တာချီလိတ် - မယ်ဆိုင်အကြား မယ်ဆိုင်ချောင်း ငှက်ပျောဆိပ်ရှိ ရေတားများကိစ္စ စာချုပ်ပါအတိုင်း ဆောင်ရွက်ရေး မြန်မာဘက်က သွားရောက် ကြည့်ရှု
တာချီလိတ် - မယ်ဆိုင်အကြား မယ်ဆိုင်ချောင်း ငှက်ပျောဆိပ်ရှိ ရေတားများကိစ္စ စာချုပ်ပါအတိုင်း ဆောင်ရွက်ရေး မြန်မာဘက်က သွားရောက် ကြည့်ရှု
မတျ 22, 2018
By Tachileik News Agency
၂၀၁၈ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်က စ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ နေရာသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များက သွားရောက် ကြည့်ရှုကြခြင်း ဖြစ်ကြောင်း သိရသည်။
ငှက်ပျောဆိပ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် အစည်းအဝေးပြုလုပ်ပြီးနောက် သဘောတူ ဆုံးဖြတ်ချက် အနေဖြင့် အချက်(၄)ချက် သတ်မှတ်ထားရှိပြီး  နံပါတ်(၁)အချက်အနေဖြင့် ချောင်းပေါ်တွင် လဲကျနေသည့် သစ်ပင်ကြီးအား ဖယ်ရှားပေးရေး၊ နံပါတ်(၂) ပြုလုပ်ထားသည့် မြေသားဘောင်သည် ချောင်ထဲသို့ ကျူးကျော်နေသည့်အတွက် ချောင်းထဲမှ ပြန်ဆယ်ပေးရေး၊ အဆိုပါ (၂)ချက်ပြီးပါက ပျက်ဆီးနေသည့် ရေတားအဟောင်းများကို အကုန်ပြန်ဖျက်ရေး၊ ဖျက်ပြီးသည့် နေရာတွင် ရေတားအသစ် ပြန်ပြုလုပ်ရေးတို့အား သဘောတူညီထားကြောင်း သိရသည်။
"ဒီနေ့က မနက်ပိုင်းမှာ သစ်ပင်ကြီးကို ဖယ်ပေးသွားပြီ၊ ဘေးနားက ချောင်းကို ကျူးကျော်တဲ့ ဟာတွေကိုလည်း အကုန်အပေါ် တင်ပြီးပြီပေါ့၊ အခုနေ့လည်ပိုင်းကို သူတို့ အတားအဆီး အဟောင်းတွေကလည်း ဖျက်ချပေးပြီးသွားပြီ အသစ်ပြန်စိုက်ဖို့ ပြင်ဆင်နေကြပါတယ်"ဟု  တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်း ဆက်​ဆံ​ရေးတာဝန်​ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
အဆိုပါ နယ်နိမိတ်ချောင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။
သတင်း - ဇန်ထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ငှက်ပျောဆိပ်တွင် ကန့်လန့်ဖြတ်လဲကျနေသည့် သစ်ပင်အား ဖယ်ရှားမှုနှင့်အတူ ထိုင်းဘက်မှ စိုက်ပျိုးရေးအတွက် ရေရယူမှုနှင့် ပတ်သက်၍ စာချုပ်ပါအတိုင်း လိုက်နာ ဆောင်ရွက်မှုရှိမရှိ နှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် မြန်မာဘက်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
