းပို့သဖြင့် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးကာ ဆင်ပိုင်ရှင်အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အဆိုပါဆင်မှာ သစ်တောဦးစီးဌာန၌ မှတ်ပုံတင်ထားပြီး ဒေါက် (၇) ပေခန့်၊ အစွယ်လုံးပတ် (၂) လက်မခန့်နှင့် အရှည် (၁၀) လက်မခန့်ရှိကြောင်း သိရသည်။

ဦးလှဌေးအား မြောင်းမြမြို့မရဲစခန်းတွင် (ပ)၃၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~