ရခိုင္၊ခ်င္း ႏွင့္ မေကြး ေဒသတို႔ ပူးေပါင္းကာ အေသးစား အလတ္စား ဖြံ႔ၿဖိဳးတိုးတက္ေရးကုန္စည္ျပပြဲႏွင့္ ထုတ္ကုန္ၿပိဳင္ပြဲႀကီးကို ျပခန္းေပါင္း(၁၀၀)ခန္႔ျဖင့္ ခင္းက်င္းျပသ

ရခိုင္၊ခ်င္း ႏွင့္ မေကြး ေဒသတို႔ ပူးေပါင္းကာ အေသးစား အလတ္စား ဖြံ႔ၿဖိဳးတိုးတက္ေရးကုန္စည္ျပပြဲႏွင့္ ထုတ္ကုန္ၿပိဳင္ပြဲႀကီးကို ျပခန္းေပါင္း(၁၀၀)ခန္႔ျဖင့္ ခင္းက်င္းျပသ
မတ် 24, 2018
By Tachileik News Agency

ရခိုင္၊ မေကြး ႏွင့္ ခ်င္းေဒသတို႔ ပူးေပါင္း၍ အေသးစား၊ အလတ္စား ဖြံ႔ၿဖိဳးတိုးတက္ေရး ကုန္စည္ျပပြဲ ႏွင့္ ထုတ္ကုန္ ၿပိဳင္ပြဲႀကီးကို မတ္လ(၂၄) ရက္ နံနက္ပိုင္းက မေကြးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမႏွင္႔ ဗိုလ္ခ်ဳပ္ ေၾကးရုပ္ပန္းျခံလမ္း တို႔တြင္ အခမ္းအနားျဖင့္ ျပဳလုပ္ကာ စတင္ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

အဆုိပါ ျပပြဲ၊ ၿပိဳင္ပြဲတြင္ ရခိုင္ျပည္နယ္၊ မေကြးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ တို႔မွ ေဒသထြက္ကုန္ ပစၥည္းမ်ား သာမက ရွမ္းျပည္နယ္၊ စစ္ကိုင္း၊ မႏၱေလး၊ ရန္ကုန္တိုင္းေဒသႀကီးမ်ားႏွင္႔ ေနျပည္ေတာ္တို႔မွ လုပ္ငန္း ရွင္ႀကီးမ်ားကလည္း ထုတ္ကုန္ပစၥည္းမ်ားကို လာေရာက္ျပသကာ  ၿပိဳင္ပြဲဝင္ၾကေၾကာင္း သိရသည္။

“ဒီလိုပြဲမ်ိဳးကို ဆက္လက္ လုပ္ေဆာင္မယ့္ ဧရာဝတီတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ ရွမ္းျပည္နယ္တို႔ကပါ လာေရာက္ ေလ့လာၾကပါတယ္။ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္ရြက္ေပးတဲ့ ျပပြဲတစ္ခု ျဖစ္တဲ့အျပင္ တိုင္းရင္းသား အခ်င္းခ်င္း ခ်စ္ၾကည္စည္းလံုးမႈ ကိုျပသတဲ့ ေအာင္ပြဲလို႔လည္း ေျပာလို႔ရပါတယ္။ ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းအားလံုးရဲ႕ ၉၉.၉ ရာခိုင္ႏွဳန္း ဟာ MSMEs မ်ားဟု ဆိုေပမယ္လို႔ ကၽြန္ေတာ္တို႔ မေကြး တိုင္းေဒသႀကီး မွာေတာ့ MSMEs လုပ္ငန္းက ရာႏႈန္းျပည့္လို႔ ေျပာရမွာပါ။ ဒါ့ေၾကာင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေဆာင္ရြက္ရာမွာ MSMEs မ်ားကို စနစ္တက် ကူညီပံ့ပိုးေပးႏိုင္တာနဲ႔အမွ် တိုင္းေဒသႀကီးရဲ႕ လူမႈစီးပြား ဘဝေတြဟာလည္း ဖြံ႕ၿဖိဳးတိုးတက္လာမွာျဖစ္ပါတယ္။”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက ေျပာၾကားသည္။

ျပပြဲ၊ ၿပိဳင္ပြဲတြင္ မေကြးတိုင္းေဒသ ထြက္ကုန္ပစၥည္းမ်ားျဖစ္သည့္ ႏွမ္း၊ ေျမပဲ၊ ဆီ၊  ပဒုမၼာၾကာ၊ ထန္းႏွင့္ျပဳလုပ္သည့္ ပရိေဘာဂ ပစၥည္းမ်ား၊ မေကြးနည္းပညာတကၠသိုလ္မွ တီထြင္မႈပစၥည္းမ်ားႏွင့္ ေဒသ ထြက္ကုန္မ်ား၊ ခ်င္းျပည္နယ္မွ ေဒသထြက္သီးႏွံမ်ားႏွင့္ ရိုးရာထုတ္ကုန္ပစၥည္းမ်ား၊ ရခိုင္ျပည္နယ္မွ ေရထြက္ ပစၥည္းမ်ားျဖစ္သည့္ ပုစြန္ေျခာက္၊ ငါးေျခာက္ စသည္တို႔ႏွင့္ ရိုးရာ ထုတ္ကုန္ပစၥည္းမ်ား၊ မသန္စြမ္း သူမ်ား၏ ထုတ္ကုန္ပစၥည္းမ်ား စသည့္ လုပ္ငန္း (၄၈) မ်ိဳးမွ ထုတ္ကုန္ပစၥည္းမ်ားအား အခန္းေပါင္း (၁၀၀) ခန္႔ျဖင့္ ျပသထားေၾကာင္း သိရသည္။

