တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေႏြရာသီအေျခခံ ၀ူရွဴး သင္တန္းဆင္းပြဲ ျပဳလုပ္ကာ သင္တန္းသား ေက်ာင္းသား/သူ (၄၇)ဦးအား သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္

တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေႏြရာသီအေျခခံ ၀ူရွဴး သင္တန္းဆင္းပြဲ ျပဳလုပ္ကာ သင္တန္းသား ေက်ာင္းသား/သူ (၄၇)ဦးအား သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္
မတ် 11, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းအေနာက္ဘက္တြင္ ဖြင့္လွစ္ထားရွိသည့္ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေႏြရာသီအေျခခံ ၀ူရွဴးအားကစားသင္တန္းအား (၁၀)ရက္တိတိ ပို႔ခ်ခဲ့ၿပီးေနာက္ သင္တန္းဆင္းပြဲအား ၂၀၁၈ခုႏွစ္ မတ္လ(၁၁)ရက္ေန႔ ညေနပိုင္းက က်င္းပျပဳလုပ္ၿပီး သင္တန္းသားမ်ားအား သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းဆင္းပြဲတြင္ တာခ်ီလိတ္ၿမိဳ႕ လက္ေထာက္ၿမိဳ႕နယ္ပညာေရးမွဴး ဦးျမင့္၀င္းလွမွ တက္ေရာက္ကာ အဖြင့္အမွာစကား ေျပာၾကားၿပီး၊ သင္တန္းမွဴးျဖစ္သူ ဦးေက်ာ္ျမင့္ ( အျပည္ျပည္ဆိုင္ရာ ၀ူရွဴးဒိုင္လူႀကီး )က လူငယ္ႏွင့္အားကစားဆိုင္ရာ အေၾကာင္းအရာမ်ား၊ လူငယ္မ်ား အားကစား ျပဳလုပ္ရာမွ ရရွိလာသည့္ အက်ဳိးေက်းဇူးမ်ား စသည္တို႔ကို ေျပာၾကားသည္။

ယင္းေနာက္ အခမ္းအနားသို႔ တက္ေရာက္လာသည့္ ေက်ာင္းသားမိဘမ်ား၊ ဖိတ္ၾကားထားသူမ်ားအား သရုပ္ျပသမႈ အေနျဖင့္ သင္တန္းသူ၊ သင္တန္းသားမ်ားက ေရွာင္လင္တုတ္သိုင္းျဖင့္ လည္းေကာင္း၊ ယပ္ေတာင္သိုင္းျဖင့္ လည္းေကာင္း၊ ကြန္႔စု (ေခၚ) ေျမာက္ပိုင္းတုတ္သိုင္း အေျခခံရုိက္ခ်က္မ်ားျဖင့္ အဖြဲ႔လိုက္မွ လည္းေကာင္း၊ နန္းခြ်မ္ (ေခၚ) ေတာင္ပိုင္းလက္သိုင္းျဖင့္ လည္းေကာင္း၊ ခ်န္းခြ်မ္ (ေခၚ) ေျမာက္ပိုင္းလက္သိုင္းျဖင့္ လည္းေကာင္း အသီးသီး သရုပ္ျပသခဲ့ၾကသည္။

"အခုလို သင္တန္းကေတာ့ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းအေနနဲ႔ ပထမဆံုးအႀကိမ္ ပို႔ခ်ေပးတာပါ။ ေနာက္ပိုင္းမွာလည္း  သင္တန္းေတြ ပို႔ခ်ေပးသြားဖို႔လည္းရွိပါတယ္၊"ဟု ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္း တည္ေထာင္သူ ေဒၚေခ်ာစုလတ္က ေျပာသည္။

သရုပ္ျပသမႈမ်ား အၿပီးတြင္ အဆိုပါ သင္တန္းသို႔ တက္ေရာက္ခဲ့ၾကသည့္ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ စတုတၳတန္း မွ န၀မတန္းအထိ ေက်ာင္းသား၊ ေက်ာင္းသူ (၄၇)ဦးအား တာခ်ီလိတ္ လက္ေထာက္ၿမိဳ႕နယ္ပညာေရးမွဴး ဦးျမင့္၀င္းလွ၊  သင္တန္းမွဴးျဖစ္သူ ဦးေက်ာ္ျမင့္( အျပည္ျပည္ဆိုင္ရာ ၀ူရွဴးဒိုင္လူႀကီး) ႏွင့္ ရွမ္းေရွ႕တန္ေဆာင္ကိုယ္ပိုင္အထက္တန္းေက်ာင္း တည္ေထာင္သူ ဦးသက္ႏိုင္တို႔မွ သင္တန္းဆင္း  လက္မွတ္မ်ား ႏွင့္အတူ ထူးခြ်န္ဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားရှိသည့် ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ နွေရာသီအခြေခံ ဝူရှူးအားကစားသင်တန်းအား (၁၀)ရက်တိတိ ပို့ချခဲ့ပြီးနောက် သင်တန်းဆင်းပွဲအား ၂၀၁၈ခုနှစ် မတ်လ(၁၁)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် တာချီလိတ်မြို့ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှမှ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းမှူးဖြစ်သူ ဦးကျော်မြင့် ( အပြည်ပြည်ဆိုင်ရာ ဝူရှူးဒိုင်လူကြီး )က လူငယ်နှင့်အားကစားဆိုင်ရာ အကြောင်းအရာများ၊ လူငယ်များ အားကစား ပြုလုပ်ရာမှ ရရှိလာသည့် အကျိုးကျေးဇူးများ စသည်တို့ကို ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများအား သရုပ်ပြသမှု အနဖြေင့် သင်တန်းသူ၊ သင်တန်းသားများက ရှောင်လင်တုတ်သိုင်းဖြင့် လည်းကောင်း၊ ယပ်တောင်သိုင်းဖြင့် လည်းကောင်း၊ ကွန့်စု (ခေါ်) မြောက်ပိုင်းတုတ်သိုင်း အခြေခံရိုက်ချက်များဖြင့် အဖွဲ့လိုက်မှ လည်းကောင်း၊ နန်းချွမ် (ခေါ်) တောင်ပိုင်းလက်သိုင်းဖြင့် လည်းကောင်း၊ ချန်းချွမ် (ခေါ်) မြောက်ပိုင်းလက်သိုင်းဖြင့် လည်းကောင်း အသီးသီး သရုပ်ပြသခဲ့ကြသည်။

"အခုလို သင်တန်းကတော့ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းအနေနဲ့ ပထမဆုံးအကြိမ် ပို့ချပေးတာပါ။ နောက်ပိုင်းမှာလည်း သင်တန်းတွေ ပို့ချပေးသွားဖို့လည်းရှိပါတယ်၊"ဟု ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်ချောစုလတ်က ပြောသည်။

သရုပ်ပြသမှုများ အပြီးတွင် အဆိုပါ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ စတုတ္ထတန်း မှ နဝမတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၄၇)ဦးအား တာချီလိတ် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ၊ သင်တန်းမှူးဖြစ်သူ ဦးကျော်မြင့်( အပြည်ပြည်ဆိုင်ရာ ဝူရှူးဒိုင်လူကြီး) နှင့် ရှမ်းရှေ့တန်ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးသက်နိုင်တို့မှ သင်တန်းဆင်း လက်မှတ်များ နှင့်အတူ ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~