Update News

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတား ျမန္မာဘက္အျခမ္းတြင္ ပ်က္စီးေနသည့္ လမ္းမ်ားအား သက္ဆိုင္ရာမွ ျပဳျပင္ေပးရန္ ေဒသခံမ်ား ေတာင့္တေန

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚ ျမန္မာဖက္ အျခမ္း ယာဥ္မ်ား တံဆိပ္တံုးရိုက္ႏွိပ္သည့္ ေနရာမ်ားတြင္ လမ္းမ်ားမွာ ပ်က္စီးယိုယြင္းမႈႏွင့္အတူ လမ္းဆင္း ေလွ်ာက္ကာ တံဆိပ္တံုးရိုက္ႏွိပ္သူ အခ်ဳိ႕ ေခ်ာ္လဲသည္အထိ ႀကံဳေတြ႔ေနရသည့္အတြက္ အဆိုပါ လမ္းမ်ားအား သက္ဆိုင္ရာမ်ား၏ ျပဳျပင္ေပးမႈကို လိုလားေနၾကေၾကာင္း သိရသည္။

"တံဆိပ္တုံးရိုက္တဲ့ လမ္းေနရာမွာ အရင္ေန႔တုန္းက ကြ်န္ေတာ္ ေခ်ာ္လဲေသးတယ္။ သူမ်ားေတြလည္း ေခ်ာ္လဲ ဖူးတယ္လို႔ သိရတယ္။ လ၀က တံဆိပ္တံုးရိုက္တဲ့ လမ္းမွာ သြားလာရ ခက္ခက္ခဲခဲနဲ႔ အဆင္မေျပပါဘူး၊ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား အေနျဖင့္ ျပဳျပင္ေပးသင့္ပါတယ္"ဟု တာခ်ီလိတ္ေဒသခံတစ္ဦးက ေျပာသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတား ထိုင္းဘက္(မယ္ဆိုင္)အျခမ္း တံတားေပၚတြင္ ခင္းထားသည့္ လမ္းမ်ားမွာ ေကာင္းမြန္ေနေသာ္လည္း ျမန္မာဘက္အျခမ္း ရံုးအေဆာက္အဦးႏွင့္ လမ္းတို႔မွာ အျမင္မတင့္တယ္မႈမ်ား ျဖစ္ေပၚေနသည့္ အတြက္ ႏိုင္ငံျခားသားမ်ား ၀င္ထြက္သြားလာသည့္ အခါတြင္ ကဲ့ရဲမႈမ်ား ျဖစ္ေပၚႏိုင္ၿပီး ႏုိင္ငံ့ပံုရိပ္ကို ထိခုိက္ေစသည့္အတြက္ သက္ဆိုင္ရာဌာနမ်ားအေနျဖင့္ ျပဳျပင္ေပးေစလိုေၾကာင္း ေထာက္ျပေျပာဆိုေနၾကသည္။

"ဒီေနရာက သာမာန္ေနရာတစ္ခု မဟုတ္ပါဘူး။ ႏိုင္ငံျခားသားေတြ အသြားအလာမ်ားတဲ့ ေနရာတစ္ခု ျဖစ္ပါတယ္။ ႏိုင္ငံျခားသားေတြအေနနဲ႔ ဒီလို ပ်က္စီးယိုယြင္းမႈေတြကို မွတ္တမ္းရိုက္သြားကုန္ရင္ ႏိုင္ငံ့ပံုရိပ္ကို ထိခိုက္ေစပါတယ္၊ ကြ်န္ေတာ္ဆိုရင္ ဆိုင္ကယ္နဲ႔ စာအုပ္တံဆိပ္တံုးရိုက္ဖို႔ဆို ဒီပ်က္ေနတဲ့ ၾကားထဲကေန သြားေနရတယ္။ တခါတေလ ဆိုင္ကယ္ေပၚက ဆင္းၿပီး သြားရင္ ခလုတ္တိုက္တာလည္း ရွိတယ္၊ တခ်ဳိ႕ဆို ဆိုင္ကယ္လဲတဲ့ အထိ ျဖစ္ခဲ့ဖူးတယ္။ သက္ဆိုင္ရာ ဌာနမ်ား အေနနဲ႔ ႏိုင္ငံ ၀င္ေပါက္ ထြက္ေပါက္ျဖစ္တဲ့ေနရာကို အေလးထားၿပီး ေဆာင္ရြက္ေပးေစခ်င္ပါတယ္။ မိုးရြာတဲ့အခါဆိုရင္ စာအုပ္တံဆိပ္တံုး ထုေပးတဲ့ လ၀ကေတြလည္း အေဆာက္အဦးေအာက္မွာ ေနၿပီး ထီးေဆာင္းၿပီး တံဆိပ္ထုေပးေနရတဲ့ အျဖစ္မ်ဳိးေတြလည္း ႀကံဳရတာကို ေတြ႔ရပါတယ္။ အေဆာက္အဦးကလည္း မိုးမလံုတာ တစ္ပိုင္းပါ။ ေလာေလာဆယ္က ဒီလမ္းကို  သက္ဆိုင္ရာမ်ားအေနနဲ႔ ျပဳျပင္ေပးၾကပါလို႔ ေမတၱာရပ္ခံပါရေစဗ်ာ"ဟု တာခ်ီလိတ္ေဒသခံတစ္ဦးျဖစ္သူ ကိုဟန္ဦးက ေျပာသည္။