အဆိုပါ ျပပြဲ၊ ၿပိဳင္ပြဲ အခမ္းအနားသို႔ အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဒုတိယဥကၠဌ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳ၊ အေသးစားႏွင့္ အလတ္စား လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီအဖြဲ႕ဝင္၊ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးဆလိုင္းလ်န္လြယ္၊ မေကြးတိုင္း ေဒသႀကီးအစိုးရ အဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးညီပု အပါအ၀င္ သက္ဆိုင္ ရာေဒသမ်ားမွ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ားႏွင့္ လုပ္ငန္းရွင္မ်ားတက္ ေရာက္ၾကေၾကာင္း သိရသည္။

ျပပြဲ၊ ၿပိဳင္ပြဲအား မတ္လ(၂၄) ရက္ေန႔မွ (၂၆) ရက္ေန႔အထိ (၃) ရက္ၾကာ ခင္းက်င္းျပသသြားမည္ ျဖစ္ေၾကာင္း သိရၿပီး အဆိုပါ ျပပဲြၿပိဳင္ပဲြမွာ အေသးစားႏွင္႔အလတ္စားလုပ္ငန္းမ်ား ဖံြ႔ၿဖိဳး တိုးတက္ေရးလုပ္ငန္း ေကာ္မတီမွ ဒုတိယအႀကိမ္ေျမာက္ ျပဳလုပ္ျခင္းျဖစ္ၿပီး မႏၱေလးႏွင္႔ ကခ်င္ျပည္နယ္တို႔ ပူးေပါင္း၍ ပထမ အႀကိမ္ျပဳလုပ္ခဲ႔ၿပီးေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်၊ မကွေး နှင့် ချင်းဒေသတို့ ပူးပေါင်း၍ အသေးစား၊ အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး ကုန်စည်ပြပွဲ နှင့် ထုတ်ကုန် ပြိုင်ပွဲကြီးကို မတ်လ(၂၄) ရက် နံနက်ပိုင်းက မကွေးမြို့ရှိ မြို့တော်ခန်းမနှင့် ဗိုလ်ချုပ် ကြေးရုပ်ပန်းခြံလမ်း တို့တွင် အခမ်းအနားဖြင့် ပြုလုပ်ကာ စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် တို့မှ ဒေသထွက်ကုန် ပစ္စည်းများ သာမက ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးများနှင့် နပြေည်တော်တို့မှ လုပ်ငန်း ရှင်ကြီးများကလည်း ထုတ်ကုန်ပစ္စည်းများကို လာရောက်ပြသကာ ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။

“ဒီလိုပွဲမျိုးကို ဆက်လက် လုပ်ဆောင်မယ့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကပါ လာရောက် လေ့လာကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးတဲ့ ပြပွဲတစ်ခု ဖြစ်တဲ့အပြင် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်စည်းလုံးမှု ကိုပြသတဲ့ အောင်ပွဲလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၉.၉ ရာခိုင်နှုန်း ဟာ MSMEs များဟု ဆိုပေမယ်လို့ ကျွန်တော်တို့ မကွေး တိုင်းဒေသကြီး မှာတော့ MSMEs လုပ်ငန်းက ရာနှုန်းပြည့်လို့ ပြောရမှာပါ။ ဒါ့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ MSMEs များကို စနစ်တကျ ကူညီပံ့ပိုးပေးနိုင်တာနဲ့အမျှ တိုင်းဒေသကြီးရဲ့ လူမှုစီးပွား ဘဝတွေဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

ပြပွဲ၊ ပြိုင်ပွဲတွင် မကွေးတိုင်းဒေသ ထွက်ကုန်ပစ္စည်းများဖြစ်သည့် နှမ်း၊ မြေပဲ၊ ဆီ၊ ပဒုမ္မာကြာ၊ ထန်းနှင့်ပြုလုပ်သည့် ပရိဘောဂ ပစ္စည်းများ၊ မကွေးနည်းပညာတက္ကသိုလ်မှ တီထွင်မှုပစ္စည်းများနှင့် ဒေသ ထွက်ကုန်များ၊ ချင်းပြည်နယ်မှ ဒေသထွက်သီးနှံများနှင့် ရိုးရာထုတ်ကုန်ပစ္စည်းများ၊ ရခိုင်ပြည်နယ်မှ ရေထွက် ပစ္စည်းများဖြစ်သည့် ပုစွန်ခြောက်၊ ငါးခြောက် စသည်တို့နှင့် ရိုးရာ ထုတ်ကုန်ပစ္စည်းများ၊ မသန်စွမ်း သူများ၏ ထုတ်ကုန်ပစ္စည်းများ စသည့် လုပ်ငန်း (၄၈) မျိုးမှ ထုတ်ကုန်ပစ္စည်းများအား အခန်းပေါင်း (၁၀၀) ခန့်ဖြင့် ပြသထားကြောင်း သိရသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားသို့ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဥက္ကဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် သက်ဆိုင် ရာဒေသများမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းရှင်များတက် ရောက်ကြကြောင်း သိရသည်။

ပြပွဲ၊ ပြိုင်ပွဲအား မတ်လ(၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၃) ရက်ကြာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရပြီး အဆိုပါ ပြပွဲပြိုင်ပွဲမှာ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီမှ ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးနှင့် ကချင်ပြည်နယ်တို့ ပူးပေါင်း၍ ပထမ အကြိမ်ပြုလုပ်ခဲ့ပြီးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~