ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြက္ ပထမဆံုး ႏြားေမထုန္မဲ့ သားစပ္သင္တန္းကို လားရိႈးတြင္ ဖြင့္လွစ္

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြက္ ပထမဆံုး ႏြားေမထုန္မဲ့ သားစပ္သင္တန္းကို လားရိႈးတြင္ ဖြင့္လွစ္
မတ် 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသအတြက္ ပထမဦးဆံုးအႀကိမ္ ႏြားေမထုန္မဲ့သားစပ္ သင္တန္းကို ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန လားရိႈးၿမိဳ႕နယ္ဦးစီးဌာနရံုးတြင္ မတ္လ (၁၉) ရက္ေန႔မွစ၍ (၅)ရက္ၾကာ သင္တန္းပို႔ခ်ေနရာ သင္တန္းသား (၃၇)ဦး တက္ေရာက္ေနၾကေၾကာင္း သိရသည္။

 “အဓိက ရည္ရြယ္တာကေတာ့ ေဒသတြင္းက ႏြားေမြးျမဴေရးလုပ္ငန္းေတြကို အဆင့္ျမႇင့္တင္ ေပးခ်င္တာ။ ေနာက္ၿပီး ေမြးျမဴေရးလုပ္ငန္းေတြ ဖြ႔ံၿဖိဳးတိုးတက္လာေအာင္၊ ေမထုန္မဲ့သားစပ္သင္တန္း သင္ၾကားေပးမယ့္ အျပင္ ႏြားေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္ေနသူေတြကို ေမြးျမဴေရးအစာနဲ႔ ပတ္သက္တာေတြကိုလည္း သင္ၾကားေပးမွာ ျဖစ္ပါတယ္” ဟု လားရိႈးၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာစိုးႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္တစ္ခုလံုးတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တို႔တြင္ သင္တန္းမ်ား ဖြင့္လွစ္ခဲ့ၿပီးေနာက္ ယခုသင္တန္းမွာ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသ အတြက္ ပထမဦးဆံုးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

“ရန္ကုန္တို႔ တစ္ျခားၿမိဳ႕ေတြမွာေတာ့ ဌာနတြင္းက ဆရာဝန္ေတြကို သင္ေပးတာ။ ဒါေပမဲ့ အဲဒီလို သင္ေပးတာက သူတို႔ေဒသေတြကို ျပန္ေရာက္တဲ့အခါ ဒီေလာက္အက်ိဳးမရွိဘူး။ ဒါေၾကာင့္ အခုသင္တန္းေတြမွာ က်ေတာ့ တကယ္ေမြးျမဴေရးလုပ္ကိုင္ေနတဲ့ ေဒသခံေတြကိုသင္ေပးတာ။ လူထုအေျချပဳတာေပါ့။ ေဒသလုပ္သားေတြကို ေျမေတာင္ေျမႇာက္ေပးတာျဖစ္ပါတယ္”ဟု ေက်ာက္မဲခရိုင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ဒုတိယ ညႊန္ၾကားေရးမွဴး ေဒါက္တာသိန္းမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းတြင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမ်ားမွ ဌာနဝန္ထမ္း အခ်ိဳ႕ႏွင့္ မူဆယ္၊ လားရႈိး၊ သီေပါ၊ နမ့္ဆန္၊ ေက်ာက္မဲခရိုင္တို႔မွ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားလည္း တက္ေရာက္ေနၾကေၾကာင္း သိရသည္။

ႏြားေမြးျမဴေရးလုပ္ငန္းအတြက္ ေမထုန္မဲ့သားစပ္ျခင္းမ်ား၊ နည္းပညာမ်ား၊ နည္းလမ္းမ်ား အသံုးျပဳပစၥည္းမ်ားအား ကိုင္တြယ္အသံုးျပဳနည္းမ်ားကို လက္ေတြ႔သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အစာရွားပါးခ်ိန္မ်ား၌ ေဒသထြက္အစာမ်ားျဖင့္ ေရရွည္ခံအစာျပဳလုပ္နည္းမ်ား၊ ေဆးဝါးကုသ နည္းမ်ားကိုလည္း ထပ္မံသင္ၾကားေပးသြားမည္ျဖစ္ၿပီး သင္တန္းလာမတက္ႏိုင္သူမ်ား အေနျဖင့္ ၎တို႔ေဒသမ်ားရွိ တိ/ေမြး/ကု ဆရာဝန္မ်ားမွတစ္ဆင့္ ျပန္လည္သင္ယူႏုိင္ရန္လည္း စီစဥ္ေပးထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွက် ပထမဦးဆုံးအကြိမ် နွားမေထုန်မဲ့သားစပ် သင်တန်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လားရှိုးမြို့နယ်ဦးစီးဌာနရုံးတွင် မတ်လ (၁၉) ရက်နေ့မှစ၍ (၅)ရက်ကြာ သင်တန်းပို့ချနေရာ သင်တန်းသား (၃၇)ဦး တက်ရောက်နကြေကြောင်း သိရသည်။

 “အဓိက ရည်ရွယ်တာကတော့ ဒေသတွင်းက နွားမွေးမြူရေးလုပ်ငန်းတွေကို အဆင့်မြှင့်တင် ပေးချင်တာ။ နောက်ပြီး မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင်၊ မေထုန်မဲ့သားစပ်သင်တန်း သင်ကြားပေးမယ့် အပြင် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကို မွေးမြူရေးအစာနဲ့ ပတ်သက်တာတွေကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်” ဟု လားရှိုးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တို့တွင် သင်တန်းများ ဖွင့်လှစ်ခဲ့ပြီးနောက် ယခုသင်တန်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အတွက် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တို့ တစ်ခြားမြို့တွေမှာတော့ ဌာနတွင်းက ဆရာဝန်တွေကို သင်ပေးတာ။ ဒါပေမဲ့ အဲဒီလို သင်ပေးတာက သူတို့ဒေသတွေကို ပြန်ရောက်တဲ့အခါ ဒီလောက်အကျိုးမရှိဘူး။ ဒါကြောင့် အခုသင်တန်းတွေမှာ ကျတော့ တကယ်မွေးမြူရေးလုပ်ကိုင်နေတဲ့ ဒေသခံတွေကိုသင်ပေးတာ။ လူထုအခြပြေုတာပေါ့။ ဒေသလုပ်သားတွေကို မြေတောင်မြှောက်ပေးတာဖြစ်ပါတယ်”ဟု ကျောက်မဲခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများမှ ဌာနဝန်ထမ်း အချို့နှင့် မူဆယ်၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ ကျောက်မဲခရိုင်တို့မှ မွေးမြူရေးလုပ်ငန်းရှင်များလည်း တက်ရောက်နကြေကြောင်း သိရသည်။

နွားမွေးမြူရေးလုပ်ငန်းအတွက် မေထုန်မဲ့သားစပ်ခြင်းများ၊ နည်းပညာများ၊ နည်းလမ်းများ အသုံးပြုပစ္စည်းများအား ကိုင်တွယ်အသုံးပြုနည်းများကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစာရှားပါးချိန်များ၌ ဒေသထွက်အစာများဖြင့် ရေရှည်ခံအစာပြုလုပ်နည်းများ၊ ဆေးဝါးကုသ နည်းများကိုလည်း ထပ်မံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းလာမတက်နိုင်သူများ အနဖြေင့်၎င်းတို့ဒေသများရှိ တိ/မွေး/ကု ဆရာဝန်များမှတစ်ဆင့် ပြန်လည်သင်ယူနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~