တာခ်ီလိတ္ - မယ္ဆိုင္အၾကား မယ္ဆိုင္ေခ်ာင္းထဲ လူေသအေလာင္းေမ်ာပါလာ၍ မိသားစု၀င္မ်ားမွ မယ္ဆိုင္ေဆးရံုသို႔ သြားေရာက္စံုစမ္းႏိုင္

တာခ်ီလိတ္ - မယ္ဆိုင္အၾကား မယ္ဆိုင္ေခ်ာင္းထဲ လူေသအေလာင္းေမ်ာပါလာ၍ မိသားစု၀င္မ်ားမွ မယ္ဆိုင္ေဆးရံုသို႔ သြားေရာက္စံုစမ္းႏိုင္
မတ် 21, 2018
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ႏွင့္ မယ္ဆိုင္ၿမိဳ႕အၾကားရွိ မယ္ဆိုင္ေခ်ာင္းတြင္၌ အမည္အသိအမ်ဳိးသားတစ္ဦး၏ အေလာင္း ေမ်ာလာသည္ကို ေတြ႔ရွိရသည့္အတြက္ ေသဆံုးသူ၏ မိသားစုမ်ားအေနျဖင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရံုတြင္ လာေရာက္စံုစမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ နံနက္(၁၁)နာရီ ၀န္းက်င္အခ်ိန္က မယ္ဆိုင္ေခ်ာင္းအတြင္း ထိုင္းဘက္သို႔ ေမွ်ာလာျခင္းျဖစ္ၿပီး ေသဆံုးသူမွာ မည္သည့္ အေၾကာင္းေၾကာင့္ ေသဆံုးေနသည္ကို မသိရွိ ရေသးေသာ္လည္း အသက္မွာ (၅၀)၀န္းက်င္ရွိႏိုင္ၿပီး အမ်ဳိးသားတစ္ဦးျဖစ္ေၾကာင္းအျပင္ ေသဆံုးသူသည္ ျမန္မာဘက္က ျဖစ္ႏိုင္ေခ်ရွိေၾကာင္း ထိုင္းရဲတပ္ဖြဲ႔က ယူဆထားေၾကာင္း သိရသည္။

ေသဆံုးသူအား လက္ရွိတြင္  မယ္ဆိုင္ေဆးရံုတြင္ ထားရွိၿပီး ေသဆံုးသူ၏ ေဆြမ်ဳိးမ်ား သိရွိၿပီး လာေရာက္ႏိုင္ရန္ အတြက္ ေဆးရံုတြင္  (၂)ရက္၀န္းက်င္ ထားရွိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အခုေလာေလာဆယ္ ေသဆံုးသူနဲ႔ ပတ္သက္ၿပီး ေသဆံုးအေၾကာင္းအရာ စစ္ေဆးဖို႔အတြက္ မယ္ဆိုင္ေဆးရံုကေန ခ်င္းရိုင္းေဆးရံုကို ပို႔ေနပါတယ္၊ မနက္ျဖန္ေလာက္ဆိုရင္ အေလာင္းကို မယ္ဆိုင္ေဆးရံုကို ျပန္သယ္လာမွာပါ၊ ေဆြမ်ဳိးကို ေစာင့္တဲ့အေနနဲ႔ (၂)ရက္(၃)ရက္ေလာက္ ထားၿပီးေစာင့္မွာပါ။ ေဆြမ်ဳိးမေတြ႔ရင္ေတာ့ ပိုင္ရွင္မဲ့အေနနဲ႔ ကြ်န္ေတာ္တို႔ အသင္းကပဲ သၿဂိဳလ္ေပးရမယ္ထင္တယ္"ဟု မယ္ဆိုင္လူမႈဂရုဏာအသင္းမွ ဥကၠဌ ကိုစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ဆိုင္ေခ်ာင္းတြင္ ယခုလို လူေသေမွ်ာလာမႈမ်ားႏွင့္ ပတ္သက္၍ ရံဖန္ရံခါတြင္ ျဖစ္ပြားေလ့ရွိၿပီး၊ ေသဆံုးသူ၏ မိသားစုမ်ားသိရွိႏိုင္ရန္အတြက္ မယ္ဆိုင္ေဆးရံုတြင္ အေလာင္းအား (၂)ရက္မွ (၃)ရက္အထိ ထားရွိေပးေလ့ရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - မယ္ဆိုင္လူမႈဂရုဏာအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းတွင်၌ အမည်အသိအမျိုးသားတစ်ဦး၏ အလောင်း မျောလာသည်ကို တွေ့ရှိရသည့်အတွက် သေဆုံးသူ၏ မိသားစုများအနဖြေင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံတွင် လာရောက်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က မယ်ဆိုင်ချောင်းအတွင်း ထိုင်းဘက်သို့ မျှောလာခြင်းဖြစ်ပြီး သေဆုံးသူမှာ မည်သည့် အကြောင်းကြောင့် သေဆုံးနေသည်ကို မသိရှိ ရသေးသော်လည်း အသက်မှာ (၅၀)ဝန်းကျင်ရှိနိုင်ပြီး အမျိုးသားတစ်ဦးဖြစ်ကြောင်းအပြင် သေဆုံးသူသည် မြန်မာဘက်က ဖြစ်နိုင်ချေရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယူဆထားကြောင်း သိရသည်။

သေဆုံးသူအား လက်ရှိတွင် မယ်ဆိုင်ဆေးရုံတွင် ထားရှိပြီး သေဆုံးသူ၏ ဆွေမျိုးများ သိရှိပြီး လာရောက်နိုင်ရန် အတွက် ဆေးရုံတွင် (၂)ရက်ဝန်းကျင် ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလောလောဆယ် သေဆုံးသူနဲ့ ပတ်သက်ပြီး သေဆုံးအကြောင်းအရာ စစ်ဆေးဖို့အတွက် မယ်ဆိုင်ဆေးရုံကနေ ချင်းရိုင်းဆေးရုံကို ပို့နေပါတယ်၊ မနက်ဖြန်လောက်ဆိုရင် အလောင်းကို မယ်ဆိုင်ဆေးရုံကို ပြန်သယ်လာမှာပါ၊ ဆွေမျိုးကို စောင့်တဲ့အနေနဲ့ (၂)ရက်(၃)ရက်လောက် ထားပြီးစောင့်မှာပါ။ ဆွေမျိုးမတွေ့ရင်တော့ ပိုင်ရှင်မဲ့အနေနဲ့ ကျွန်တော်တို့ အသင်းကပဲ သဂြိုလ်ပေးရမယ်ထင်တယ်"ဟု မယ်ဆိုင်လူမှုဂရုဏာအသင်းမှ ဥက္ကဌ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ချောင်းတွင် ယခုလို လူသေမျှောလာမှုများနှင့် ပတ်သက်၍ ရံဖန်ရံခါတွင် ဖြစ်ပွားလေ့ရှိပြီး၊ သေဆုံးသူ၏ မိသားစုများသိရှိနိုင်ရန်အတွက် မယ်ဆိုင်ဆေးရုံတွင် အလောင်းအား (၂)ရက်မှ (၃)ရက်အထိ ထားရှိပေးလေ့ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မယ်ဆိုင်လူမှုဂရုဏာအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~