တာခ်ီလိတ္တြင္ ခ်စ္ၾကည္ေရးတံတား(၂)စင္းရွိရာတြင္ အမွတ္(၁)တံတားမွာ ႏိုင္ငံျခားသားမ်ား ၀င္ထြက္သြားလာသည့္ နည္းတူ၊ ေဒသခံ တိုင္းရင္းသားျပည္သူမ်ား ေန႔စဥ္သြားလာေနေသာ နယ္စပ္ ၀င္ေပါက္ထြက္ေပါက္ တစ္ခုျဖစ္ၿပီး၊ အမွတ္(၂)တံတားသည္ ကုန္သြယ္ေရးအတြက္ အဓိက အသံုးျပဳေသာ တံတားျဖစ္သည္။








~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား မြန်မာဘက်အခြမ်းတွင် ပျက်စီးနေသည့် လမ်းများအား သက်ဆိုင်ရာမှ ပြုပြင်ပေးရန် ဒေသခံများ တောင့်တနေ
*********

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် မြန်မာဖက် အခြမ်း ယာဉ်များ တံဆိပ်တုံးရိုက်နှိပ်သည့် နေရာများတွင် လမ်းများမှာ ပျက်စီးယိုယွင်းမှုနှင့်အတူ လမ်းဆင်း လျှောက်ကာ တံဆိပ်တုံးရိုက်နှိပ်သူ အချို့ ချော်လဲသည်အထိ ကြုံတွေ့နေရသည့်အတွက် အဆိုပါ လမ်းများအား သက်ဆိုင်ရာများ၏ ပြုပြင်ပေးမှုကို လိုလားနေကြကြောင်း သိရသည်။

"တံဆိပ်တုံးရိုက်တဲ့ လမ်းနေရာမှာ အရင်နေ့တုန်းက ကျွန်တော် ချော်လဲသေးတယ်။ သူများတွေလည်း ချော်လဲ ဖူးတယ်လို့ သိရတယ်။ လဝက တံဆိပ်တုံးရိုက်တဲ့ လမ်းမှာ သွားလာရ ခက်ခက်ခဲခဲနဲ့ အဆင်မပြေပါဘူး၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပြုပြင်ပေးသင့်ပါတယ်"ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား ထိုင်းဘက်(မယ်ဆိုင်)အခြမ်း တံတားပေါ်တွင် ခင်းထားသည့် လမ်းများမှာ ကောင်းမွန်နေသော်လည်း မြန်မာဘက်အခြမ်း ရုံးအဆောက်အဦးနှင့် လမ်းတို့မှာ အမြင်မတင့်တယ်မှုများ ဖြစ်ပေါ်နေသည့် အတွက် နိုင်ငံခြားသားများ ဝင်ထွက်သွားလာသည့် အခါတွင် ကဲ့ရဲမှုများ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ့ပုံရိပ်ကို ထိခိုက်စေသည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပြုပြင်ပေးစေလိုကြောင်း ထောက်ပြပြောဆိုနေကြသည်။

"ဒီနေရာက သာမာန်နေရာတစ်ခု မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေ အသွားအလာများတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ဒီလို ပျက်စီးယိုယွင်းမှုတွေကို မှတ်တမ်းရိုက်သွားကုန်ရင် နိုင်ငံ့ပုံရိပ်ကို ထိခိုက်စေပါတယ်၊ ကျွန်တော်ဆိုရင် ဆိုင်ကယ်နဲ့ စာအုပ်တံဆိပ်တုံးရိုက်ဖို့ဆို ဒီပျက်နေတဲ့ ကြားထဲကနေ သွားနေရတယ်။ တခါတလေ ဆိုင်ကယ်ပေါ်က ဆင်းပြီး သွားရင် ခလုတ်တိုက်တာလည်း ရှိတယ်၊ တချို့ဆို ဆိုင်ကယ်လဲတဲ့ အထိ ဖြစ်ခဲ့ဖူးတယ်။ သက်ဆိုင်ရာ ဌာနများ အနေနဲ့ နိုင်ငံ ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့နေရာကို အလေးထားပြီး ဆောင်ရွက်ပေးစေချင်ပါတယ်။ မိုးရွာတဲ့အခါဆိုရင် စာအုပ်တံဆိပ်တုံး ထုပေးတဲ့ လဝကတွေလည်း အဆောက်အဦးအောက်မှာ နေပြီး ထီးဆောင်းပြီး တံဆိပ်ထုပေးနေရတဲ့ အဖြစ်မျိုးတွေလည်း ကြုံရတာကို တွေ့ရပါတယ်။ အဆောက်အဦးကလည်း မိုးမလုံတာ တစ်ပိုင်းပါ။ လောလောဆယ်က ဒီလမ်းကို  သက်ဆိုင်ရာများအနေနဲ့ ပြုပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေဗျာ"ဟု တာချီလိတ်ဒေသခံတစ်ဦးဖြစ်သူ ကိုဟန်ဦးက ပြောသည်။

တာချီလိတ်တွင် ချစ်ကြည်ရေးတံတား(၂)စင်းရှိရာတွင် အမှတ်(၁)တံတားမှာ နိုင်ငံခြားသားများ ဝင်ထွက်သွားလာသည့် နည်းတူ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ နေ့စဉ်သွားလာနေသော နယ်စပ် ဝင်ပေါက်ထွက်ပေါက် တစ်ခုဖြစ်ပြီး၊ အမှတ်(၂)တံတားသည် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုသော တံတားဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::