"သူတို့ဘက်က ချောင်းကို ကန့်လန့်ဖြတ်လဲကျနေတဲ့ သစ်ပင်ကြီးကို ဖယ်ရှားတာရယ်၊ နောက် သူတို့ဘက်က တမံအသစ်လုပ်ထားတာက ချောင်းထဲကို ကျူးကျော်နေတာကို ပြန်တင်ခိုင်းတာရယ် အဲ့နှစ်ခုကို ဒီနေ့လုပ်တာပါ၊ ပြီးတော့ အရင်ရေတား (၃)ကြိမ် ကာတဲ့ဟာက ရေတိုက်စားမှုကြောင့် မခိုင်ခန့်တော့ အကုန်လုံး ပြိုပြိုထွက်နေလို့ အခုအစည်းအေဝးပြုလုပ်ပြီးတော့မှ ဒီကိစ္စကို နှစ်ဖက် အင်ဂျင်နီယာတွေ ညှိနှိုင်းပြီးတော့ ခိုင်ခန့်အောင်နဲ့ စာချုပ်ပါအတိုင်းလည်း မသွေဖီပဲ ခိုင်ခန့်အောင် ဘယ်လိုတည်ဆောက်မလဲဆိုတာကို အစည်းအေဝးဆုံးဖြတ်ချက်အတိုင်း အခု နည်းပညာအသစ်နဲ့ ပြန်လုပ်တာပေါ့၊ ပြီးရင် စာချုပ်ပါ သတ်မှတ်ချက်အတိုင်း အကုန်လုံးကို ပြန်ဖယ်ပေးရမယ်ပေါ့။"ဟု တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်​း ဆက်​ဆံ​ရေးတာဝန်​ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၁၈ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်က စ၍ ဆောင်ရွက်နခြေင်းဖြစ်ပြီး အဆိုပါ နေရာသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များက သွားရောက် ကြည့်ရှုကြခြင်း ဖြစ်ကြောင်း သိရသည်။
ငှက်ပျောဆိပ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအနဖြေင့် အစည်းအေဝးပြုလုပ်ပြီးနောက် သဘောတူ ဆုံးဖြတ်ချက် အနဖြေင့် အချက်(၄)ချက် သတ်မှတ်ထားရှိပြီး နံပါတ်(၁)အချက်အနဖြေင့် ချောင်းပေါ်တွင် လဲကျနေသည့် သစ်ပင်ကြီးအား ဖယ်ရှားပေးရေး၊ နံပါတ်(၂) ပြုလုပ်ထားသည့် မြေသားဘောင်သည် ချောင်ထဲသို့ ကျူးကျော်နေသည့်အတွက် ချောင်းထဲမှ ပြန်ဆယ်ပေးရေး၊ အဆိုပါ (၂)ချက်ပြီးပါက ပျက်ဆီးနေသည့် ရေတားအဟောင်းများကို အကုန်ပြန်ဖျက်ရေး၊ ဖျက်ပြီးသည့် နေရာတွင် ရေတားအသစ် ပြန်ပြုလုပ်ရေးတို့အား သဘောတူညီထားကြောင်း သိရသည်။
"ဒီနေ့က မနက်ပိုင်းမှာ သစ်ပင်ကြီးကို ဖယ်ပေးသွားပြီ၊ ဘေးနားက ချောင်းကို ကျူးကျော်တဲ့ ဟာတွေကိုလည်း အကုန်အပေါ် တင်ပြီးပြီပေါ့၊ အခုနေ့လည်ပိုင်းကို သူတို့ အတားအဆီး အဟောင်းတွေကလည်း ဖျက်ချပေးပြီးသွားပြီ အသစ်ပြန်စိုက်ဖို့ ပြင်ဆင်နကြေပါတယ်"ဟု တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်​း ဆက်​ဆံ​ရေးတာဝန်​ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ နယ်နိမိတ် မယ်ဆိုင်ချောင်းတွင် နွေရာသီကာလများတွင် မယ်ဆိုင်မှ လယ်သမားများက စိုက်ပျိုးရေယူရန် မယ်ဆိုင်ချောင်းတွင်း အတားအဆီးများကို မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဆွေးနွေး ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ၂၀၁၈ ခုနှစ် နွေရာသီစိုက်ပျိုးရာသီမှစ၍ ဝါးဖြင့် ယာယီရေတားပြုလုပ်ပြီး မိုးရာသီတွင် ဖယ်ရှားပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်နိမိတ်ချောင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။
သတင်း - ဇန်ထွန်း
ဓာတ်ပုံ- ဦးထွန်း(မယ်ဆိုင်)
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~