တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းေစ်းေရွ႕ ယာဥ္တုိက္မႈမွ ဒဏ္ရာရလူငယ္ မယ္ဆုိင္တြင္ ေဆးကုသမႈ ခံယူေနရ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းေစ်းေရွ႕ ယာဥ္တုိက္မႈမွ ဒဏ္ရာရလူငယ္ မယ္ဆုိင္တြင္ ေဆးကုသမႈ ခံယူေနရ
မတ် 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္းေစ်းေရွ႕တြင္ မတ္လ (၁၈)ရက္ေန႔ညက ေမာ္ေတာ္ ဆုိင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္တစ္စီးတုိက္မိရာမွ ဒဏ္ရာရသြားသည့္ လူငယ္မွာ ထုိင္းႏုိင္ငံ မယ္ဆုိိင္ၿမိဳ႕တြင္ ေဆးကုသမႈခံယူေနရၿပီး မတ္လ (၂၀)ရက္ေန႔အထိ အမႈဖြင့္ထားျခင္း မရိွေသးေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ဆီကို အမႈလာဖြင့္ထားျခင္း မရိွေသးပါဘူးခင္ဗ်”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈမွာ ႏွစ္ဖက္ညိႇႏိႈင္းေျပလည္သြားသျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕က အမႈဖြင့္ထားျခင္းမရိွဘဲ ေမာ္ေတာ္ယာဥ္ နည္းဥပေဒအရ တရားစြဲတင္ရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အမႈျဖစ္စဥ္က တရားဝင္ေတာ့ ဖြင့္မထားဘူး။ ဖြင့္မထားဘူးဆိုတာက သူတို႔ ဆုိင္ကယ္နဲ႔ကားနဲ႔ ျဖစ္တဲ့ဟာက သူတို႔ အခ်င္းခ်င္းက ေျပလည္ေနေတာ့ ေမာ္ေတာ္ယာဥ္နည္းဥပေဒအရ သူတို႔ကို အေရးယူဖို႔ လုပ္ထားပါတယ္။ ရာဇသတ္ႀကီးဥပေဒနဲ႔ေတာ့ အေရးမယူပါဘူး။ သူတို႔အခ်င္းခ်င္း ေျပလည္တဲ့ အေျခအေနမွာ ကၽြန္ေတာ္တုိ႔ ေမာ္ေတာ္ယာဥ္ဥပေဒမွာ နည္းဥပေဒရိွတယ္ေလ။ နည္းဥပေဒနဲ႔ တရားစြဲတင္ဖို႔ ေဆာင္ရြက္ထားဆဲပဲ ရိွပါေသးတယ္”ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တာဝန္ရိွသူတစ္ဦးက မတ္လ (၂၀)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျဖၾကားသည္။

အဆိုပါ ယာဥ္တုိက္မႈေၾကာင့္ ဒဏ္ရာရသြားသည့္ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းႏွင္သည့္ လူငယ္မွာ မတ္လ (၁၉)ရက္ေန႔တြင္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုမွတစ္ဆင့္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ တာခ်ီလိတ္ နာေရးကူညီမႈအသင္း၏ အကူအညီျဖင့္ ထုိင္းႏုိင္ငံ မယ္ဆိုင္ေဆးရံုသို႔ သြားေရာက္ကုသမႈခံယူေနေၾကာင္း သိရသည္။

“မေန႔က မနက္ပိုင္းမွာ ေဆးရံုကေနေခၚၿပီး မယ္ဆုိင္ဘက္ကို သြားပို႔ေပးရတာပါ။ ကၽြန္ေတာ္တုိ႔က လူနာေတြကို မယ္ဆုိင္ဘက္ကို အခမဲ့ပို႔ေဆာင္မႈေတြ လုပ္ေပးေနတာေၾကာင့္ အကူအညီလွမ္းေတာင္းလုိ႔ ပို႔ေပးခဲ့ရတာပါ”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။

မတ္လ (၁၈)ရက္ေန႔ ညပိုင္းက လူငယ္တစ္ဦးေမာင္းနွင္လာသည့္ ဆိုင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္တုိ႔ တိုက္မိရာမွ ဆုိင္ကယ္စီးလူငယ္မွာ ဒဏ္ရာျပင္းထန္စြာ ရရိွသြားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္နာေရး ကူညီမႈအသင္းထံမွ သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်းဈေးရှေ့တွင် မတ်လ (၁၈)ရက်နေ့ညက မော်တော် ဆိုင်ကယ်နှင့် မော်တော်ယာဉ်တစ်စီးတိုက်မိရာမှ ဒဏ်ရာရသွားသည့် လူငယ်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဆေးကုသမှုခံယူနေရပြီး မတ်လ (၂၀)ရက်နေ့အထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို အမှုလာဖွင့်ထားခြင်း မရှိသေးပါဘူးခင်ဗျ”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ နှစ်ဖက်ညှိနှိုင်းပြေလည်သွားသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းမရှိဘဲ မော်တော်ယာဉ် နည်းဥပဒေအရ တရားစွဲတင်ရန် ပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။

“အမှုဖြစ်စဉ်က တရားဝင်တော့ ဖွင့်မထားဘူး။ ဖွင့်မထားဘူးဆိုတာက သူတို့ ဆိုင်ကယ်နဲ့ကားနဲ့ ဖြစ်တဲ့ဟာက သူတို့ အချင်းချင်းက ပြေလည်နေတော့ မော်တော်ယာဉ်နည်းဥပဒေအရ သူတို့ကို အရေးယူဖို့ လုပ်ထားပါတယ်။ ရာဇသတ်ကြီးဥပဒေနဲ့တော့ အရေးမယူပါဘူး။ သူတို့အချင်းချင်း ပြေလည်တဲ့ အခြေအနေမှာ ကျွန်တော်တို့ မော်တော်ယာဉ်ဥပဒေမှာ နည်းဥပဒေရှိတယ်လေ။ နည်းဥပဒေနဲ့ တရားစွဲတင်ဖို့ ဆောင်ရွက်ထားဆဲပဲ ရှိပါသေးတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မတ်လ (၂၀)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ဖြကြေားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားသည့် မော်တော်ဆိုင်ကယ်မောင်းနှင်သည့် လူငယ်မှာ မတ်လ (၁၉)ရက်နေ့တွင် တာချီလိတ်ပြည်သူ့ဆေးရုံမှတစ်ဆင့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် တာချီလိတ် နာရေးကူညီမှုအသင်း၏ အကူအညီဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ သွားရောက်ကုသမှုခံယူနေကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းမှာ ဆေးရုံကနေခေါ်ပြီး မယ်ဆိုင်ဘက်ကို သွားပို့ပေးရတာပါ။ ကျွန်တော်တို့က လူနာတွေကို မယ်ဆိုင်ဘက်ကို အခမဲ့ပို့ဆောင်မှုတွေ လုပ်ပေးနေတာကြောင့် အကူအညီလှမ်းတောင်းလို့ ပို့ပေးခဲ့ရတာပါ”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

မတ်လ (၁၈)ရက်နေ့ ညပိုင်းက လူငယ်တစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်တို့ တိုက်မိရာမှ ဆိုင်ကယ်စီးလူငယ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခြင်းဖြစ်ကြောင်း တာချီလိတ်နာရေး ကူညီမှုအသင်းထံမှ သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~