Update News

မိုင်းဖြတ်မြို့တွင် ဆိုင်ကယ်လိုင်စင်များအား ကညနမှ (၂)ရက်တာ One Stop Service အနေဖြင့် လိုင်စင်များပြုလုပ်ပေးနေရာ ပထမနေ့တွင် ဆိုင်ကယ်အစီးရေ (၂၀၀)ကျော် လာရောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ကို တစ်နေရာတည်းတွင် One Stop Service အနေဖြင့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက ဆိုင်ကယ်မှတ်ပုံတင်ပေးခြင်းအား (၂)ရက်တာ ဆောင်ရွက် ပေးမည်ဖြစ်ရာ မိုင်းဖြတ်မြို့နယ်တွင်းမှ လာရောက်၍ ယာဉ်လိုင်စင်ပြုလုပ်သူမှာ ပထမနေ့ဖြစ်သည့် မတ်လ(၅)ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ကယ်အစီးရေ (၂၀၀)ကျော်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင်းမှ လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရန်အတွက် ဆိုင်ကယ်ပိုင်ရှင်များက နံနက်(၄)နာရီ ကတည်းက လာရောက်၍ တန်းစီနေကြခြင်းဖြစ်ကြောင်း သိရသည်။





ပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လအတွင်းမှ စတင် ဆောင်ရွက်ပေးခဲ့သော်လည်း သတ်မှတ်ဒဏ်ကြေးမှာ ဒေသခံများအတွက် မြင့်မားနေခြင်းကြောင့် လျှော့ပေါ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ (၆)ရက်နေ့က အတည်ပြုထားခြင်း ဖြစ်သည်။

သတင်း/ဓါတ်ပုံ - ကိုသာ












~~~~~~~~⊰❂ unicode ~~~~~~~~



ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ကို တစ်နေရာတည်းတွင် One Stop Service အနဖြေင့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက ဆိုင်ကယ်မှတ်ပုံတင်ပေးခြင်းအား (၂)ရက်တာ ဆောင်ရွက် ပေးမည်ဖြစ်ရာ မိုင်းဖြတ်မြို့နယ်တွင်းမှ လာရောက်၍ ယာဉ်လိုင်စင်ပြုလုပ်သူမှာ ပထမနေ့ဖြစ်သည့် မတ်လ(၅)ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ကယ်အစီးရေ (၂၀၀)ကျော်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင်းမှ လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရန်အတွက် ဆိုင်ကယ်ပိုင်ရှင်များက နံနက်(၄)နာရီ ကတည်းက လာရောက်၍ တန်းစီနကြခြေင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကတော့ ဈေးတန်းရပ်ကွက်မှာ နေပါတယ် အခုလိုင်စင်ခ သက်သာတဲ့အတွက် လိုင်စင် လာလုပ်တာပါ တန်းစီစနစ်နဲ့ လုပ်ပေးမယ်လို့ ပြောတဲ့အတွက် ကျွန်တော် မနက်(၄)နာရီကျော်ကတည်းက
လာရောက်တန်းစီနေတာဖြစ်ပါတယ်"ဟု ဆိုင်ကယ်လိုင်စင် လာရောက်ပြုလုပ်သည့် မိုင်းဖြတ်နေသူ ဦးစိုင်းဆမ် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒဏ်ကြေးသတ်မှတ်နှုန်းထားကို သုံးပုံနှစ်ပုံအထိ လျှော့ချလိုက်သည့် နှုန်းထားအသစ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မိုင်းဖြတ်မြို့တွင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနရုံးမရှိသည့် အတွက် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးမှုကို ၂၀၁၈ခုနှစ် မတ်လ(၅)ရက်နေ့မှ မတ်လ(၆)ရက်နေ့အထိ (၂)ရက် တိတိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လအတွင်းမှ စတင် ဆောင်ရွက်ပေးခဲ့သော်လည်း သတ်မှတ်ဒဏ်ကြေးမှာ ဒေသခံများအတွက် မြင့်မားနခြေင်းကြောင့် လျှော့ပေါ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ (၆)ရက်နေ့က အတည်ပြုထားခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::